ပညာရှင်တွေပြောတဲ့ စီးကရက်အစီခံတွေရဲ့ အကြီးမားဆုံးဆိုးကျိုးအကြောင်း

Pexels/Basil MK

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပလတ်စတစ်တွေဟာ ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာကို လူတွေ သိကြပြီး ဖြစ်ပါတယ်။ ပလတ်စတစ်တွေလိုပဲ သဘာဝပတ်ဝန်းကျင်ကို နောက်ထပ် ဖျက်ဆီးနေတဲ့ အရာကတော့ စီးကရက်အစီခံတွေဖြစ်တယ်လို့  Anglia Ruskin တက္ကသိုလ်ရဲ့ သုတေသနသမားတွေက ဆိုပါတယ်။ ဒီအကြောင်းအရာကိုတော့ CBS သတင်းဌာနက ဖော်ပြေခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်း စီးကရက်ဖင်စီခံပေါင်း (၄.၅) ထရီလီယံလောက်ကို အမှိုက်တွေအဖြစ် တွေ့ရတာကြောင့် သူတို့ရဲ့ အန္တရာယ်ကလည်း မသေးလှပါဘူး။ သုတေသနသမားတွေက ဆေးလိပ်တိုတွေကို မြက်ခင်းထဲမှာ ထားကြည့်တဲ့အခါ ၄င်းနေရာမှာရှိတဲ့ မြက်တွေနဲ့ အညှောင့်ပေါက်နှုန်း၊ ကြီးထွားသန်စွမ်းမှု နှေးကွေးသွားတာကို လေ့လာသိရှိခဲ့ပါတယ်။ ဆေးလိပ်တိုတွေဟာ လူတွေရဲ့ ပယောဂကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းရတဲ့နေရာမှာ အဓိကနေရာက ပါဝင်နေပြီး ကမ္ဘာတစ်ဝှမ်း အများဆုံးတွေ့ရတဲ့ အမှိုက်အမျိုးအစားလည်း ဖြစ်ပါတယ်။

READ
ကျောင်းသားတစ်ဦးကို သစ်ပင်(၁၀) ပင်စီစိုက်ပြီးမှ ဘွဲ့ရတော့မယ့် ဖိလစ်ပိုင်ဥပဒေသစ်
Pexels/Public Domain Pictures

စီးကရက်အစီခံအများစုထဲမှာ ဆဲလူးလို့စ်အက်စီတိတ် အမျှင်တစ်မျိုး ပါဝင်ပါတယ်။ ၄င်းဟာ ဘိုင်အိုပလတ်စတစ်တစ်မျိုးဖြစ်ပြီး သူ့အလိုအလျောက် ဇီဝပြိုကွဲနိုင်တဲ့ အစီခံစစ်ကိရိယာမဟုတ်ပါဘူး။ ဒါကြောင့် အပင်တွေကြီးထွားမှုကို ပျက်စီးစေတာ ဖြစ်ပါတယ်။

စီးကရက်အစီခံတွေရဲ့ ပြဿနာက ဒီလောက်နဲ့တင်မဟုတ်ပါဘူး။ သူတို့ဟာ ပင်လယ်သမုဒ္ဒရာထဲအထိတောင် ညစ်ညမ်းမှုပေးပါတယ်။ ပင်လယ်ကမ်းရိုးတန်းနဲ့ မြို့ပြကြီးတွေက လွှင့်ပစ်တဲ့ အမှိုက်တွေထဲမှာဆိုရင် သူတို့တွေဟာ (၃၀-၄၀) ရာခိုင်နှုန်းလောက်ထိ ပါဝင်နေလေ့ရှိပါတယ်။ စီးကရက်တောင့်တွေက သူတို့ဘာသာ သူတို့ အလိုအလျောက်ဆွေးမြေ့ပျက်စီးနိုင်ပေမယ့် အစီခံတွေကတော့ နှစ်ပေါင်းများစွာ ကြာအောင် မဆွေးမြေ့နိုင်ပဲ ပုံမပျက် ရှိနေတာပါ။

Pexels/Sera Cocora

ဒါကြောင့် ပညာရှင်အချို့ကတော့ ၄င်းအစီခံတွေကို စီးကရက်တွေထဲ ထည့်သုံးခြင်းကို တားမြစ်သင့်ကြောင်း အကြံပြုထားကြပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း ကယ်လီဖိုးနီယားမှ ဥပဒေပြုအရာရှိ ဟန်နာဘက်သ်ဂျက်ဆင်က ဆေးရွက်ကြီးနဲ့ ဆက်စပ် စွန့်ပစ်ပစ္စည်းပမာဏကို လျော့ချနိုင်ဖို့အတွက် စီးကရက်တွေမှာ အစီခံအသုံးမပြုရဥပဒေကို တရားဝင်ဖြစ်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

READ
သစ်တောတွေကို မခုတ်ဖို့ အခကြေးငွေပေးပြီး တားဆီးခဲ့တဲ့ နော်ဝေနိုင်ငံ

လင်းလင်း (ShweMom)

SHARE