Hollywood ရုပ်ရှင်လောကရဲ့ နာမ်ာကျော် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Chuck Norris ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ The Delta Force, The Expendables 2, The Way of Dragon, Missing in Action အစရှိတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ Chuck ဟာ ရုပ်ရှင်နယ်ပယ် တစ်ခုတည်းမှာသာမက ကိုယ်ခံပညာ၊ ဇာတ်ကားထုတ်လုပ်ရေး၊ ဇာတ်ညွှန်းရေးဆရာ အစရှိတဲ့ နယ်ပယ်တွေမှာသာ ထင်ရှားကျော်ကြားလှတဲ့ မင်းသားကြီးတစ်ဦး ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ ကိစ္စမှာ Chuck တစ်ယောက် ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်လာပါသေးတယ်။
I have no doubt Chuck Norris is MAGA but this guy isn’t him. Very good lookalike but too young. pic.twitter.com/kD8bXNRzlW
— Danielle Huss (@daniellehuss) January 12, 2021
အပေါ်က ပုံမှာ တွေ့ရတာကတော့ အမေရိကန်လွှတ်တော်အဆောက်အအုံအရှေ့မှာ ဆန္ဒပြနေသူတစ်ဦးဟာ ရုတ်တရက် ကြည့်လိုက်ရင် Chuck နဲ့ ဓာတ်ပုံတွဲရိုက်ထားသလိုပါပဲ။ အဆိုပါ ဓာတ်ပုံကြောင့် Chuck တစ်ယောက် ဆန္ဒပြတဲ့အထဲမှာ ပါဝင်ခဲ့တယ်ဆိုပြီး ပရိသတ်တွေက အထင်လွဲခဲ့ကြပါသေးတယ်။ တစ်ကယ်တော့ အဆိုပါ ဓာတ်ပုံထဲက အမျိုးသားကြီးဟာ Chuck မဟုတ်ပဲ Chuck နဲ့ ရုပ်ချင်းဆင်တဲ့ လူတစ်ယောက် ဖြစ်နေတာပါပဲ။ အဲဒါကို ဆန္ဒပြတဲ့ လူတစ်ယောက်က Chuck ထင်ပြီး selfie အတူတူ ရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
“အဲဒီဓာတ်ပုံထဲကလူဟာ ကျွန်တော်မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလိုဟာ ကျွန်တော်နဲ့ တော်တော်လေးကို ဆင်တူလွန်းနေတာကြောင့် လူတော်တော်များများက ကျွန်တော်လို့ပဲ ထင်နေခဲ့ကြတာပါ။ အဲဒီနေ့က ကျွန်တော် လွှတ်တော်အဆောက်အအုံအရှေ့မှာ လုံးဝရှိမနေခဲ့ပါဘူး။ ပရိသတ်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ ကျွန်တော်ဟာ အမေရိကန်နိုင်ငံရဲ့ ဥပဒေကို အမြဲတမ်း လေးစားလိုက်နာနေတဲ့ လူတစ်ယောက်ပါ”လို့ Chuck က သူ့ရဲ့ twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။
I recently learned there was a Chuck Norris lookalike at the DC Capitol riots. It wasn’t me and I wasn’t there. There is no room for violence of any kind in our society. I am and always will be for Law and Order.
Your friend, Chuck Norris pic.twitter.com/LruKwViWRL
— Chuck Norris (@chucknorris) January 12, 2021
Pyi Hein Kyaw