Chris Pratt နဲ့ Wu Jing တို့ကို Saigon Bodyguards တွင် ပူးတွဲတွေ့မြင်ရမည်

instagram/conopinion instagram/movereviews

Universal Pictures ဟာ ဗီယက်နမ် အက်ရှင်ဟာသဇာတ်ကားတစ်ကားဖြစ်တဲ့ Saigon Bodyguards ကို ပြန်လည်ဖန်တီးဖို့ စာချုပ်ချုပ်ဆိုပြီးပါပြီ။ ပြန်လည်ဖန်တီးမယ့် ဇာတ်ကားကိုလည်း Saigon Bodyguards လို့ပဲ အမည်ပေးမှာဖြစ်တယ်လို့ deadline သတင်းစာမျက်နှာအရသိရပါတယ်။

ဇာတ်ကားထဲပါဝင်သူတွေကတော့ Jurassic World; Dominion ဇာတ်ကားမှ ဇာတ်ဆောင် Chris Pratt နဲ့ တရုတ်အက်ရှင်စစ်ကား Wolf Warrior စတား Wu Jing တို့ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Alex Gregory နဲ့ Peeter Huyck တို့က ရေးသားပုံဖော်မှာပါ။ ဇာတ်ကားကိုတော့ Joe and Anthony Russo, Mike Larocca တို့ရဲ့ AGBO ထုတ်လုပ်ရေးကုမ္ပဏီကနေ တာဝန်ယူမှာဖြစ်ပါတယ်။

READ
မှင်သက်ရှုမောလောက်စရာအလှတွေနဲ့ ပန်းရောင်မင်းသမီးလေး ရွှေမှုံရတီ

ဒီဇာတ်ကားဟာ Russo တို့ကို Guardians of the Galaxy ကစလို့ Avengers ရုပ်ရှင်ဇာတ်ကားတွေထိပါဝင်ခဲ့တဲ့ Chris Pratt နဲ့ Wu Jing တို့ကိုပေါင်းစည်းစေခဲ့ပါတယ်။ Wolf Warriors 2 မှာ Russo တို့ဟာ အကြံပေးပုဂ္ဂိုလ်တွေအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ Wolf Warrior 2 ဟာ တရုတ်နိုင်ငံမှာတော့ ticket sales ဒေါ်လာ ၈၇၇သန်းနဲ့ ဝင်ငွေအများကြီးရရှိတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပါတယ်။

Saigon Bodyguards မှာတော့ အဓိကဇာတ်ကောင်နှစ်ဦးပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ သူတို့မျက်စိရှေ့မှာတင် ပြန်ပေးဆွဲခံသွားရတဲ့ စီးပွားရေးကုမ္ပဏီကြီးတစ်ခုရဲ့အမွေဆက်ခံသူကို ရှာဖွေဖို့ကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Saigon Bodyguards ကိုတော့ Ken Ochiai က ရိုက်ကူးပြီး Rhombus Media and TNA Entertainments က ထုတ်လုပ်ခဲ့ပါတယ်။

READ
ချစ်ခင်ပွန်းရေးပေးထားတဲ့ သူမရဲ့သီချင်းအသစ်လေးကို အမြည်းချပြလိုက်တဲ့ ရွှေမှုန်ရတီ

အခုကတော့ မူရင်းဇာတ်ကားရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်။

SHARE