Star Wars ရုပ်ရှင်တွေထဲ သရုပ်ဆောင်ချင်နေတဲ့ Chris Hemsworth

Marvel Studios/Thor Ragnarok_Imdb/StarWars

MCU  ရုပ်ရှင်တွေနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ Chris Hemsworthဟာ Star Wars ရုပ်ရှင်တွေမှာ ပါဝင်ချင်တဲ့ အကြောင်းကို ပြောကြားလာပါတယ်။  Chris Hemsworth ဟာ မာလ်ဘယ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကူးတဲ့ MCU ရုပ်ရှင်တွေမှာ မိုးကြိုးနတ်ဘုရား Thor အဖြစ် သရုပ်ဆောင်ပြီး အောင်မြင်မှုကို ထပ်မံရရှိလာခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

MCU ရုပ်ရှင်တွေမှာသာမကဘဲ တခြား ယခင်က နာမည်ကြီး ရုပ်ရှင်တွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ Ghostbusters၊ Star Trek နဲ့ Men in Black တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတစ်လက်ပါပဲ။ ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ပိုင်ဆိုင်ထားတဲ့  Chris Hemsworthဟာ အိမ်ထောင်သည်တစ်ဦး ဖြစ်နေတာတောင်မှ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်း ဖြစ်ပါတယ်။

ACE Comic Con Midwest ပွဲမှာ Star Wars ရုပ်ရှင်တွေမှာ ပါဝင်ချင်သလားဆိုတဲ့ ပရိသတ်တစ်ယောက်ရဲ့ မေးခွန်းကို ဖြေကြားခဲ့ရမှာ အခုလို ပါဝင်ချင်ကြောင်း၊ သူလည်း အများနည်းတူ Star Wars ရုပ်ရှင်တွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ဖြစ်ကြောင်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ လကလည်း မာဘယ်လ်စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ကလည်း Star Wars ရုပ်ရှင်အသစ် ပရောဂျက်အတွက် လုပ်ဆောင်နေကြောင်းကို ကြေငြာခဲ့ပါသေးတယ်။ အခုလောလောဆယ်မှာတော့ ကပ္ပတိန်မာဘယ်လ်နေရာမှာ သရုပ်ဆောင်တဲ့ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ Brie Larson ကလည်း Star Wars ရုပ်ရှင်ကားအသစ်ထဲမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်လို့ ၀န်ခံထားပါတယ်။

 

READ
မောင်အချောလေးကြောင့် ယောင်းမတော်ချင်သူတွေဝိုင်းနေတဲ့ မိုးယုစံ

YYK

SHARE