ဖက်တီးပုတ်ကြီးဆိုပြီး ပရိသတ်တွေ စတာကိုခံနေရတဲ့ Thor မင်းသား Chris Hemsworth

Marvel ရဲ့ Thor ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့ Chris Hemsworth ဟာ Endgame ပြီးတဲ့နောက်မှာ ကိုယ်အလေးအချိန်တွေ တက်လာခဲ့တဲ့ ပုံစံမျိုးနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။ ဒါကို Marvel ဖန်တစ်ချို့က Chris ဗိုက်ကြီးနေတယ်ဆိုပြီး နောက်ပြောင်နေကြပါတယ်။

Chris ကိုယ်တိုင်ကလည်း ပရိတ်သတ်တစ်ယောက်လုပ်ထားတဲ့ ကြော်ငြာပုံစံ သရော်စာကို ပြန်လည် ဖော်ပြခဲ့ပါတယ်။ အဲ့ဒီသရော်စာထဲမှာတော့ ၅ နှစ်အတွင်းမှာ သူရဲ့ ခန္ဓာကိုယ်ဟာ အကြီးအကျယ် ပြောင်းလဲသွားတာကို သတိထားမိတယ်ကြောင်း၊  ပီဇာ၊ ဘီယာနဲ့ Fornite ကစားတာတွေက သူ့ဗိုက်ကြွက်သားနေရာမှာ one-pack ရလာစေကြောင်း ၊ လုပ်ဖော်ကိုင်ဖက်တွေက လျှော့ဖို့ပြောပေမယ့် ဘီယာကိုတော့ သူကြိုက်ကြောင်း Thor ကပြောတဲ့ ပုံစံမျိုးရေးပြီး သရော်ထားတာပါ။

 

 

View this post on Instagram

 

😂😂

A post shared by Chris Hemsworth (@chrishemsworth) on

ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း Thor ရဲ့ ပုံစံအသစ်အတွက် အတုလုပ်ထားတဲ့ ၀၀ပုံစံကို ၀တ်ဆင်ရတဲ့အခါ သူ့အတွက် အကြပ်ရိုက်ခဲ့ရပုံတွေကို Chris က ထုတ်ဖော်ခဲ့ပြီး အဲ့ဒါ့က ပရိတ်သတ်တော်တော်များများကို စိတ်ထိခိုက်စေခဲ့တယ်။

READ
ရယ်စရာဟာသဖြစ်သွားတဲ့ Kim Kardashian ရဲ့ Sexy ပုံ

 

အ၀လွန်နေတဲ့ပုံစံနဲ့ ၀တ်စုံကို ၀တ်ဆင်ထားခဲ့ရတာကြောင့် ရိုက်ကွင်းမှာလည်း အခက်အခဲတစ်ချို့ကို တွေ့ကြုံခံစားရကြောင်း၊ လူတွေကလည်း သူ့ဆီလာပြီး ၀က်ဝံကြီးတစ်ကောင်လို လာလုပ်နေတာ၊ ဗိုက်ကြီးတစ်ယောက်လို ဗိုက်ကိုလာပွတ်နေကြတာတွေရှိကြောင်းလည်း Chris က ပြောပြပါတယ်။

လူချစ်လူခင်တော့ တော်တော်များလာတယ်၊ လူအိုကြီး တစ်ယောက်လိုခံစားရတယ်၊ မသိရင် အဖိုးကြီးပေါ့၊ ကလေးတစ်အုပ်က ဘေးမှာ ၀ိုင်းလို့၊ လူတွေ လာပြီး ဗိုက်ကို ညစ်ကြတဲ့အခါမှာတော့ စိတ်ညစ်ရတာပေါ့ လို့ ပြောပါတယ်။ အခုမှ မိန်းမဖြစ်သူဆီ သူစိမ်းတွေ လာပြီး ဗိုက်ကိုပွတ်ကြတဲ့အခါ သူမ ဘယ်လို ခံစားရမလဲဆိုတာ ကိုယ်ချင်းစာပြီလို့လည်း ပြောခဲ့ပါတယ်။

READ
Avengers: End Game ရဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်းကို ဖွင့်ဟခဲ့တဲ့ ဒါရိုက်တာ(၂)ဦး

 

အခုနောက်ပိုင်းကစပြီးတော့ Chris ကို ရုပ်ရှင်ကားတွေမှာ သိပ်တွေ့ရဖို့ မရှိပါဘူး။ အကြောင်းကတော့ သူရဲ့ ဇနီးဖြစ်သူ Elas နဲ့ ကလေးသုံးယောက်ကို အချိန်ပိုပေးဖို့အတွက် ခဏ အနားယူနေဦးမှာဖြစ်တာကြောင့်ဆိုတာကို ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

 

SHARE