Thor : Love & Thunder ထဲ ပါဝင်ဖို့ Marvel Studios နဲ့ Christian Bale ဆွေးနွေးနေ

Imdb_TheDarkKnight/Imdb_Thor

Marvel Studios ဟာ သူတို့ရဲ့ MCU ရုပ်ရှင်တွေအတွက် ဟောလိဝုဒ်က သရုပ်ဆောင်တွေ အကုန်လုံးပါဝင်စေရမယ်လို့ ဆုံးဖြတ်ထားပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ MCU ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ဖို့ ငှားရမ်းထားတဲ့ သရုပ်ဆောင်တွေက တကယ့်ကို ဒိတ်ဒိတ်ကြဲဟောလိဝုဒ်ရဲ့ ကြယ်ပွင့်စတားတွေချည်းဖြစ်နေလို့ပါ။ အခုနောက်ဆုံးတစ်ခေါက် MCU ရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့ ဆွေးနွေးနေသူတစ်ယောက်ကတော့ Christian Bale ပဲ ဖြစ်ပါတယ်။

တစ်ကြိမ်တစ်ခါက ဒါရိုက်တာခရစ္စတိုဖာနိုလန်ရိုက်ကူးတဲ့  Dark Knight trilogy မှာ လင်းနို့လူသား သရုပ်ဆောင်ခဲ့ဖူးသူ Christian Baleဟာ  Thor: Love & Thunder ရုပ်ရှင်ဇာတ်ကားထဲ သရုပ်ဆောင်ဖို့အတွက် Marvel ကုမ္ပဏီနဲ့ ဆွေးနွေးနေပါတယ်။

Instagram/NataliePortman

အော်စကာဆုရမင်းသားတစ်ယောက်ဖြစ်တဲ့ Christian Bale ဟာ ဟောလိဝုဒ်ရဲ့ အောင်မြင်မှုအရရှိဆုံးမင်းသားတစ်လက်ဖြစ်ပြီး  အားပေးသူ ပရိသတ်အခိုင်အမာရှိထားတဲ့ မင်းသားတစ်ယောက်ပါ။ တကယ်လို့ MCU ရုပ်ရှင်တွေထဲ Christian Bale ပါဝင်လာခဲ့မယ် ဆိုရင်တော့ ဒါဟာ သူ့အတွက်တော့  Comic Book စာအုပ်ကို အခြေခံထားတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့်ရတာ ဒုတိယအကြိမ်ပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Christian Bale ဟာ ဘတ်ဂျက်ကောင်းကောင်းသုံးပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေနဲ့ ဝေးကွာနေပါတယ်။ ဒါရိုက်တာစေခိုင်းသမျှပဲ သရုပ်ဆောင်နေရတဲ့ ရုပ်ရှင်ကားတွေမှာလည်း ဆက်တိုက်ဆိုသလို သရုပ်ဆောင်နေခဲ့ရပါတယ်။American Hustle၊ The Big Short နဲ့  Vice တို့လို ရုပ်ရှင်ကားတွေပါ။ ဒါပေမယ့်လည်း တစ်ဖက်ကနေ ကြည့်ရင် Christian Baleဟာ အဲဒီ ရုပ်ရှင်ကားတွေအတွက်တော့ အော်စကာဆု စကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။

Imdb/Ford Vs Ferrari

Endgame ရုပ်ရှင်ကားနဲ့ မာဘယ်လ်ကုမ္ပဏီရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကိုရောက်ရှိသွားခဲ့ပြီးနောက်မှာ မာဘယ်လ်ကုမ္ပဏီဟာလာမယ့် MCU ရုပ်ရှင်တွေရဲ့ Phase 4အတွက်ပြင်ဆင်မှုအကြီးစားတွေ ပြုလုပ်နေတာပါ။ ရှေ့က  Phase 3 ကလည်း အကြီးအကျယ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာ၊ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး နံပတ်တစ်နေရာက ရုပ်ရှင်အဖြစ် ရောက်ရှိခဲ့တာတွေကို လာမယ့် Phase 4 က ကျော်ဖြတ်နိုင်ဖို့အတွက် Marvel Studios က ပြင်ဆင်နေပါတယ်။

Bale နဲ့ ဆွေးနွေးနေတယ်ဆိုပေမယ့်လို့ Thor: Love & Thunder ထဲမှာ ဘယ်နေရာ ဘယ်သူ့နေရာက သရုပ်ဆောင်မလဲဆိုတာကိုတော့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ Thor: Love & Thunder ရုပ်ရှင်ဟာ ဒီနှစ်နွေဦးရာသီမှာ သြစတေးလျနိုင်ငံမှာ ရိုက်ကူးရေးစတင်တော့မှာပါ။ ရုံတင်မယ့်အချိန်ကတော့ (၂၀၂၁) နိုဝင်ဘာမှပါ။

Ye Yint Kyaw

SHARE