ခွေးလေးတွေသာ နားလည်နိုင်မယ့် ကမ္ဘာ့ပထမဆုံးသော ခရစ်စမတ်သီချင်း

Freepik- master1305

ခရစ်စမတ်သီချင်းတိုင်းဟာ တစ်ခါနားထောင်ရုံနဲ့ နားစွဲတတ်ကြတဲ့ ချစ်စဖွယ်သီချင်းလေးတွေပါပဲ။ သီချင်းဆိုရင် လူတွေအတွက်လို့ပဲ ထင်ခဲ့ကြပေမယ့်လို့ အခုအချိန်မှာတော့ ခွေးလေးတွေအတွက် ခရစ်စမတ်သီချင်းရယ်လို့ သီးသန့်ရှိနေခဲ့ပါပြီတဲ့။

Freepik- master1305

CNN ရဲ့ ဖော်ပြချက်အရ “Rise of Woof” ဆိုတဲ့ သီချင်းလေးကို ကျွန်တောါတို့ရဲ့ခြေလေးချောင်းအမွှေးပွလေးတွေ နားလည်စေဖို့အတွက် သိပ္ပံနည်းအရ ဖန်တီးထားခဲ့တာပါတဲ့လေ။ ဒီသီချင်းကိုတော့ Tails.com ဆိုတဲ့ ခွေးစာထုတ်ကုမ္ပဏီကနေပြီး ဦးဆောင်ကာ ဖန်တီးခဲ့တာပါ။

Reggae တေးဂီတရဲ့ beat တွေကို သုံးထားပြီးတော့ ခရစ်စမတ်ခေါင်းလောင်းတွေအပြင် ခွေးလေးတွေဆော့လေ့ရှိတဲ့ အသံမြည်အရုပ်လေးတွေရဲ့ ကွိစိကွစမြည်သံတွေကိုပါ ထည့်သွင်းထားခဲ့တာပါ။ ဗီဒီယိုကိုတော့ အွန်လိုင်းပေါ်မှာ အခမဲ့တင်ပေးထားခဲ့တာဖြစ်ပါတယ်။


ခွေးလေးတွေအတွက် ခရစ်စမတ်သီချင်းကို ခွေးပိုင်ရှင်တွေ ဖွင့်ပြတဲ့အခါမှာတော့ အိမ်မှာရှိနေတဲ့ခွေးလေးတွေဟာ ပျော်ရွှင်မှုကို ပြခဲ့ကြပြီးတော့ လိုက်လည်းဟောင်နေတဲ့ပုံရိပ်တွေကို Twitter မှ ခွေးပိုင်ရှင်တစ်ချို့ရဲ့ ဗီဒီယိုတွေအရ တွေ့ရမှာဖြစ်ပါတယ်။ စစ်တမ်းတွေအရ ခွေးလေးတွေဟာ reggae နဲ့ soft rock သံစဉ်တွေကို နားထောင်နေတဲ့အခါမှာ ပိုပြီးပျော်ရွှင်မှုကိုဖြစ်စေပါတယ်တဲ့လေ။


penny

SHARE