ကိုကြာနုကြီး Chuando Tan ရဲ့ ဇာတ်ကားသစ် ဒီနှစ်ထဲမှာ ထွက်ရှိမည်

Image:IG/Chuando Tan

Chuando Tan က တော့  အွန်လိုင်းပေါ်မှာ နုပျို လွန်းလို့ ကိုကြာနု ကြီး ဆိုပြီး နာမည်ကြီး ခဲ့တာပါ။တကယ်လည်း သူ့ရဲ့ အသက်နဲ့ ယှဉ်ရင် ရုပ်ရည် က အရမ်းနု ပျို လွန်း နေသူပါ။ဓါတ်ပုံဆရာ တစ်ယောက် အဖြစ် က နေ နုပျို လွန်း တဲ့ ရုပ်ရည် ကြောင့် နာမည်ကြီးလာပြီး ဆိုရှယ်မီဒီယာ Star တစ်ယောက် ဖြစ်လာခဲ့ပါတယ်။အခု ဆိုရင်တော့ သရုပ်ေ ဆာင် မင်းသား ပါ ဖြစ်လာခဲ့ပါပြီ။သူ့ရဲ့ ပထမဆုံး ပွဲ ဦး ထွက် ဇာတ်ကား ကတော့ Precious Is The Night ပါ။ဒီနှစ် ကုန်ပိုင်းလောက်မှာ ထွက်ရှိမယ်လို့ straitstimes မှာ ဖော်ပြထားပါတယ်။

Chuando Tan ကိုတော့ (၁၉၆၆)ခုနှစ်မှာ မွေးခဲ့တာဖြစ်ပြီး အသက်က တော့ (၅၄)နှစ်ပါ။(၆၀)နား နီး လာ  တဲ့ အ မျိုးသား တစ်ယောက်လို့ ကို လုံးဝ ထင်ရက်စရာမရှိ အောင် ရုပ်ကလည်း နုပျို နေသလို အားကစား လိုက်စား သူမို့ ကျန်းမာ ကြံ့ ခိုင်တဲ့ Body အချိုးအစားကိုပါ ပိုင်ဆိုင်ထားပါတယ်။ Precious Is The Night ကတော့ သူ့ရဲ့ ပွဲ ဦး ထွက် ဇာတ်ကားပါ။ဒီကားမှာ တော့ ခေါင်းဆောင် မင်းသား နေရာက နေ ပါဝင် ထားတာပါ။Tan က တော့ မော်ဒယ် အေဂျင်သီ တစ်ခု ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်သလို သူကိုယ်တိုင်လည်း မော်ဒယ်၊ဗီဒီယို ဒါရိုက်တာ ၊ recording artist  တစ်ယောက် ဖြစ်ပြီး (၁၉၉၀)လောက်တုန်းက အယ်ဘမ် တောင်မှ ထွက် ခဲ့ဖူးပါတယ်။ဒါပေမယ့် (၂၀၁၇) ကျ မှ ရုပ်နု လွန်းလို့ ဆိုပြီး လူမှု ကွန် ရက်စာမျက်နှာ ပေါ်မှာ စပြီး နာမည်ကြီး ပြီး လူသိများခဲ့တာပါ။

READ
ရင်သားခွဲစိတ်ပြုပြင်မှု လုပ်ထားတယ်လို့ စွပ်စွဲလာသူတွေကို Sunmi တုံ့ပြန်
Image:IG/Chuando Tan

သူ့ရဲ့ ဇာတ်ကား ကတော့ Mandarin-language ဇာတ်ကားပါ။(၁၉၆၀) ခေတ် လောက်က စင်ကာပူ ကို ကျောရိုး ယူထားတာပါ။Tan ကတော့ ဒီကားမှာ အသက် (၃၀)၀န်းကျင်ရှိတဲ့ ဆရာဝန် တစ် ယောက် နေရာ က နေ ပါဝင် ထားတယ်လို့ ပူးတွဲ ထုတ်လုပ်သူ mm2 Entertainment က ပြောပါတယ်။ဒီဇာတ်ကားမှာ တော့ မော်ဒယ် Nan yeli  ၊ မင်းသမီး Chang Tzulei တို့ အပြင် Xiang Yun,  Chen Yixin  နဲ့ Tay Ping Hui တို့ လည်း ပါ  ၀င် ထားပါတယ်။

Image:IG/Chuando Tan

ထိုင်ဝမ်-စင်ကာပူ ဒါရိုက်တာ Wayne Peng နဲ့ Lim Sau Hoong တို့ က ရိုက် ထားတာပါ။Tan ကတော့ ဒါရိုက်တာ နှစ်ယောက်ရဲ့ ကြင်နာမှု နဲ့ စိတ်ရှည် သည်းခံ မှုကို ကျေး ဇူး တင် ကြောင်း၊ဒီလို ဇာတ်ကားမှာ ပါဝင် ခွင့် ပေးတဲ့ပြီး အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေ နဲ့ အတူ တွဲ အလုပ်လုပ် ခွင့် ရလို့  ကျေးဇူး တင် ကြောင်း IG မှာ ပြောခဲ့ပါတယ်။ဇာတ်ကားရဲ့ Trailer ကိုလည်း သူ့ရဲ့ IG မှာ တင်ထားပါတယ်။

 

View this post on Instagram

 

终于要出炉了哈哈!这是我处女作电影 “今宵多珍重“的预告- 请大家多多指教 我要感谢导演彭文淳与才女林少芬 @sauhoonglim , 给我这一个珍贵的机会与人生经验 :)) 期待电影的上映 Finally ! The trailer of my feature film “Precious Is The Night “ ✌️ This is actually the debut film for the 3 of us – myself, together with renowned award-winning Taiwanese director Wayne Peng and producer Lim Sau Hoong @sauhoonglim , I want to thank you both for not only your kindness and patience, but also the golden opportunity to be involved in such sublime production to work along side with talented individuals like yourself and the entire production crews :)) Once again thanks and congrats to you all for your beautiful work :)) Can’t wait for the release of the film

A post shared by C H U A N D O 陈传多 (@chuando_chuandoandfrey) on

#SHWEMOM

SHARE