Captain America အဖြစ်ကနေ အနားယူဖို့ မဖြစ်နိုင်သေးတဲ့ Christ Evans

Chris Evans ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်နေ့တုန်းက သူ့ရဲ့ Twitter account ကနေတစ်ဆင့် ပရိတ်သတ်တွေကို Captain America ဇာတ်ရုပ်အဖြစ်ကနေ အနားယူတော့မယ့်ဟန်တူတဲ့ စာတချို့ကို tweet လုပ်ခဲ့ရာ Hollywood မှာသာမက တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ တုန်လှုပ်ခဲ့ပါတယ်။

YouTube

Marvel Studio ရဲ့ သရုပ်ဆောင်အပြောင်းအလဲတွေနဲ့ တည်ထောင်သူ Stan Lee ကွယ်လွန်သွားမှုကြောင့် အခြေအနေတွေ ရှုပ်ထွေးနေတဲ့ကြားထဲက ပရိတ်သတ်တွေဟာ နောက်ထပ်ထွက်လာမယ့် Avengers 4 ရုပ်ရှင်အတွက် စိတ်ပူပင်နေကြပါတယ်။ Infinity War တုန်းက သောင်းကျန်းနေတဲ့ Thanos ဟာ အရှိန်မသေသေးဘဲ Avengers 4 မှာ ဇာတ်ဆက်အနေနဲ့ ဆက်ပါလာဦးမှာပါ။ Thanos ကို နှိမ်နင်းဖို့အတွက် ရှိရင်းစွဲ superheros တွေ အားလုံး ရုပ်ရှင်ထဲမှာ တွေ့ရဖို့လိုအပ်ပါတယ်။

Marvel Studio

အဓိကဇာတ်ဆောင်နေရာမှာရှိနေတဲ့ Chris Evans ဟာ Captain America အဖြစ် ဆက်လက်ရိုက်ကူးတော့မှာမဟုတ်ဘူးဆိုပြီး ထွက်နေတဲ့သတင်းတွေအကြောင်း Avengers 4 ရဲ့ ဒါရိုက်တာ Joe Russo က အတိအလင်းဖြေရှင်းသွားခဲ့ပါတယ်။

READ
ဆက်ဆံရေး ပြန်အဆင်ပြေသွားတဲ့ Selena Gomez နဲ့ Justin Bieber
Instagram

Chris Evans ရေးထားခဲ့တဲ့ tweet ထဲမှာ ထွက်သွားတော့မယ်တို့၊ နှုတ်ဆက်တယ်လို့ မပါဝင်ပါဘူးလို့ Russo ကဆိုပါတယ်။ သေသေချာချာဖတ်ကြည့်မယ်ဆိုရင်တော့ ဒီဇာတ်ရုပ်ကို သူသရုပ်ဆောင်ရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်ဆိုပြီးပဲ ရေးထားတာဖြစ်တယ်လို့ ထပ်လောင်းပြောခဲ့ပါသေးတယ်။

 

အမှန်တကယ်လည်း ဒါရိုက်တာ Joe Russo ပြောသလိုပဲ Chris Evans က ရေးခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူကတော့ တစ်နေရာရာကနေ ထွက်ခွာဖို့ မစီစဉ်ထားဘဲ အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောမလဲလေ။

READ
သားချောလေးတွေရဲ့ ပုံအသစ်လေးတွေ တင်လိုက်တဲ့ Song Il Gook

Joe Russo ကနေပဲဆက်ပြီး Chris Evans ရဲ့ ပရိတ်သတ်တွေဟာ ဒီ tweet အပေါ်မှာ အထင်မြင်လွဲမှားမှုတွေဖြစ်သွားပြီး နောက်လာမယ့်ကားတွေမှာ မပါတော့ဘူးလို့ ထင်နေကြပေမယ့် တကယ်တမ်းတော့ Captain America နဲ့ Chris Evans ကို ဘယ်လိုမှ ခွဲလို့မရသေးပါဘူးဆိုကာ အဆုံးသတ်ခဲ့ပါတယ်။

Chris ရဲ့ မသေချာမရေရာတဲ့ tweet အောက် ပူးတွဲသရုပ်ဆောင်တွေပါ ထောင်ချောက်မိခဲ့ဟန်တူပါတယ်။

Twitter

Source: Unilad

Penny

SHARE