Jurassic World 3 မှာ အရင်လူဟောင်းတွေပြန်ပါဝင်နိုင်ကြောင်းပြောခဲ့တဲ့ Chris Pratt

Jurassic Park, Jurassic World

Jurassic Park ဟာ ၁၉၉၃ ခုနှစ်ကတည်းက ဇာတ်လမ်းဆက်ပုံစံမျိုးနဲ့ ရုပ်ရှင်တွေတစ်ကားပြီးတစ်ကား ထုတ်လုပ်လာခဲ့ရာ လက်ရှိ Jurassic World 2 အထိ ပရိတ်သတ်ပေါင်းများစွာရဲ့ လက်ခံအားပေးမှုကို ခံနေရတုန်းပါပဲ။ ကျွန်တော်တို့ငယ်ငယ်တုန်းက ဒိုင်နိုဆောကားဆို Jurassic Park ကိုပဲ ခေါက်တုန့်ခေါက်ပြန်ကြည့်ခဲ့ရတာမဟုတ်လား။

လက်ရှိအချိန်မှာတော့ အရင်ထွက်ထားတဲ့ Jurassic World 1 နဲ့ 2 ကတော့ အရင် Jurassic Park ကားတွေထက် ဒိုင်နိုဆောပုံတွေ ပိုအသက်ဝင်လာတယ်၊ လူတွေလည်း ပြောင်းသွားတယ်ပေါ့။ ဒါပေမဲ့ အားပေးမှုကတော့ တခဲနက်ဖြစ်နေတုန်းပါပဲ။

Jurassic Park

ဒီလို epic ဖြစ်တဲ့ ရုပ်ရှင်ကားကြီးဟာ အခုလည်း နောက်ထပ်တစ်ကားထွက်လာဦးမှာပါတဲ့လေ။ တစ်ကားပြီးတစ်ကား မတူညီတဲ့ လှည့်ကွက်တွေ၊ ဇာတ်အိမ်တွေ၊ ဒိုင်နိုဆောမျိုးစိတ်အသစ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ကြည့်ရတာကြောင့် နောက်ထွက်မယ့်ကားအသစ် Jurassic World 3 မှာရော ဘယ်လို surprise တွေများ ပါနေမလဲ မသိချင်ကြဘူးလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး Jurassic World မင်းသား Christ Pratt က အရိပ်အမြွက်ပြောပြလာခဲ့ပါတယ်။ အဲဒါကတော့ Jurassic World 3 မှာ အရင် Jurassic က လူဟောင်းတွေဖြစ်တဲ့ Sam Neill, Laura Dern နဲ့ Jeff Goldblum တို့ ပြန်ပါဝင်လာနိုင်ပါတယ်တဲ့လေ။

“ ဒီ အသစ်ထွက်လာမယ့် Jurassic World 3 ဇာတ်ကားနဲ့ ပတ်သတ်ပြီး ဘာမှသေချာ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ကျိန်းသေတာ တစ်ခုကတော့ အဲဒီကားထွက်လာရင် အကုန်လုံးစိတ်ကို ကျိန်းသေဖမ်းစားနိုင်မှာ အမှန်ပါပဲ။ ဥပမာ- အရင် လူဟောင်းတွေဖြစ်တဲ့ Sam Neil, Laura Dern နဲ့ Jeff Goldblum တို့ ဒီဇာတ်ကားမှာ ပြန်ပါဝင်လာတယ်ဆိုပါတော့။ အဲဒီလိုမျိုးဆိုရင်တော့ Jurassic World ပရိသတ်တွေ အရမ်းကြိုက်ကြမှာ အမှန်ပါပဲ” လို့ Chris Pratt က ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကတော့ Dern က Dr.Ellie Satler, Neil က Dr.Alan Grant, Goldblum ကတော့ Dr.Lan Malcolm အဖြစ်နဲ့ Jurassic World 3 မှာ ပြန်ပါဝင်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ဒီဇာတ်ကောင်တွေကတော့ 1993 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Jurassic Park ရုပ်ရှင်အတိုင်းပဲ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Jurassic World 3 မှာ Jurassic World 2 ပြီးခါနီး ပန်းခြံထဲက လွတ်သွားတဲ့ ဒိုင်နိုဆောတွေကို ဘယ်လိုပုံစံတွေနဲ့ ပြန်ဖမ်းမလဲ၊ ဘယ်လို နည်းပညာအသစ်အဆန်းတွေကို Jurassic World 3 မှာ တွေ့ရမလဲ အစရှိတာတွေကြောင့် ပရိသတ်တော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ Jurassic World 3 ကတော့ လက်ရှိအချိန်မှာ ၂၀၂၁ ဇွန်လထဲမှာ ထွက်ရှိမယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။

READ
ကစ်ကစ်အတွက် အလှူငွေကောက်ခံပေးနေတဲ့ တိုင်ရွန်

Pyi Hein Kyaw

SHARE