Live လွှင့်နေတဲ့ မိုးလေဝသအစီအစဉ်မှာ အမှတ်မထင် ပါဝင်ခဲ့တဲ့ Chris Hemsworth

[email protected]

Thor မင်းသားကြီး Chris Hemsworth ကိုတော့ ရုပ်ရှင်ချစ်သူတွေနဲ့ စူပါဟီးရိုးပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Chris ဟာ COVID 19 ဖြစ်ပွားနေတဲ့ လက်ရှိအချိန်မှာတော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ သြစတြေးလျနိုင်ငံ၊ Victoria မြို့မှာ မိသားစုနဲ့ အေးအေးဆေးဆေး အနားယူနေတာပဲ ဖြစ်ပါတယ်။ အခုလည်း Chris ဟာ သြစတြေးလျ တီဗ္ဗီရုပ်သံလိုင်းတစ်ခုမှာ မထင်မှတ်ထားပဲ ရုတ်တရက်ပေါ်လာပြီး မိုးလေဝသအစီအစဉ်ကို ကြေညာပေးခဲ့ပြီး ပရိသတ်တွေကို အံ့သြသင့်အောင် လုပ်ခဲ့ကြောင်း Ladbible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

Lauren Philips လို့ အမည်ရတဲ့ Weekend Today သတင်းဌာနက မိုးလေဝသအစီအစဉ်တင်ဆက်သူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ စနေနေ့(၁၂.၉.၂၀၂၀)တုန်းက သြစတြေးလျနိုင်ငံ၊ Scone မြို့ရှိ ကွင်းပြင်တစ်ခုမှာ မိုးလေဝသအစီအစဉ်တစ်ခုကို တိုက်ရိုက် တင်ဆက်ခဲ့ပါတယ်။ Lauren တစ်ယောက် အဲဒီလိုတင်ဆက်နေတုန်းမှာ ကင်မရာမြင်ကွင်းထဲကို မထင်မှတ်ထားတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ အဲဒီလူကတော့ Thor မင်းသားကြီး Chris Hemsworth ပဲ ဖြစ်ပါတယ်။ Chris ဟာ အဲဒီနောက်မှာတော့ Lauren ကို နှုတ်ဆက်ခဲ့ပြီး Lauren လက်ထဲက မိုက်ကိုယူပြီး သူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်။

CHRIS HEMSWORTH DOES THE WEATHER

Weekend TODAY had a bit of help with the weekend weather report this morning, from the God of Thunder himself, Chris Hemsworth! #9Today

Posted by Nine.com.au on Friday, September 11, 2020

ပြီးတာနဲ့ Lauren လည်း သူမလက်ထဲက မိုးလေဝသ တင်ဆက်ဖို့ စာရွက်ကို Chris ကို ပေးခဲ့ပြီး သူမအစား မိုးလေဝသအစီအစဉ်ကို တင်ဆက်ခိုင်းခဲ့ကာ Chris က လည်း အသာတကြည်ပဲ မိုးလေဝသ အစီအစဉ်ကို ကြေညာတင်ဆက်ပေးခဲ့ပါတယ်။ “ ပရိသတ်တွေနဲ့ မထိတွေ့ဖြစ်တာ တော်တော်လေးကြာပါပြီ။ COVID 19 မဖြစ်ခင်လောက်ကတည်းက ကျွန်တော် သြစတြေးလျနိုင်ငံကို ပြန်လာနေခဲ့တာလည်း တော်တော်ကြာပါပြီ။ အခုအချိန်မှာတော့ မိသားစုကိုပဲ ပိုပြီး အချိန်ပေးဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပရိသတ်တွေကို ပြောချင်တာ Thor ဘဝကနေ အနားမယူသေးပါဘူး။ Thor ဆိုတာ နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိတဲ့သူပါ။ အခုအချိန်မှာ အနားယူသေးဖို့က တော်တော်လေးကို စောပါသေးတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိမယ့် Thor ဇာတ်ကားအသစ်ကတော့ ပရိသတ်တွေ လုံးဝအကြိုက်တွေ့မှာ အသေအချာပါပဲလို့ ကျွန်တော်ပြောနိုင်ပါတယ်”လို့ Chris က ပြောကြားခဲ့ပါတယ်။

READ
ကြိမ်ဒဏ်အချက်(၁၀၀)စီရင်ခံရသည့် အမျိုးသမီး၊ ဆေးရုံကို အရေးပေါ်ပို့ခဲ့ရ

 

Pyi Hein Kyaw

SHARE