အမေရိကန် တေးရေးတေးဆိုအနုပညာရှင်တစ်ဦးဖြစ်သူ Christina Aguilera ဟာ သူမရဲ့ဧည့်ခန်းအပြင်အဆင်ကို ပရိသတ်တွေဆီမျှဝေခဲ့ကြောင်း hellomagazine အရသိရပါတယ်။ အခန်းက အကျယ်ကြီးပါ။ Nitendo Switch Mario Kart 8 Deluxe game ကို ကြော်ငြာတာဖြစ်ပြီး မိသားစုနဲ့ ကစားပြနေတဲ့ပုံကို သူမက မျှဝေခဲ့တာပါ။ နောက်ဘက်နံရံကတော့ အနီရောင်ဖြစ်ပြီး အခန်းထဲမှာတော့ အနက်ရောင်၊ရွှေရောင်နဲ့ အဖြူရောင်ကိုတွေချည်းသုံးထားပါတယ်။
View this post on Instagram
ဧည့်ခန်းအလယ်မှာတော့ သားရေထည် အနီနဲ့အဖြူရောင် မာဘယ်လ်ကော်ဖီစားပွဲကိုတွေ့ရပါတယ်။ နောက်ဘက်မှာ စာအုပ်တွေအများကြီးအစီအရီထည့်ထားတဲ့ အနက်ရောင်စာကြည့်တိုက်တစ်ခုကိုလည်း တွေ့ရပါသေးတယ်။ နောက်ထပ် ပါဝင်တာတွေကတော့ ရွှေရောင်မီးလှုံတဲ့နေရာနဲ့ နံဘေးမှာတော့ ချယ်ရီသီးအကြီးကြီးတွေကိုလည်း တွေ့ရပါသေးတယ်။
View this post on Instagram
ဒီဓာတ်ပုံတွေကိုတော့ သူမရဲ့ပရိသတ်တွေက တော်တော်လေးသဘောကျခဲ့ကြတာပါ။ Christina က သူမရဲ့လော့စ်အင်ဂျလိစ်နေအိမ်ကို ပရိသတ်တွေဆီပြသတာ အခုတစ်ခေါက်က ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ နေအိမ်မှာတော့ သူမရဲ့အသက် ၁၂နှစ်အရွယ်ရှိတဲ့ Max ၊ ၆ နှစ်အရွယ်ရှိတဲ့ Summer Rain ၊ ကလေးနှစ်ယောက်အပြင် သူမနဲ့စေ့စပ်ထားသူ Matthew Rutler တို့ပါ နေထိုင်ကြပါတယ်။
အသက် ၄၀ရှိပြီဖြစ်တဲ့ Christina ဟာ ဒီဇင်ဘာလအစောပိုင်းတုန်းကလည်း သူမရဲ့အိမ်ထဲက ခမ်းနားလှပတဲ့လှေကားထစ်တွေနဲ့ ကော်ရစ်ဒါအရှည်ကြီးကိုလည်း ဓာတ်ပုံရိုက်တင်ခဲ့ပါသေးတယ်။ ကော်ရစ်ဒါတစ်လျှောက်မှာတော့ ရွှေရောင်နဲ့ အနက်ရောင်ကမ္ဘာလုံးတွေကို မီးအလင်းလိုမျက်နှာကြက်မှာချိတ်ဆွဲထားတာ တွေ့ရပါတယ်။ လိုက်ကာတွေကတော့ ခရင်မ်အရောင်လို တွေ့ရမှာပါ။ ဒါ့ပြင် အနက်ရောင်တံခါးပေါင်းများစွာကိုလည်း ဗီဒီယိုထဲ တွေ့မြင်ခဲ့ရပါသေးတယ်။
View this post on Instagram
ShweMom