Arnold ကို ယောက္ခမတော်ရတော့မယ့် Chris Pratt

Star-Lord ဇာတ်ကောင်နဲ့ နာမည်ကြီးတဲ့ အမေရိကန် သရုပ်ဆောင်မင်းသား Chris Pratt ကတော့ အချစ်သစ်နဲ့ ဆုံစည်းသွားပါပြီ။ ၃၉ နှစ်အရွယ် Chris က ဇန်နဝါရီ ၁၃ တုန်းက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ချစ်သူ Katherine Schwarzenegger နဲ့ ဓာတ်ပုံကို တင်ပြီး လက်ထပ်ခွင့် တောင်းပြီးကြောင်း ကြေညာခဲ့တာပါ။

Instagram

ဓာတ်ပုံထဲမှာ ၂၉ နှစ်အရွယ် Katherine က Chris ပရိုပို့စ်လုပ်ထားတဲ့ စိန်လက်စွပ်ကြီးကိုလည်း အသားပေး ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ပုံရဲ့ Caption အနေနဲ့လည်း “ချစ်ရတဲ့ Katherine, ခေါင်းငြိမ့်ခဲ့လို့ အရမ်းပျော်ပါတယ်။ မင်းကို လက်ထပ်ရတော့မယ်ဆိုလို့ အရမ်းစိတ်လှုပ်ရှားတယ်။ မင်းနဲ့ အတူရှိရတော့မယ်ဆိုလို့ ဂုဏ်ယူတယ်” လို့ Chris က ရေးထားပါတယ်။

Instagram

Avengers စတားရဲ့ ဖူးစာရှင်လေး Katherine Schwarzenegger ကတော့ ကမ္ဘာကျော်သရုပ်ဆောင်ဟောင်း၊ နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်တဲ့ မင်းသားကြီး Arnold Schwarzenegger ရဲ့ သမီးအကြီးဆုံး ဖြစ်ပါတယ်။ ၇၁ နှစ်အရွယ် Arnold ကတော့ သားသမီး စုစုပေါင်း ၅ ဦးရှိပါတယ်။ Katherine ကတော့ ဖခင်လို သရုပ်ဆောင် တစ်ဦးဖြစ်မလာဘဲ စာရေးဆရာမလေး ဖြစ်လာခဲ့တာပါ။

READ
လာကြည့်တဲ့ပွဲစဉ်ကို ကျိန်စာသင့်စေလို့ဆိုကာ NBA fan တွေ ဆန္ဒပြတာခံနေရတဲ့ Kendall
Instagram
Instagram

Chris နဲ့ Katherine တို့က ၂၀၁၈ ဇွန်လတုန်းက စတွဲခဲ့ကြတာဖြစ်ပြီး Chris မှာတော့ အရင်အိမ်ထောင်နဲ့ သားလေးတစ်ယောက်လည်း ရှိပါတယ်။ အရင်အိမ်ထောင်နဲ့ ပြတ်စဲခဲ့တာကတော့ ၂၀၁၈ အောက်တိုဘာတုန်းကပါ။ Chris နဲ့ ဇနီးဟောင်း ဟောလိဝုဒ်မင်းသမီး Anna Faris တို့က ၂၀၀၉ တုန်းက လက်ထပ်ခဲ့ကြတာပါ။ ဒါပေမယ့် ၂၀၁၇ အောက်တိုဘာကတည်းက Anna က အချစ်သစ် အရင်တွေ့နေခဲ့တာပါ။ ဒါပေမယ့် စုံတွဲဟာ သားဖြစ်သူအတွက် အိမ်ထောင်မကွဲဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ အခုဆိုရင်တော့ နှစ်ဦးစလုံးက အချစ်သစ်ကိုယ်စီ ပိုင်ဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။

SplashNews

ဇနီးဟောင်း Anna ကလည်း အချစ်သစ်တွေ့သွားတဲ့ Chris အတွက် ၀မ်းသာတဲ့အကြောင်း Twitter မှာ ပို့စ်တင်ပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။

Twitter

လက်ရှိမှတော့ Chris နောက်ဆုံးလုပ်ထားတဲ့ အနုပညာလှုပ်ရှားမှုက The Lego Movie 2: The Second Part အတွက် အသံသရုပ်ဆောင်ထားပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထွက်ရှိလာမှာပါ။ Star-Lord အနေနဲ့ ပါဝင်ထားတဲ့ Avengers: Endgame ကတော့ ဧပြီလ ၂၆ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

READ
(၄)လအတွင်း ပေါင်(၅၀)ကျော် ချနိုင်ခဲ့တဲ့ J-Fire ရဲ့ ၀ိတ်ကျနည်း လျှို့ဝှက်ချက်.
Instagram

Ref: Dailymail , Popsugar

SHARE