အပြောင်းအလဲများလွန်း Mulan ကြောင့် ပိုစတာတွေကို ရိုက်ခွဲဖျက်ဆီးခဲ့တဲ့ ရုပ်ရှင်ရုံပိုင်ရှင်

Twitter/destinationcine

Mulan ဇာတ်ကားကို အားလုံး မျှော်နေကြမှာပါ။ မကြာမီမှာလည်း Mulan ဇာတ်ကားဟာ ပရိသတ်ရှေ့မှောက်ကို ရောက်လာတော့မှာပါ။ ဒါပေမယ့် နဂိုက စီစဉ်ထားတဲ့ ရုံတင်စနစ်မျိုးနဲ့မဟုတ်ဘဲ၊ အွန်လိုင်းစနစ်ကနေ ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက်တော့ Disney ပရိသတ်တွေက ကျေနပ်ကြမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ(၄)ရက် အင်္ဂါနေ့က Disney ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာတော့ Mulan ဇာတ်ကားကို နိုင်ငံတော်တော်များများမှာ ရုံတင်စနစ်နဲ့ ပြသတော့မှာမဟုတ်ကြောင်း၊ စက်တင်ဘာမှာ အွန်လိုင်း Streaming အဖြစ် Disney+ ချန်နယ်တွေကနေ အခကြေးငွေနဲ့ ပြသမှာလို့ ဆိုပါတယ်။

 

View this post on Instagram

 

Only a party bus could fit this dress 🚌😂 Thanks to everyone for their hard work! An unforgettable night ❤️

A post shared by Liu Yifei (@yifei_cc) on

Mulan ဇာတ်ကား ပြသဖို့အတွက် တကယ်တမ်းရည်ရွယ်ထားတဲ့ သတ်မှတ်ရက်တွေဟာ ကိုဗစ်ကပ်ဆိုး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ အကျိုးသက်ရောက်မှုအချို့တွေကြောင့် မကြာခဏ ရွှေ့ဆိုင်းတာတွေ၊ မကြာခဏ ပယ်ဖျက်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ မတ်လကတည်းက ရုံတင်ဖို့စောင့်နေတဲ့ ရုပ်ရှင်ရုံတွေ မကြာခဏ အခက်အခဲ ဖြစ်ခဲ့ပါတယ်။

အခုလည်း ပြင်သစ်က ရုပ်ရှင်ရုံပိုင်ရှင်တစ်ဦးကတော့ Disney ရဲ့ မကြာခဏအတည်ပြုလို့မရတဲ့ ပြောင်းလဲမှုကြောင့် Mulan ပိုစတာကို စိတ်ဆိုးမာန်ဆိုးနဲ့ ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ပိုင်ရှင်ရဲ့အမည်ကတော့ Gerard Lemoine ဖြစ်ပြီး သူရဲ့ဗွီဒီယိုဖိုင်ဟာ တွစ်တာပေါ်ကနေတစ်ဆင့် လူစိတ်ဝင်စားမှု များခဲ့ပါတယ်။

 

 

View this post on Instagram

 

❤️ #Repost • @nikicaro Dear Mulan Fans, Making this film has been one of the most satisfying and exhilarating experiences of my entire career, and I’ve been so fortunate to be on this journey with some of the best cast and crew in the business – people who truly embody the attributes of Loyal, Brave, and True. We are so excited to share this film with the world, but given the current ever-shifting circumstances we are all experiencing, unfortunately, we have to postpone the worldwide release of MULAN for now. Our hearts are with everyone the world over who is affected by this virus, and we hope that Mulan’s fighting spirit will continue to inspire those who are working so hard to keep us all safe. Thank you for all of your enthusiasm and support, and I can’t wait for the day where we will all get to experience this tale of a girl warrior who became a legend together #mulan #yifei_cc #loyalbravetrue With love, Niki Caro

A post shared by Liu Yifei (@yifei_cc) on

ဟောလိဝုဒ်ရဲ့ကုန်သွယ်ရေး/ထုပ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Deadline က Gerard ထံကို ဆက်သွယ်မေးမြန်းခဲ့ရာ Gerard က သူ့အနေနဲ့ Mulan ဇာတ်ကားကို အမျှော်လင့်ကြီး မျှော့်လင့်ပြီး လပေါင်းများစွာအတွင်း အိတ်စိုက်ကာ ပရိုမိုးရှင်းတွေလုပ်ခဲ့ကြောင်း ဆိုပါတယ်။

သူက “အခုအနေအထားက ကျွန်တော်တို့လို အများစုအတွက် လုပ်ငန်းလည်ပတ်ဖို့တောင် အတော်လေး သက်ရောက်မှု ရှိနေချိန်ပါ … ဒါပေမယ့် လာမယ့်အပတ်တွေမှာတော့ သိပ်ကိုကောင်းမွန်တဲ့ ဇာတ်ကားတွေနဲ့ ပြန်ပြီး စည်ကားလာလိမ့်မယ်လို့ မျှော်လင့်မိတာပေါ့ … ”လို့ ကြိတ်မနိုင်ခဲမရ ပြောခဲ့ပါတယ်။

 

သူက “ အခု ကျွန်တော်တို့မှာ Mulan ကို ဆုံးရှုံးလိုက်ရတော့ … ကျွန်တော်တို့မှာ ဇာတ်ကားကို ကာလရှည်စောင့်ဆိုင်းနေခဲ့ရတဲ့ ပရိသတ်တွေဆီက ဖြစ်တန်ခြေရှိတဲ့ ကမ်းလှမ်းမှုတွေကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပါဘဲ … ဒီဇာတ်ကားကို ကျွန်တော်တို့က အများကြီး မျှော်လင့်ထားတာ … ပြီးခဲ့တဲ့ ခက်ခဲတဲ့ ရက်သတ္တပတ်တွေကို ကာမိစေမယ်လို့ ထင်နေခဲ့တာ ”လို့ ပြောခဲ့ပါတယ်။

လက်ရှိ Mulan ဇာတ်ကားဟာ (၁၉၉၈)ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Mulan Animation ဇာတ်ကားကို ပြန်လည်သရုပ်ဖော်ထားတာပါ။ ထိုခေတ်ထိုအခါက Mulan ဇာတ်ကားကို ဝက်ဝက်ကွဲအားပေးခဲ့ကြပြီး၊ Box Office ဝင်ငွေ (၃၀၄.၃)သန်းအထိ ရှိခဲ့ကြောင်း၊ သိရပါတယ်။

လင်းဇော်ကို

SHARE