Now & Ever ထဲမှာ ဇာတ်ဝင်သီချင်းတစ်ပုဒ် သီဆိုပေးခဲ့တဲ့ ခြူးစစ်ဟန်

Image:fb/Chuu Sitt Han/Now & Ever

ထာဝရ နှောင်ကြိုး Now & Ever ထဲက ဇာတ်ဝင်သီချင်းတွေ ကတော့ ထွက်ရှိလာခဲ့ပါပြီ။ သီချင်းအားလုံးက အမိုက်စား သီချင်းလေးတွေမို့ အခွေ ထုတ်ပေးဖို့ ပရိသတ်က တောင်းဆိုခဲ့သလို တကယ်လည်း ဇာတ်ဝင်သီချင်းတွေကို စုစာည်း ထားတဲ့ အခွေ ထွက်ရှိလာခဲ့ပါတယ်။ Now and Ever ထဲမှာ ခြူးစစ်ဟန်သီဆို ပေးထားတဲ့ ဇာတ်ဝင်သီချင်း တစ်ပုဒ်လည်း ပါဝင်ခဲ့ပါတယ်။ သီချင်လေးရဲ့ နာမည်ကတော့ ဖြတ်လိုက်တော့ ပါ။

Image:fb/Chuu Sitt Han
Image:fb/Chuu Sitt Han

ဒီသီချင်းလေးကိုတော့ ဇဏ်ခီက ရေးဖွဲ့ပေးပြီး ခြူးစစ်ဟန်က သီဆိုထားတာပါ။ သီချင်းလေးက တော့ Blues သီချင်းလေးပါ။ ခြူးစစ်ဟန်က တကယ့်ကို လုံးဝ အမိုက်စားသီဆို ပေးထားပြီး ဇာတ်ကားကြည့်သူတိုင်း သေချာ ပေါက် သတိထားမိခဲ့တဲ့ ဇာတ်ဝင်သီချင်းလေးပါ။ ခြူးစစ်ဟန်ကတော့ သူမရဲ့ သီချင်းလေးကို အားပေးကြဖို့ Fb စာမျက်နှာ ပေါ် မှာ အခုလို  တောင်းဆိုထားပါတယ်။

READ
နိုင်းနိုင်းနဲ့ မာရီယို ဘယ်သူပိုချောတယ်ထင်လဲ?

“အရာအားလုံးက ကောင်းဖို့အတွက်ဖြစ်လာခဲ့တာပါ 😇😇

ဒီနေ့ ခြူး Now & Ever ထာဝရ နှောင်ကြိုး ရုပ်ရှင် ကားကြီးထဲမှာ ဇာတ်ဝင်တေး ဆိုပေးထား တဲ့ ခြူး သီချင်း ခွေလေးထွက်ပါပြီ 🙏🙏
နားဆင်ခံစားအားပေးကြပါအုံး ချစ်ဆုံးတို့ရေ 😘😘..” ဆိုပြီး တင်ထားပါတယ်။

Image:fb/Chuu Sitt Han

“(ဖြတ် လိုက်တော့ )😊😊
မှတ်မိ သေးတယ် ဒီသီချင်းလေး recording လုပ်တုန်းက နှစ်ရက်ထဲနဲ့ သေချာ နားထောင်ပြီးကြိုးစားခဲ့ရတဲ့သီချင်းလေး 😍😍
ပါဝင် သီဆိုဖို့ ကမ်းလှမ်း ပေးခဲ့တဲ့ ကိုကြီး Zenn Kyi နဲ့ မမ Christina Kyi. တို့ကို ကျေးဇူးများကြီးတင်ပါတယ်ရှင့်
😘😘😘…” ဆိုပြီးတော့လည်း တင်ထားပါတယ်။

Image:fb/Now & Ever
Image:fb/Chuu Sitt Han

ခြူးစစ်ဟန်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ် ။နောက်ဆုံး Top 11 အထိ ပါဝင်ခဲ့ပေမယ့် ပထမဆုံး Live Show စဆိုတဲ့  ပွဲမှာပဲ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။ Now & Ever ဇာတ်ကားကတော့ ဒါရိုက်တာ ခရစ်စတီးနားခီ ရိုက်ကူး ပုံဖော်ထားပြီး ဇဏ်ခီနဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ အချစ်ဇာတ်ကားကောင်းလေးဖြစ်ခဲ့ပါတယ်။

READ
့မြမြ ရုပ်ရှင်ကားအတွက် သရုပ်ဆောင်သစ်ရွေးပွဲမှာ တွေ့ရတဲ့ သင်ဇာဝင့်ကျော်
Image:fb/Chuu Sitt Han

Source: Chuu Sitt Han

SHARE