Now and Ever ရုပ်ရှင်ဇာတ်ကား ရုံတင်မယ့်ရက် အတိအကျ ထွက်လာ

Image:fb/Now and Ever – ထာဝရနှောင်ကြိုး

ခီမောင်နှံ ဖန်တီးထားတဲ့ အနုပညာကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေ အတွက် ၀မ်းသာစရာ ကောင်းတဲ့ သတင်းကောင်းတစ်ခု ရှိပါတယ်။အဲ့ဒါကတော့ ပရိသတ်တွေ အရမ်းကို မျှော်လင့် နေကြတဲ့ Now and Ever – ထာဝရနှောင်ကြိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရုံတင်မယ့် ရက် ထွက်ပေါ် လာခဲ့ပါပြီ။ရုံတင်မယ့် ရက်ကတော့ လာမယ့် အောက်တိုဘာ (၃၁) ရက်ပါ။ဒီအကြောင်းကိုတော့ Now and Ever – ထာဝရနှောင်ကြိုး ရဲ့ FB စာမျက်နှာ ပေါ် မှာ စက်တင်ဘာ (၂၀)ရက်နေ့က ကြေညာခဲ့တာပါ။

Image:fb/Now and Ever – ထာဝရနှောင်ကြိုး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး

teaser  ထွက်ပြီး  ရက်ပိုင်းအတွင်းမှာပဲ ရုံတင်ရက်ကိုပါ ကြေညာခဲ့တာပါ။“Now and Ever” ရုပ်ရှင်မှာတော့ ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က သီဟ နဲ့ ဝတ်မှုံ ဆိုတဲ့ ဇာတ်ကောင်နေရာကနေ  ပါဝင်သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်ဇာတ်ကားတွေ ကို ပေါပေါပဲပဲ မရိုက်ပဲ အကောင်းဆုံး  ပြင်ဆင်မှုတွေ လုပ်ပြီးမှ သေချာ ရိုက်ကူးတတ်တဲ့  ဒါရိုက်တာ ခရစ်စတီးနားခီကတော့ ဒီဇာတ်ကားအတွက်လည်း အများကြီး ပြင်ဆင်မှုတွေ လုပ်ပြီးမှ ရိုက်ခဲ့တာပါ။ဒီဇာတ်ကား အတွက် သရုပ်ဆောင် Casting ကို သေချာ ရွေးချယ်ခေါ် ယူခဲ့သလို ရိုက်ကွင်းနေရာကိုလည်း သေချာကို သွားရောက်လေ့လာပြီးမှ ရွေးချယ်ခဲ့တာပါ။Now and Ever  ဇာတ်ကားကိုတော့ ပုပ္ပါး၊ပူတာအို ဘက်တွေ အထိ သွားရောက် ရိုက်ကူး ခဲ့တာကိုလည်း ခရစ်စတီးနားခီရဲ့ fb Post တွေ အရ သိရပါတယ်။

READ
သားမှားသွားပါပြီလို့ မိခင်ကို နောင်တတွေနဲ့ တောင်းပန်လိုက်တဲ့ အိစိကွေး
Image:fb/Now and Ever – ထာဝရနှောင်ကြိုး

Now and Ever – ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားရဲ့ Teaser ကိုတော့ (၁၈)ရက်နေ့က တင်ခဲ့ပြီး (၂၀) ရက်နေ့ အထိ ရှယ်တဲ့ သူ 16K တောင်မှ ရှိခဲ့တာကိုတွေ့ရပါတယ်။fb ကို ပိုက်ဆံ ပေး ကြော်ငြာတာမျိုး မလုပ် တာတောင်မှ ရှယ်တဲ့ သူ အဲ့ဒီလောက် အထိ ရှိခဲ့တာပါ။“ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ပြီးရင် ခီ မောင်နှံ အတွက် ဒီဇာတ်ကားဟာ တတိယမြောက် ဇာတ်ကားပါ။ Now and Ever ကိုတော့ မင်္ဂလာ group မှာ ပြသ မယ်လို့ ခရစ်စတီးနားခီက သူမရဲ့ FB မှာ ပြောခဲ့ပါတယ်။

NOW & EVER TEASER!!!

NOW & EVER TEASER(ထာဝရနှောင်ကြိုး ရုပ်ရှင် teaser အမြည်းပါ)Presented by CENTRAL BASE PRODUCTIONSDirected by CHRISTINA KYIStory, Screenplay and Music by ZENN KYIStarring ZENN KYI, PAING PHYOE THUPostproduction KANTANA POSTPRODUCTION TEAM#nowandever#myanmarfilm#centralbaseproductions#zennkyi #paingphyoethu #christinakyi

Posted by Now and Ever – ထာဝရနှောင်ကြိုး on Wednesday, September 18, 2019

Source:ခရစ်စတီးနားခီ၊

SHARE