ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်မင်းသား Chris Hemsworth ကို Hugo Boss ရဲ့ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ brand ambassador အဖြစ် ခန့်အပ်လိုက်ကြောင်း usmagazine အရသိရပါတယ်။ ဇန်နဝါရီလ ၁၁ရက် တနင်္လာနေ့တုန်းက ၃၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hemsworth ဟာ BOSS ဖက်ရှင်brand ရဲ့အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ပထမဆုံးခန့်အပ်ခံရတဲ့ ဟောလီးဝုဒ်စတားပဲ ဖြစ်ပါတယ်။
View this post on Instagram
“ကျွန်တော်က BOSS ကို အကြာကြီးနှစ်သက်လာတဲ့ သူ့ပရိသတ်ကြီးပါ။ Global ambassador အဖြစ် အခွင့်အရေးရလို့ တကယ်ပဲပျော်မိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်နဲ့ BOSS တို့အလုပ်အတူတွဲလုပ်တာ အများကြီးအဆင်ပြေခဲ့ပါတယ်။ အခု BOSS အဖွဲ့သားတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။” လို့ Hemsworth ကဆိုပါတယ်။
သြစတေးလျသားဖြစ်တဲ့ Hemsworth ဟာ BOSS နဲ့ ၂၀၁၇ ခုနှစ်ကတည်းက အလုပ်တွဲလုပ်နေခဲ့တာပါ။ Hugo Boss နဲ့ Boss Bottled scent အတွက် ကမ်ပိန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Hemsworth နဲ့ BOSS တို့ရဲ့ဆက်ဆံရေးဟာ ပိုပြီးကျယ်ပြန့်လာတာပဲဖြစ်ပါတယ်။
View this post on Instagram
Hugo Boss AG ရဲ့ အုပ်ချုပ်ရေးပိုင်းမှာပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် Yves Müller ကတော့ ၄င်းရဲ့ကြေညာချက်ထဲမှာ “ကျွန်တော်တို့ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ BOSS brand အတွက် အကောင်းဆုံးကိုက်ညီမှုရှိတဲ့ ကမ္ဘာ့အဆင့်မီစတားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တယ်။ သူဟာ အောင်မြင်မှုနဲ့ ယောက်ျားပီသခြင်းကို ထင်ဟပ်စေပါတယ်။ ယနေ့ခေတ် အမျိုးသားတွေရဲ့အကြောင်းကိုလည်း Chris က အပြည့်အဝပုံဖော်ပေးနိုင်တယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်။ စစ်မှန်တယ်။ဖော်ရွေတယ်။ သူက ကမ္ဘာကျော်ဖြစ်တော့ BOSS တံဆိပ်ရဲ့ထင်ရှားမှုအတွက်လည်း အများကြီးကောင်းတာပေါ့။” လို့ ဆိုပါတယ်။ Chris ရဲ့ BOSS အတွက် ပထမဆုံးကမ်ပိန်းကတော့ ၂၀၂၁ခုနှစ် နွေဦးရာသီမှာစတင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
View this post on Instagram
ShweMom