ဝင်ငွေနဲ့ ပေးဆောင်မယ့် အခွန်ပမာဏကို ထုတ်ပြောခဲ့တဲ့ ခရစ်စတီးနားခီ

Image:fb/Christina Kyi

ဒီဇင်ဘာ (၂)ရက်နေ့ကတော့ Now & Ever ဖန်တီးသူတွေက ပရိသတ်တွေနဲ့ တွေ့ဆုံပြီး Fan Meeting ပွဲလေးလုပ်ခဲ့ပါတယ်။Now & Ever ရဲ့ Fan Meeting ပွဲလေး မှာတော့ ဒါရိုက်တာ ခရစ်စတီးနားခီက သူ့ရဲ့ ဇာတ်ကားတွေ ကနေ ဘယ်လောက် ၀င်ငွေ ရတယ်၊ဘယ်လောက်ထိ အခွန်ဆောင်ဖို့ ရှိတယ်ဆိုတာကို ပရိသတ်ကို ပွင့်ပွင့်လင်းလင်း  ထုတ်ပြောခဲ့ပါတယ်။

Image:fb/Now and Ever
Image:fb/Christina Kyi

မုဒြာနဲ့ ဥပါယ်တံမျဉ် ဇာတ်ကားနှစ်ကားပြသအပြီးမှာ Central Base Productions ကနေ နိုင် ငံတော်ကို သိန်းပေါင်း (၁၈၀၀) အခွန်ဆောင်ဖို့  သဘော တူထားတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Now & Ever ကနေ လက်ရှိ Box Office ၀င်ငွေ သိန်းပေါင်း (၂၄,၀၀၀) ရတယ်လို့ လည်း ဒါ ရိုက်တာ ခရစ်စတီးနားခီက ပရိသတ်တွေကို ပြောခဲ့ပါတယ်။အဲ့ဒီအထဲကမှ (၁၁,၀၀၀) ကိုေ တာ့  Central Base Productions  ကရပြီး ကျန်တာတွေ ကိုတော့ ရုံရှင် တွေ ရကြောင်း ၊ သိန်းေ ပါင်း(၁၁၀၀)ကျော် ကတော့ အခွန် ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

READ
မအေးသီတာရဲ့ အကအလှတွေကို မှတ်တမ်းတင်ခဲ့တဲ့ မခိုင်လေး
Image:fb/Now and Ever

Now & Ever – ထာဝရနှောင်ကြိုးFAN MEETING live ထုတ်လွှင့်မှုTimes CityDecember 2, 2019Main Sponsor #Secret LadyMedia Partner #Canal+Venue Sponsor #Times City

Posted by Now and Ever – ထာဝရနှောင်ကြိုး on Monday, December 2, 2019

Now and Ever – ထာဝရနှောင်ကြိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာ စင်ကာပူက ပရိသတ်တွေ ကြည့်ရှုအားပေးခွင့်ရတော့မှာပါ။စင်ကာပူမှာ ပြသဖို့ အတွက် ဆင်ဆာ ခွင့်ပြုချက်ရရှိသွားပြီလို့ Now & Ever ရဲ့ FB စာမျက်နှာ ပေါ်မှာ တရားဝင် အသိပေး ထားပါတယ်။ဒါရိုက်တာ ခရစ်စတီးနားခီ ကလည်း သူမရဲ့ အကောင့်မှာ အဲ့ဒီ Post ကို ရှယ်ပေး ထားပါတယ်။Rating PG-13 အဖြစ် သတ်မှတ်ထားပြီး ရုံတွေ နဲ့လည်း ချိတ် ဆက်ပြီးပါပြီ။ပြသမယ့် ရက် အတိ အကျ ကိုတော့ မကြာခင်မှာ ထုတ်ပြန်သွားမှာပါ။

Source:Now and Ever – ထာဝရနှောင်ကြိုး

SHARE