လူတွေအံ့သြနေခဲ့ရတဲ့ Chris Pratt ရဲ့ Star-Lord မဖြစ်ခင်တုန်းက ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်

Twitter- @younghollywood, Disney

Chris Pratt ရဲ့ အထင်ရှားဆုံး ဇာတ်ကောင်ကတော့ Marvel ရဲ့ superhero ဖြစ်တဲ့ Star-Lord ပါပဲ။ Guardians of the Galaxy ထဲ Star-Lord သို့မဟုတ် Peter Quill အဖြစ်၊ Jurassic Park ထဲမှာလည်း သရုပ်ဆောင်ခဲ့တဲ့ Chris Pratt ရဲ့ ခန္ဓာကိုယ်ကို GOG ထဲမှာ အပေါ်ပိုင်းဗလာကျင်းပြီး ပြသခဲ့ဖူးပါတယ်။

Instagram- prattprattpratt
Imdb/GuardianOfTheGalaxy

ဗလအတောင့်ကြီးမဟုတ်ပေမယ့် ရင်အုပ်နဲ့ လက်မောင်းတွေမှာ ကြွက်သားတွေရှိနေပြီး ဗိုက်မှာလည်း ကြွက်သားအမြှောင်းတွေကတော့ ထင်ထင်ရှားရှားပါပဲ။ ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့တင် ကျစ်ကျစ်လစ်လစ်နဲ့ အဆီပိုမရှိဘူးဆိုတာ သိသာနေပါတယ်။ ကြွက်သားထွက်ဖို့ဆိုတာ အချိန်အကြာကြီး အားစိုက်ထုတ်ပြီး ကစားထားရတယ်ဆိုတာ သိသာနေပါတယ်။

 

ဒါပေမဲ့ Chris Pratt ရဲ့ ဟိုးအရင်တုန်းက ခန္ဓာကိုယ်ကိုတော့ မသိကြသေးတဲ့လူတွေများနေပါသေးတယ်။ ဇွန်လ ၂၁ ရက်နေ့မှာတော့ Chris Pratt ဟာ အသက် ၄၁ နှစ်ပြည့်သွားခဲ့ပါပြီ။ အသက်ကြီးတိုင်း ရုပ်ဆိုးသွားတာမဟုတ်ဘူးဆိုတာကို Chris Pratt က ပြနေသလိုပါပဲ။ တလောကပဲ Chris Pratt ဟာ အတိတ်တုန်းကသူဖြေခဲ့တဲ့ အင်တာဗျူးတစ်ခုကို Twitter မှာ ပြန် share ခဲ့ပါတယ်။

အင်တာဗျူးဗီဒီယိုထဲမှာ Chris Pratt ဟာ အခုနဲ့မတူဘဲနဲ့ ခန္ဓာကိုယ်ဟာ တော်တော်လေးကို ဝဝဖိုင့်ဖိုင့်ဖြစ်နေခဲ့တာပါ။ မင်းသားအဖြစ်ရပ်တည်နေခဲ့ပေမယ့်လည်း သူများတွေလို ခန္ဓာကိုယ်မလှခဲ့ပါဘူး။ နောက်ပိုင်း ရုပ်ရှင်တွေ ထဲထဲဝင်ဝင်နဲ့သေချာပြန်ရိုက်တဲ့အခါကျမှသာ လေ့ကျင့်ခန်းတွေလုပ်ရင်း ပုံမှန်ခန္ဓာကိုယ်ဖြစ်သွားခဲ့တာပါတဲ့။

READ
ပရိသတ်ကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ နှင်း၊မော်နဲ့ အစ်ကိုကျော်
Twitter- @younghollywood
Twitter- @younghollywood

 

Penny

SHARE