ခရစ္စမတ်နဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ ကမ္ဘာ့အထူးခြားဆုံးမှတ်တမ်းများ

Guinness World Records instagram/bydannyboyd

မကြာသေးခင်ကပဲ ခရစ္စမတ်ပွဲတော်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ အချို့ကတော့ အနှစ်သက်ဆုံးရုပ်ရှင်တွေကြည့်၊ လက်ဆောင်တွေဝယ်၊ စားစရာသောက်စရာတွေနဲ့ ခရစ္စမတ်ကာလကို ဖြတ်သန်းခဲ့ပေမယ့် အချို့ကျတော့လည်း ကမ္ဘာ့မှတ်တမ်းဝင်ဖို့အထိတိုင် ကြိုးစားခဲ့ကြပါတယ်။ အခုအခါမှာတော့ ခရစ္စမတ်နဲ့ပတ်သက်ပြီး ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့စာရင်းကို unilad ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။

Nightmare before Christmas အမှတ်တရပစ္စည်းတွေ အများဆုံးစုဆောင်းမှု

 

View this post on Instagram

 

A post shared by Danny Boyd (@bydannyboyd)


တရုတ်နိုင်ငံက William Wong ဆိုသူဟာ Nightmare before Christmas အမည်ရတဲ့ animation ရုပ်ရှင်ကို နှစ်သက်လွန်းသူပါ။ လက်ရှိမှာ သူဟာ အဆိုပါရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို အများဆုံးစုဆောင်းနိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားပါတယ်။ သူဟာ ၁၉၉၃ ခုနှစ်ကနေစတင်ကာ ၄င်းရုပ်ရှင်နဲ့ပတ်သက်တဲ့ mini figure တွေ၊ ခရစ္စမတ်အလှဆင်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ၊ အဝတ်အစားနဲ့ အခြားပစ္စည်းအခုပေါင်း ၂၀၀၀ကျော်ကို ဝယ်ယူစုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။

READ
ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး ဘီလီယံနာ (၅) ဦး

ခရစ္စမတ်မဂ္ဂဇင်းမှာ ကိုယ်ဟန်ပြခဲ့တဲ့ အသက်အကြီးဆုံး Playboy မော်ဒယ်

Beeld en Geluid/WikiCommons

ဒီဇင်ဘာ ၂၀၀၉ခုနှစ်မှာ Patricia Paay ဟာ Playboy Netherlands ရဲ့ ခရစ္စမတ်ရာသီမဂ္ဂဇင်းအတွက် မော်ဒယ်လုပ်ခဲ့ပါတယ်။ ထိုအချိန်မှာ သူမအသက် ၆၀နှစ်ရှိပြီဖြစ်တဲ့အတွက် Playboy ဓာတ်ပုံဆရာတွေအတွက် သမိုင်းမှာ အသက်အကြီးဆုံးမော်ဒယ်ဖြစ်ခဲ့ပါတယ်။

Mistletoe အပင်အောက်မှာ တစ်ပြိုင်တည်း နမ်းခဲ့ကြတဲ့စုံတွဲများ

 

View this post on Instagram

 

A post shared by @chahaignes

အမေရိကန်ဘီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Anheuser-Busch ဟာ mistletoe ပင်အောက်မှာ စုံတွဲတွေကိုနမ်းခိုင်းပြီး ကမ္ဘာ့အများဆုံးအနမ်း ဂင်းနစ်စံချိန်ဝင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Anheuser-Busch ဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာ၇ရက်နေ့တုန်းက Missouri ပြည်နယ်မှာ Brewery Lights အမည်ရတဲ့ အခမ်းအနားတစ်ခုကိုကျင်းပခဲ့ပြီး အခမ်းအနားမှာရှိတဲ့စုံတွဲပေါင်း ၄၈၀တွဲကို တစ်ပြိုင်တည်း အနမ်းပေးခိုင်းခဲ့တာဖြစ်ပါတယ်။

READ
တုပ်ကွေးရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာမှာ ကြက်ဥကို အသုံးပြုကြောင်း သိရ

Snow Angels အများဆုံးစုစည်းမှု

Guinness World Records

တွေ့ရတဲ့ဓာတ်ပုံကိုတော့ ၂၀၀၇ခုနှစ်က မြောက်ဒါကိုတာမှာ ရိုက်ယူထားခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၈၆၉၂ ဦးဟာ တစ်ပြိုင်နက်တည်း snow angels တွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတော့ State Historical Society of North Dakota က စီစဉ်ပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းသစ်ဝင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အသေးဆုံး ခရစ္စမတ်ကတ်လေး

NPL

၂၀၁၇ ခုနှစ်မှာ အင်္ဂလန် National Physical Laboratory က သိပ္ပံပညာရှင်တွေဟာ ၁၅x၂၀ မိုက်ခရိုမီတာ သို့မဟုတ် ၀.၀၀၀၆x၀.၀၀၀၉ လက်မရှိတဲ့ ခရစ္စမတ်ကတ်ကိုဖန်တီးခဲ့ပါတယ်။ ကတ်က သေးငယ်လွန်းတဲ့အတွက် ကတ်ကိုဖန်တီးသူတွေဟာ ကတ်ခေါက်ဖို့ ပလက်တီနမ်အုပ်ထားတဲ့ ဆီလီကွန်နိုက်ထရိတ်အသုံးပြုရသလို အတွင်းဘက်မှာတော့ နှုတ်ဆက်စကားလေးထည့်သွင်းထားပါတယ်။

ShweMom

SHARE