ကိုယ်ကိုကိုယ်သေကြောင်းကြံစည်ရတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ဖွင့်ဟလာတဲ့ ခြူးလေး

MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “ရွှေဖူးစာဆုံရာမြေ” ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတဲ့ ခြူးလေးကတော့ လတ်တလောမှာ သူမရဲ့ ချစ်သူဟောင်းနဲ့ ပြဿနာဖြစ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကလည်း တော်တော်လေး စိတ်ပူပန်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခြူးလေးရဲ့ ချစ်သူဟောင်းဖြစ်တဲ့ မင်းသား ဟိန်းကိုကိုကျော်ကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် ခြူးလေးကတော့ ဒီကနေ့မှာ ဆိုရှယ်မီဒီယာပေါ်မှာ သူမ သေကြောင်းကြံစဉ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ထုတ်ဖေါ်ပြောဆိုလာခဲ့ပါတယ်။

ခြူးလေးကတော့ “ခုလို ပြန်ရှင်းပြရတာကလည်း Page များရဲ့ ပြင်းထန်လှတဲ့ ခေါင်းစဉ်အမျိုးမျိုး ရဲ့ အောက်မှာ အလူးအလဲ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကာယကံရှင် ဖြစ်တဲ့ ခြူး ရယ် မဂျူးဂျူးပန်ထွာရယ်တစ်ယောက်သောသူ အတွက်ရယ်ပါ “လို့ရေးသားပြီး အကြောင်းစုံကို ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။

READ
တွစ်တာ Followers သန်းတစ်ရာပြည့်သွားတဲ့ ဂျက်စတင်ဘီဘာ

Source: Chue Lay

 

SHARE