ဝိတ်ကျအောင် gym ဆော့ခိုင်းကာမှ gym မှာ အပျင်းလာထူနေတဲ့ ကြောင်ကြီး

youtube/viral world

စင်ဒါဘလော့ခ်အမည်ရတဲ့ ကြောင်တစ်ကောင်ဟာ တိရစ္ဆာန်တွေကို ကစားခိုင်းတဲ့ အထူးစက်ခါးပတ်ပေါ်မှာ လေ့ကျင့်ခန်းကောင်းကောင်းမလုပ်ပဲ အပျင်းထူနေခဲ့တာကို dailymail က သတင်းတစ်ပုဒ်မှာ တွေ့လိုက်ရပါတယ်။ အဆိုပါကြောင်ဟာ အမေရိကန် ၀ါရှင်တန်ပြည်နယ် ဘယ်လင်ဟမ်မြို့က ကြောင်တစ်ကောင်ဖြစ်ပါတယ်။

youtube/viral world

စင်ဒါဘလော့ခ်က တော်တော်လေး ၀နေတဲ့အတွက် ၀ိတ်လျော့တဲ့ပရိုဂရမ်တစ်ခုမှာ သူ့သခင်က သူ့ကို လာကစားခိုင်းတာပါ။ ဒါပေမယ့် သူက ကောင်းကောင်းမဆော့ပဲ ငပျင်းစတိုင်နဲ့ လေ့ကျင့်ခန်းလုပ်နေတာကို ရယ်စရာကောင်းစွာ တွေ့ရမှာ ဖြစ်ပါတယ်။ သူက စက်ခါးပတ်ရဲ့ ထောင့်တစ်ခုမှာ ကပ်နေလိုက်ပါတယ်။ ပြီးတော့ ခြေထောက်လေးဖက်စလုံးနဲ့ စက်ပေါ်မှာ မပြေးပဲ ခြေတစ်ချောင်းတည်း လှုပ်ပြီး ကစားနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ စင်ဒါဘလော့က တစ်ချိန်လုံး တမြှောင်မြှောင်နဲ့ သူ့ကို ဗီဒီယိုရိုက်နေသူကို ကြည့်ပြီး အော်နေပါသေးတယ်။ ဒီလိုပုံအတိုင်းသာဆို ဖက်တီးပုပ် စင်ဒါဘလော့ခ်တစ်ကောင်တော့ ၀ိတ် ကျဦးတော့မှာပါပဲ။ စင်ဒါဘလော့ခ်လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်ဘက်မှာ ဖော်ပြပေးလိုက်ပါတယ်။

READ
အဆိုးဝါးဆုံး Tattoo လို့ သတ်မှတ်ခံထားရတဲ့ တိရစ္ဆာန်ပုံ Tattoo များ

လင်းလင်း (ShweMom)

SHARE