ခရစ်စမတ်ကာလရဲ့ ရသကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားကောင်းများ

ခရစ်စမတ်ကာလ ပိတ်ရက်ဆိုတာကတော့ မိသားစုတွေနဲ့အတူ အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့ ကာလလေးပါ။ ဒီလို အချိန်ကောင်းလေးမှာ ခရစ်စမတ်ကာလရဲ့ အရသာကို အပြည့်အဝ ခံစားရအောင်လုပ်ပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတွေကို မိသားစုတွေနဲ့ အတူကြည့်ပြီး ဖြတ်သန်းမယ်ဆိုရင်တော့ တကယ်ကို တန်ဖိုးရှိတဲ့ အချိန်လေးတစ်ခုအဖြစ် အမြဲအမှတ်ရနေမှာပါ။ ခရစ်စမတ်ပွဲတော်ကာလရဲ့ ရသကို အပြည့်အဝပေးစွမ်းနိုင်ပြီး ဇာတ်လမ်းဇာတ်ကွက်ကောင်းလွန်းတဲ့ ရုပ်ရှင်ကားကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

The Polar Express

ဒီဇာတ်လမ်းလေးကတော့ ကောင်လေးငယ်ငယ်လေးတစ်ယောက် ထူးဆန်းတဲ့ ရထားကို စီးသွားမိတဲ့နောက် မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး ကိုယ့်လမ်းကိုယ်ဖောက်ရတဲ့ ခရီးတစ်ခုကို စတင်ခဲ့ရပါတယ်။ ယုံကြည်တဲ့သူတွေအတွက် ဘဝမှာ အံ့သြစရာတွေဟာ ဘယ်တော့မှကုန်မသွားဘူးဆိုတဲ့အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ခရစ်စမတ်ရဲ့ ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက မူလတန်းကျောင်းတော်တောများမှာတော့ ဒီရုပ်ရှင်ကားလေးကို သူတို့ရဲ့ ကျောင်းသားတွေကို ပြလေ့ရှိပါတယ်။ အေးချမ်းတဲ့ခရစ်စမတ်ကာလမှာ ကြည့်ရှုသူတွေရဲ့ စိတ်နုလုံးကို နွေးထွေးသွားစေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

READ
Harry Stylesနဲ့ လေယာဉ်ပေါ်မှာ ၁၀နာရီကြာ ဘေးချင်းကပ်ထိုင်ခွင့်ရခဲ့တဲ့ Alex Lomas

Rudolph the Red-Nosed Reindeer

“Rudolph the Red-Nosed Reindeer” ကတော့ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်တော်များများက တီဗွီလိုင်းအချို့မှာပြသတဲ့ ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ အသက်အရွယ်မရွေးကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ အပယ်ခံ သမင်လေးရယ်၊ သွားနတ်သားလေးရယ် နဲ့ စွန့်ပစ်ခံအရုပ်လေးတွေက ခရစ်စမတ်ကို ကယ်တင်ဖို့အတွက် စန်တာကို ကူညီကြတဲ့အကြောင်းလေးကို ရိုက်ပြထားတာဖြစ်ပါတယ်။

Frosty the Snowman

ဆောင်းရာသီ အရသာလေးကို ပေးစွမ်းနိုင်တဲ့ “Frosty the Snowman” ဆိုတဲ့သီချင်းလေးကိုတော့ ပရိသတ်တော်တော်များများသိကြမှာပါ။”Frosty the Snowman” ရုပ်ရှင်ကားလေးမှာတော့ ကလေးတွေက မှော်ဦးထုပ်လေးကို နှင်းလူရုပ်ရဲ့ ခေါင်းပေါ်မှာ တင်လိုက်တဲ့အချိန်မှာ နှင်းလူရုပ်က အသက်ဝင်ခဲ့တဲ့နောက် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

Home Alone

ခရစ်စမတ်အရသာကို ပေးနိုင်တဲ့ဇာတ်ကားတွေအကြောင်းပြောရင်တော့ Home Aloneက မပါမဖြစ်ပါပဲ။ Home Aloneကတော့ မိသားစုတွေ ခရစ်စမတ်ပိတ်ရက် ခရီးထွက်ချိန်မှာ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ၈နှစ်အရွယ်Kevinဆိုတဲ့  ကလေးလေးအကြောင်းပါ။ တက်ကြွပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ကလေးလေး Kevinကတော့ အချိုတွေတဝတပြဲစားပြီး အိမ်မှာတစ်ယောက်ထဲ အရမ်းကို ပျော်နေတာပါ။ လူစိမ်းသူခိုးတွေ သူ့ရဲ့ အိမ်ထဲကို ဝင်မလာခင်အချိန်ထိပေါ့။ လူစိမ်းသူခိုးတွေကို Kevin တစ်ယောက်ဘယ်လိုတွေ တိုက်ထုတ်မလဲဆိုတာ ဟာသတွေ၊စိတ်ဝင်စားစရာတွေနှောပြီးကြည့်ရှုရမှာဖြစ်ပါတယ်။

READ
ရေကူးကန်လေး သိပ်လှနေတော့ ရေစိမ်မိတာပေါ့လို့စ်ဆိုတဲ့ ပရိသတ်အချစ်တော် ခေးကြီးလု

A Charlie Brown Christmas

ဒီဇာတ်လမ်းထဲမှာတော့ Charlie Brownဆိုတဲ့ကောင်လေးက ပိန်လီခြောက်ကပ်နေတဲ့ ခရစ်စမတ်သစ်ပင်လေးကို ပြုစုပျိုးထောင်နေခဲ့တာပါ။ ဒါကြောင့်လည်း အခြားသူတွေက ရုပ်ဆိုးလွန်းတဲ့ အပင်ကိုမှာ ရွေးတဲ့ Charlie Brownဆိုပြီးတော့ လှောင်ပြောင်ကြပါတယ်။ အဆုံးမှာတော့ သေးငယ်လွန်းတဲ့ ဂရုစိုက်မှုလေးတစ်ခု၊ကြင်နာမှုလေးတစ်ခုက သစ်ပင်တစ်ပင်ကိုတောင် အပြောင်းအလဲတွေ ဖြစ်စေနိုင်တယ် ဆိုတဲ့အကြောင်းလေးကို သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Source: Thought Co.

SHARE