ချစ်သူနဲ့ လက်ထပ်တော့မယ့် ကာယဗလမောင်ကြီး Chul Soon

Image:IG/Chul Soon

နာမည်ကျော် ကာယဗလ မောင်ကြီး Chul Soon က တော့ သူချစ်ရတဲ့ ချစ်သူ လေးနဲ့ မကြာခင် ရက်ပိုင်းတွင်းမှာ လက်ထပ် တော့မှာပါ။Chul Soon  ကတော့ ကမ္ဘာကျော် bo dybuilder တစ်ယောက် ဖြစ်သလို Sport Model တစ်ယောက် အဖြစ်ပါ ရပ်တည် နေသူပါ။လူ့ဗလ ကြီးလို့ တောင် ပြောလို့ရတဲ့ အထိ သူ့ရဲ့ Body က ကြံ့ခိုင် ကြီးမား လွန်းပါတယ်။အခုဆိုရင်တော့ သူ့ဘ၀ ရဲ့ လက်တွဲ ဖော်ကို တွေ့ခဲ့ပြီး မင်္ဂလာရက်ကို တော့ သူ့ရဲ့ IG မှာ ဝေမျှ ခဲ့ပါတယ်။

Image:IG/Chul Soon
Image:IG/Chul Soon

မင်္ဂလာပွဲကိုတော့ (၂၀၂၀) ဖေ ဖော်ဝါရီ (၉)ရက်နေ့မှာ ကျင်းပမှာပါ။ပွဲကိုတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Shilla  ဟိုတယ်က Shilla Dynasty Hall မှာ ကျင်းပပြုလုပ်မှာပါ။မင်္ဂလာ ပွဲ အစီအစဉ်ကိုပါ သူ့ရဲ့ IG မှာ ကြေညာထားတာပါ။

Image:IG/Chul Soon
Image:IG/Chul Soon

မင်္ဂလာပွဲကိုတော့ Live Streaming ပြသ သွားမှာပါ။မင်္ဂလာပွဲ ကိုတော့ အခန်းကဏ္ဍ နှစ်ခု ခွဲ ကျင်းပမှာပါ။ ပထမက မင်္ဂလာ အခမ်းအနား၊ဒုတိယ အစီအစဉ် ကတော့ Fitness performance battle ဆိုပြီး နှစ်ပိုင်းခွဲ ပြသမှာပါ။Monsterzym Youtube Live မှာ ပြသ သွားမှာပါ။

Chul Soon  ကတော့ ကိုရီးယားလူမျိုးပါ။သူ့ကို ဆိုရင် တော့ fitness လောကမှာ မသိသူ မရှိပါဘူး။Fitness လောကရဲ့ ဆရာတစ်ဆူ ဆိုပြီး အသိအမှတ်ပြု ခံထားရသူပါ။ချောမေတဲ့ ရုပ် ရည် အပြင် ကြွက် သား တွေနဲ့ ပြည့်နေတဲ့ အမိုက်စား Body ကြီးကိုပါ ပိုင်ဆိုင်ထားတာကြောင့် လူသိများသူပါ။

READ
ဒိတ်ဒိတ်ကြဲ သူဌေးတွေနဲ့ လက်ထပ်ခဲ့တဲ့ ကိုရီးယားမင်းသမီးများ
Image:IG/Chul Soon
Image:IG/Chul Soon

Chul Soon ကတော့ Musclemania World Pro  နဲ့ Model Korea Champion ပါ။ ကိုရီးယားက ကြော်ငြာတွေ၊မဂ္ဂဇင်းတွေနဲ့ TV Show တွေမှာပါ မကြာခဏ ပါဝင် ပေးနေတဲ့၊ တွေ့ နေရတဲ့ ဆယ်လီ တစ်ယောက်ပါ။

Source:Chul Soon’sIG & chulsoon.com/

SHARE