ရန်ဖြစ်နေတဲ့ လူအုပ်ကြီးထဲကို တစ်ကိုယ်တော် ဝင်ထိန်းခဲ့တဲ့ နာမည်ကြီး UFC ဖိုက်တာ

[email protected]

လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ အခုအချိန်အထိကို မပြီးဆုံးနိုင်သေးပါဘူး။ Georgr Floyd သေဆုံးမှုမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ Derek Chauvin ကို ရဲဝန်ထမ်းအဖြစ်မှ ရပ်ဆိုင်းပြီး အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်အထိကို ဆန္ဒပြသူတွေဟာ ဆူပူအကြမ်းဖက်မှုတွေ ပြုလုပ်နေဆဲပါပဲ။ အခုလည်း Los Angeles မြို့အနားရှိ Huntington ကမ်းခြေနားမှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးတစ်စု ရန်ဖြစ်ပြီး ပေါက်ကွဲခါနီးအခြေအနေလေးတစ်ခုမှာ UFC က နာမည်ကြီး နပန်းသမားတစ်ယောက်ဖြစ်တဲ့ Chuck Liddell ဟာ အဆိုပါလူအုပ်ကို တစ်ကိုယ်တော်ဝင်ထိန်းပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/Bpx4A5wgLb7/

ပြီးခဲ့တဲ့ ဇွန်လ ၃၁ ရက်နေ့မှာ Los Angeles မြို့အနီးအနားရှိ Huntington ကမ်းခြေနားမှာ လူအယောက် ၁၀၀ ကျော်ရှိတဲ့ လူအုပ်ကြီးဟာ George Floyd သေဆုံးမှုအတွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အကြောင်းကိစ္စတစ်ခုခုကြောင့်နဲ့ လူအုပ်ကြီးဟာ နှစ်ခြမ်းကွဲသွားပြီး တစ်ယောက်နဲပတစ်ယောက် ထိုးကြိတ်တော့မလိုအထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ဒေါသထွက်နေတဲ့ လူအုပ်ကြားထဲကို ရုတ်တရက် Chuck တစ်ယောက် ရောက်လာပြီး ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။

READ
မတော်တဆမှုကြောင့် မျက်စိကွယ်ပြီး ဘဝဆိုးခဲ့ရရှာတဲ့ ရှေ့နေလောင်းမလေး

ဗီဒိယိုထဲမှာတွေ့ရတဲ့အတိုင်း လူတစ်ယောက်ဟာ Chuck ကိုတောင် တွန်းလားထိုးလားလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် Chuck ဟာ အေးဆေးသည်းခံပြီး နှစ်ဦးနှစ်ဖက်ပြေလည်အောင် ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ Chuck ရောက်လာတဲ့အချိန်မှာ နှစ်ဖက်လူအုပ်ဟာ တော်တော်အသံတိတ်သွားတာပါပဲ။ နောက်ဆုံး Chuck တစ်ယောက် ပြေလည်အောင် ညှိနှိုင်းပေးနိုင်ခဲ့ပြီးနောက်မှာတော့ အဆိုပါလူအုပ်ကြီးဟာ ဆန္ဒပြဖို့ ငြိမ်းချမ်းစွာ ထွက်သွားတော့ကြောင်း သိရပါတယ်။

“ဒီအခြေအနေတွေမှာ လူတိုင်းကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကိုယ့်ကို မကျေနပ်တဲ့လူ၊ မုန်းတဲ့လူတွေဟာ အချိန်မရွေး ဒီလိုအချိန်မှာ ရန်ရှာနိုင်ပါတယ်။ အကောင်းဆုံးကတော့ အိမ်ထဲမှာပဲ နေကြပါ။ ဆန္ဒပြတဲ့ လူတွေကလည်း ဆန္ဒပြလို့ ရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြကြပါ။ အခုလို ဆူပူအကြမ်းဖက်မှုတွေဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေလို့လဲ လိုချင်တဲ့ တရားမျှတမှုဆိုတာတွေကို ဘယ်တော့မှ ရလာမှာမဟုတ်ပါဘူး” လို့ Chuck က ပြောကြားခဲ့ပါတယ်။

READ
အိမ်လခ မပေးနိုင်သေးသူကို အိမ်ရှင်ကပေးခဲ့တဲ့ ရင်တုန်ဖွယ် အခွင့်အလမ်း

Pyi Hein Kyaw

SHARE