မြွေဆိပ်သောက်ပြီး မြွေကိုင်ကာ ၀တ်ပြုဆုတောင်းကြတဲ့ အမေရိကန် ဘာသာရေးဓလေ့

အမေရိကန်နိုင်ငံက ဘုရားရှစ်ခိုးကျောင်းအချို့မှာ  မြွေတွေကို ပွတ်သပ်ကိုယ်တွယ်ပြီး မြွေဆိပ်သောက်တဲ့ အကျင့်ထူးတစ်ခုဟာ ထုံးတမ်းစဉ်လာအဖြစ် ကျော်ကြားခဲ့ဖူးပါတယ်။ ၄င်းဓလေ့ကို အမေရိကန်နိုင်ငံရဲ့ ကန်တက်ကီ၊ ဗာဂျီးနီးယား၊ တန်နက်စီ၊ ဂျော်ဂျီယာနဲ့ အနောက်ဗာဂျီးနီးယားပြည်နယ်တို့ရဲ့ တောတောင်ပေါများတဲ့ ကျေးလက်ဒေသတွေမှာ ကျင့်သုံးခဲ့ကြပါတယ်။

MEDIADRUMIMAGES / TOPFOTO / RETRONAUT

၎င်းဓလေ့ကို တန်နက်စီပြည်နယ်နေ သင်းအုပ်ဆရာ ဂျော့ဂ်ျဟန်းစ်စလေက သူ့ရဲ့ ဘုရားရှစ်ခိုးကျောင်းမှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ သူကိုယ်တိုင်လည်း မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ သတင်းတွေအရတော့ ဂျော့ဂ်ျဟန်းစ်စလေဟာ နောက်ဆုံးအကြိမ် မြေကိုက်ခံပြီး မသေဆုံးခင် ရှေ့မှာလည်း အကြိမ်ပေါင်း(၄၀၀) ကျော် မြွေကိုက်ခံရဖူးပြီး ဖြစ်တယ်လို့ သိရပါတယ်။

MEDIADRUMIMAGES / TOPFOTO / RETRONAUT

(၁၉၄၀) ခုနှစ်က အစပြုခဲ့တဲ့ မြွေကိုင်ဓလေ့ရဲ့ ပုံရိပ်တွေကိုတော့ အခုလိုတွေ့မြင်ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ကလေးတစ်ယောက်ကို မြွေပြနေတဲ့ အမျိုးသားရဲ့ ပုံရိပ်တွေနဲ့အတူ အုပ်စုလိုက် မြွေကို ကိုင်တွယ်ပြီး ဘုရားဆီဆုတောင်းနေတဲ့ ပုံတွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဘာသာရေးဝတ်ပြုဆုတောင်းပွဲတွေမှာ လွန်ခဲ့တဲ့(၆) နှစ်အတွင်း မြွေကိုက်လို့ သေဆုံးသူ(၃) ယောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

READ
မာရီလင်မွန်ရိုး ပရိသတ်ရှေ့မှောက်နောက်ဆုံးရောက်ရှိခဲ့တဲ့ပွဲ (သို့) သမ္မတကနေဒီရဲ့ မွေးနေ့
MEDIADRUMIMAGES / TOPFOTO / RETRONAUT

မိုက်ကယ်တော်လမီဆိုသူ လင်ကွန်းမယ်မိုရီရယ်တက္ကသိုလ်က သမိုင်းသင်ဆရာတစ်ဦးကတော့ USA Today ကို အခုလို ပြောပြပါတယ်။ “ယေဘူယျ ပြောရရင် ဒါက Appalachia ဒေသတွင်း ယုံကြည်မှုဖြစ်စဉ်တစ်ခုပါ။ (၁၉၃၀) ခုနှစ်တုန်းကတော့ အရမ်းပေါ်ပြူလာဖြစ်ခဲ့တဲ့ ဓလေ့လည်း ဖြစ်ပါတယ်။ (၁၉၄၀) ခုနှစ်တွေမှာတော့ ဘုရားရှစ်ခိုးရင်း မြွေကိုက်လို့ သေတဲ့သူတွေ များလာတာကြောင့် ဒီဓလေ့ကို တားမြစ်ခဲ့ပါတယ်။”

MEDIADRUMIMAGES / TOPFOTO / RETRONAUT

ဒီဓလေ့ကို အာဏာပိုင်တွေက တားမြစ်ခဲ့ပြီးဖြစ်ပေမယ့် ဆက်လက်ကျင့်သုံးနေတဲ့ ဘုရားကျောင်းအချို့လည်း ရှိနေပါသေးတယ်။ (၂၀၁၄) ခုနှစ်မှာတော့ ဂျေမီကွတ်ဆိုသူ သင်းအုပ်ဆရာတစ်ဦးဟာ မြွေကိုင်ဆုတောင်းရင်း မြွေပေါက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

MEDIADRUMIMAGES / TOPFOTO / RETRONAUT

ပြီးခဲ့တဲ့ နှစ်မှာတော့ ဂျေမီကွတ်ရဲ့ သားဖြစ်သူ ကိုဒီဟာလည်း မြွေကိုက်ခံရပြီး သေလုနီးနီးအခြေအနေထိ ဖြစ်ခဲ့ပါတယ်။ သူဟာ ကန်တက်ကီပြည်နယ်  Full Gospel Tabernacle ဘုရားကျောင်းမှာ မြွေကိုကိုင်တွယ်ပြီး ဆုတောင်းနေခဲ့ရာက ဖခင်နည်းတူ မြွေပေါက်ခံရတာ ဖြစ်ပါတယ်။  Full Gospel Tabernacle ဘုရားကျောင်းဟာ အန္တရာယ်များလှတဲ့ အဆိပ်ပြင်းမြွေတွေကို ကိုင်တွယ်တဲ့ဓလေ့ကို ယနေ့ခေတ်အထိ ဆက်လက် ကျင့်သုံးနေသေးတဲ့ ဘုရားကျောင်းဖြစ်ကြောင်းလည်း သိရပါတယ်။

READ
ပါးစပ်အဟောင်းသား ဖြစ်စေမယ့် ရှေးဟောင်းရောမလူမျိုးတို့ရဲ့ အဆန်းကြယ်ဆုံးဖြစ်ရပ်များ
MEDIADRUMIMAGES / TOPFOTO / RETRONAUT

လင်းလင်း(ShweMom)

Ref: thesun

SHARE