လေ့ကျင့်ခန်းလုပ်တာနားလိုက်တော့လို့ Hemsworth ကိုပြောခဲ့တဲ့ Pratt

instagram/prattprattpratt instagram/chrishemsworth

Chris Hemsworth ရဲ့ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေတဲ့ပုံကိုမြင်ပြီး ၄င်းရဲ့သူငယ်ချင်းဖြစ်သူ Chris Pratt က တုန်လှုပ်ခြောက်ခြားသွားပုံရပါတယ်။ ပြီးခဲ့တဲ့ စနေတနင်္ဂနွေရက်သတ္တပတ်တုန်းက အသက်၃၇နှစ်ရှိပြီဖြစ်တဲ့ Hemsworth ဟာ အပေါ်ပိုင်းအင်္ကျီဗလာကျင်းနဲ့ သူလေ့ကျင့်ခန်းလုပ်နေတဲ့ဓာတ်ပုံကို အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ Hemsworth ဟာ ကြီးမားလှတဲ့တာယာကြီးတစ်လုံးကို ဆွဲလှန်ဖို့ကြိုးစားနေတာပါ။ ဒါကိုမြင်တဲ့ အသက်၄၁နှစ်အရွယ်ရှိ Pratt က “အခု ငါ့ trainer ဆီကကြားတယ်။ မင်းကို လေ့ကျင့်ခန်းလုပ်တာ ရပ်ခိုင်းလိုက်တော့တဲ့။ ငါတို့က ဇာတ်လမ်းထဲအတူတူသရုပ်ဆောင်ရမှာ။ မင်းသာ ဒီလိုပုံဖြစ်နေရင် trainer က ငါ့ကို မင်းအနားသွားမရပ်နဲ့တဲ့။” လို့ စနောက်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by Chris Hemsworth (@chrishemsworth)

Pratt ဟာ အသစ်ထွက်မယ့်ဇာတ်ကား Thor: Love and Thunder မှာ Hemsworth နဲ့အတူတူ သရုပ်ဆောင်ရမှာပါ။ Hemsworth ဟာ Jeremy Renner ရဲ့ လူသိရှင်ကြား အသိအမှတ်ပြုမှုကိုလည်း ရခဲ့ပါသေးတယ်။ Renner ဟာ PEOPLE’s Sexist Man Alive 2020 မှာ Hemsworth ကို မဲပေးခဲ့တာပါ။ သူဟာ Avengers: Endgame ထဲက Hemsworth ရဲ့ပုံတွေပါ တွဲပြီး သူမဲပေးကြောင်း ပရိသတ်တွေကိုပြောခဲ့တဲ့အပြင် the Rock နဲ့ Michael B.Jordan တို့ကိုတော့ မဲမပေးဖြစ်တာ တောင်းပန်ကြောင်း ဆိုခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jeremy Renner (@jeremyrenner)

Taika Waititi ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးတဲ့ Thor: Love and Thunder မှာတော့ Pratt ဟာ Guardians of Galaxy ဇာတ်ကောင်အဖြစ် ပါဝင်မှာပါ။ သူ့အပြင် Natalie Portman, Tessa Thompson နဲ့ Christian Bale တို့လည်း ပါဝင်ပါမယ်။ အခုရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် ၂၀၂၁ ဇန်နဝါရီလကစပြီး ထုတ်လုပ်ရေးပိုင်းစတင်ဖို့ စီစဉ်ထားကြောင်း People သတင်းစာမျက်နှာအရ သိရပါတယ်။

READ
မျက်နှာပေါ်မှာ တက်တူးထိုးပြီး ချစ်သက်သေ ထူလိုက်ပြန်တဲ့ Justin Bieber

ShweMom

SHARE