တလောတုန်းက ညီမလေးကိုခွေးတစ်ကောင် ဝင်ကိုက်တော့မှာသိလို့ ကိုယ်တိုင်ကြားထဲ ဝင်ခံလိုက်တဲ့အတွက် မျက်နှာနဲ့လက်တွေမှာ ၉ ချက်တောင်ချုပ်လိုက်ရတဲ့ ၆ နှစ်သားလေးအကြောင်း Shwemom မှာ ဖော်ပြခဲ့ဖူးပါတယ်။
ကောင်လေးနာမည်ကတော့ Bridger ဖြစ်ပြီး အဒေါ်က သူတို့မောင်နှမလေးနှစ်ယောက်အကြောင်း Instagram မှာ တင်ခဲ့တဲ့အတွက် အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးရဲ့ချီးကျူးမှုတွေကို တကယ့်အပြင်လောကရဲ့စူပါဟီးရိုးလေးဆိုတဲ့နာမည်လေးနဲ့ နာမည်ကြီးနေခဲ့ပါတယ်။
Bridger လေးဟာ Marvel ရဲ့စူပါဟီးရိုးတွေကို အရမ်းကြိုက်နှစ်သက်တာကြောင့် ဒဏ်ရာတွေနဲ့နာကျင်နေတဲ့ ကလေးလေးစိတ်သက်သာရာရဖို့အတွက်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ Marvel က သရုပ်ဆောင်တွေရဲ့ Instagram တွေကို အတတ်နိုင်ဆုံး tag လုပ်ပေးခဲ့ပါတယ်။
https://www.instagram.com/p/CCgWxh4ABi-/?utm_source=ig_embed
အဲဒီအထဲမှာမှ ပထမဆုံးအနေနဲ့ Hulk အဖြစ်သရုပ်ဆောင်တဲ့ Mark Ruffalo ကနေပြီး Bridger လေးကိုအရင်ဆုံး ဆက်သွယ်ကာ မင်းကငါတို့ထက်တောင် ရဲရင့်တဲ့ စူပါဟီးရိုးတစ်ဦးပါလို့ဂုဏ်ပြုခဲ့ပါတယ်။
အခုတစ်ခါကျတော့ Bridger လေးကို Chris Evans ကနေပြီး ဗီဒီယိုလေးနဲ့ဆက်သွယ်လာခဲ့ပါတယ်တဲ့။ Chris Evens ဟာ Captain America အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Marvel က စူပါဟီးရိုးတစ်ဦးဖြစ်ပြီး လူကြိုက်လည်းများတဲ့ ဇာတ်ကောင်တစ်ကောင်ပါ။ ဒီလိုနာမည်ကြီးစူပါဟီးရိုးတစ်ယောက်ကတောင် Bridger လေးရဲ့လုပ်ရပ်ကို ဂုဏ်ပြုစကားပြောခဲ့ရင်း မထင်မှတ်ထားတဲ့လက်ဆောင်ကြီးတစ်ခုကို ပေးခဲ့ပါတော့တယ်။
အဲဒါကတော့ Captain America ရဲ့ ဒိုင်းပါ။ ရိုက်ကွင်းမှာအသုံးပြုတဲ့ တကယ့်ဒိုင်းအစစ်။ ဒီလို ဇာတ်ကောင်တစ်ကောင်ရဲ့ ဝတ်စုံတွေဟာ ဘယ်လောက်တောင် တန်ဖိုးကြီးပြီး ရုပ်ရှင်လောကအတွက် အရေးပါလည်းဆိုတာ အားလုံးလည်းသိကြမှာပါပဲ။ ဒါကိုတောင် Chris Evans က သူ့ရဲ့ မူရင်းတစ်ခုတည်းသော Captain America ရဲ့ ဒိုင်းကိုပေးခဲ့တာဆိုတော့ တော်ရုံတန်ရုံမဟုတ်ဘဲ တကယ့်ကို ချီးကျူးချင်တဲ့စိတ်နဲ့ ပေးခဲ့တာပါ။
ဒီအပြင် အခု Spider-Man သရုပ်ဆာင်ဖြစ်တဲ့ Tom Holland နဲ့လည်း ဗီဒီယိုကောလက်ခံစကားပြောခဲ့ရပြီးနောက် Bridger လေးကတော့ အပျော်ကြီးကိုပျော်နေရပါတော့တယ်။
penny