ဇာတ်ဝင်ခန်း ပိုပီပြင်စေဖို့ တကယ့်လေယာဉ်အစစ်ကို ဖောက်ခွဲခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ

Youtube-Christopher Nolan Talks About Boeing 747 PLANE SCENE In TENET

Hollywood ရဲ့ နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ Christopher Nolan ကိုတော့ Batman ပရိသတ်တော်တော်များများ သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ Nolan ရဲ့ The Dark Knight Trilogy ဟာ စူပါဟီရိုး ဇာတ်ကားတွေကို တစ်ခေတ်ဆန်းသစ်စေခဲ့သလို အခြားနာမည်ကျော် ဇာတ်ကားတွေဖြစ်တဲ့ Inception ၊ Intersteller ၊ Dunkirk စတဲ့ ဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာဖြစ်ပါတယ်။

အခုလည်း ဇူလိုင်လ (၁၆) ရက်နေ့မှာ ထွက်ရှိတော့မယ့် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Tenet ဇာတ်ကားမှာ Nolan ဟာ တစ်ကယ့်လေယာဉ်အစစ်ကို ဖောက်ခွဲပြီး ရိုက်ကူးခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Tenet ဇာတ်ကားမှာတော့ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Robert Pattinson, John David Washington နဲ့ Elizabeth Debicki တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စပိုင်ပုံစံရိုက်ထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာကြောင့် ဇာတ်ကားတစ်ကားလုံးကို သည်းထိတ်ရင်ဖို  စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ထူးခြားတာကတော့ လေယာဉ်ပျံပေါက်ကွဲတဲ့အခန်းမှာ CGI Effect မသုံးပဲနဲ့ တစ်ကယ့် လေယာဉ်ပျံအစစ်ကြီးကို ဖောက်ခွဲပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဖောက်ခွဲခဲ့တဲ့ လေယာဉ်ပျံကြီးကတော့ Boeing 747 လေယဉ်အမျိုးအစားပဲ ဖြစ်ပါတယ်။

READ
သိပ်ကိုလှလွန်း၊ချောလွန်းလို့ အလုပ်ခန့်ဖို့ ငြင်းဆန်ခံနေရတာပါလို့ဆိုလာတဲ့ ကောင်မလေး

 

 

View this post on Instagram

 

It’s a wrap! Christopher Nolan has wrapped production on TENET. Who’s excited for summer 2020? 🎥 #christophernolan #tenet

A post shared by Christopher Nolan (@christophernolann) on

“တစ်ချို့လူတွေကတော့ ဒီလိုလေယာဉ်အစစ်သုံးတာ ပိုပြီး အကုန်အကျများတယ်တို့၊ အပိုတွေလုပ်နေတယ်လို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ တစ်ကယ်လို့ CGI Effect သုံးပြီး ရိုက်ကူးမယ့် ကုန်ကျစရိတ်နဲ့ တစ်ကယ့်လေယာဉ်တစ်စင်းကို ဖောက်ခွဲပြီး ကုန်ကျစရိတ်က အတူတူပါပဲ။ ဒါ့ကြောင့် ပိုပြီး အလုပ်ရှုပ်မှာ သိပေမယ့် လေယာဉ်ပေါက်ကွဲတဲ့ အခန်းကို ပိုပြီး ပီပြင်စေချင်တာကြောင့် အခုလို Boeing 747 လေယာဉ်ပျံကြီးကို ဖောက်ခွဲပြီး ရိုက်ကူးခဲ့တာပါ” လို့ Nolan က ပြောကြားခဲ့ပါတယ်။

READ
ပေါင်600ဒဏ်ကြေးကြောင့်ကိုယ့်ကိုယ်ကို သတ်သေခဲ့သည့်ဆယ်ကျော်သက်ကောင်လေး

Pyi Hein Kyaw

SHARE