ပိုလျှံနေတဲ့နို့ရည်တွေကို လိုအပ်နေတဲ့ ကလေးငယ်တွေအတွက် လှူဒါန်းနေတဲ့ မိခင်တစ်ဦး

unsplash/ Luiza Braun

(၂၀၁၈) ခုနှစ် ဇွန်လကစပြီး အမျိုးသမီးတစ်ယောက်ဟာ ခန့်မှန်းခြေ ကလေး (၂၈) ယောက်ကို စုစုပေါင်း နို့ချို (၉၄) ဂါလံ (၁၂, ၀၀၀ အောင်စ) တိုက်ကျွေးနိုင်ခဲ့တယ်လို့ insider သတင်းအရ သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်သူ ခရစ္စတီးနားရက်စ်ခ်ျဆိုသူပါ။ ခရစ္စတီးနားဟာ သားလေးတစ်ယောက်မွေးထားပြီး ကလေးကို နို့တိုက်ရပေမယ့် နို့တွေက ကလေးမသောက်နိုင်တော့လောက်တဲ့အထိ ပိုလျှံလွန်းနေတာကြောင့် အခြားကလေးငယ်တွေကို သူမက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ သားလေးဟာ ရက်ချိန်းထက် (၆) ပတ်တာ စောမွေးခဲ့ပါတယ်။ ကလေးက တစ်နေ့ကို (၁၀) အောင်စလောက်ပဲ မိခင်နို့သောက်နိုင်ပါတယ်။ ခရစ္စတီးနားကတော့ နေ့တိုင်း (၇၅-၁၀၀) အောင်စရှိတဲ့ နို့တွေကို ထုတ်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ခရစ္စတီးနားရဲ့ သားလေးဟာ (၁၇) လခွဲ ရှိနေပါပြီ။ ကလေးက စောမွေးတဲ့အတွက် ပုံမှန်အတိုင်းမွေးတဲ့ ကလေးတွေလောက်တော့ နို့မသောက်နိုင်ပါဘူး။ ကလေးမီးဖွားပြီးစ မိခင်တွေကျတာ့လည်း ကလေးသောက်နိုင်တဲ့နို့ရည်ထက် နို့ချိုပိုထုတ်တတ်ကြပါတယ်။

READ
အမေရိကားတစ်ခွင်လုံးဖြတ်ပြေးအပြီးပန်းအ၀င်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား
unsplash/ Luiza Braun

မိခင်နို့ချိုတိုက်ကျွေးတာနဲ့ ပတ်သက်လို့ အကြံပေးဖြစ်တဲ့ နမ်စီမိုဘာကာကတော့ ကလေးနို့တိုက်နေရတဲ့ မိခင်တွေဟာ တစ်နေ့ကို (၁-၃၀) အောင်စအထိ နို့ရည်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်အပေါ်မူတည်ပြီး နို့ထွက်နိုင်တဲ့ ပမာဏကတော့ ကွာခြားပါတယ်။ ကလေးကို နို့တိုက်လာတဲ့အချိန်ရယ်၊ နို့ကိုညှစ်ထုတ်မှု အနည်းအများနဲ့ နို့ပြွန်က နို့ရည်ဘယ်လောက်သိမ်းဆည်းထားနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ထွက်လာတဲ့ နို့ချိုအနည်းအများဟာ ရင်သားပေါ်မှာတော့ မူတည်ခြင်းမရှိဘူးလို့ သိရပါတယ်။

များသောအားဖြင့် နို့ကို ညှစ်ထုတ်မှုများလေလေ၊ နို့ပိုထွက်လာလေလေပါပဲလို့ နမ်စီက ဆိုပါတယ်။ မိခင်က နို့တွေ အရမ်းထွက်ပေမယ့် ကလေးကတော့ မိခင်ထွက်သမျှနို့တွေကို အကုန်မသောက်နိုင်ပါဘူး။ အစပိုင်းတုန်းကတော့ ခရစ္စတီးနားက ကလေးမသောက်လို့ ပိုနေတဲ့ နို့တွေကို ရေခဲသေတ္တာခန်းထည့်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် နို့ဘူးတွေဟာ ရေခဲသေတ္တာထဲသာ များလာတယ်၊ ကလေးကလည်း မသောက်နိုင်ဆိုတော့ ပိုလျှံနေတဲ့ သူမနို့ရည်တွေကို လှူဒါန်းဖို့ သူမက ဖေ့စ်ဘုတ်ဂရုပ်တစ်ခုကို ဆက်သွယ်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
မိုးထဲရေထဲ ဒုက္ခခံစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးဆီကနေတွေ့ရမယ့် လူသားဆန်တဲ့စိတ်ဓာတ်

လင်းလင်း (ShweMom)

SHARE