မြို့မှာလာနေထိုင်ပေးဖို့ လူတွေကို တောင်းတောင်းပန်ပန် ဖိတ်ခေါ်နေရတဲ့ မြို့လေးများ

YouTube/Tiziano Ponti_Shutterstock/Simone Padovani

လူတွေဟာ ဘ၀ရဲ့အချိန်တစ်ချိန်လောက်မှာ နေရင်းအရပ်ကနေ စွန့်ခွာပြီး အခြားတစ်နေရာမှာ ရွှေ့ပြောင်းနေထိုင်လိုစိတ်တွေ ဖြစ်လေ့ရှိပါတယ်။ ၀မ်းသာစရာကောင်းတာတစ်ခုက ကမ္ဘာပေါ်က အချို့မြို့တွေဟာ သူတို့မြို့ပေါ်မှာ လာရောက်အခြေချနေဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေတာပဲ ဖြစ်ပါတယ်။ မြို့ပေါ်လာနေထိုင်သူတွေကို မြေတွေအလကားပေး၊ အိမ်တွေ အလကားနီးနီးဈေးနဲ့ပေးပြီး တစ်ခါတစ်လေ ငွေကြေးတောင် ထောက်ပံ့တာမျိုးတွေ အထိ ရှိပါတယ်။ အောက်မှာတော့ အီတလီ၊ အိုင်းရစ်ကျွန်းတွေပေါ်က မြို့ငယ်လေးတွေက သူတို့မြို့ဆီကို လာရောက်နေထိုင်ဖို့နဲ့ မြို့မှာ အခြေလာချရင် ဘယ်လိုအခွင့်အရေးတွေ ပေးမယ်ဆိုပြီး ကြေညာထားတာကို Insider သတင်းဌာနရဲ့ ရေးသားချက်ကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

Monti Scìaga

YouTube/Tiziano Ponti

ဆွစ်ဇာလန်-အီတလီနယ်စပ်မှာ နေထိုင်လိုသူတွေအတွက်တော့ Monti Scìaga အမည်ရတဲ့ ရွာကလေးက တော်တော်ဟန်ကျပါတယ်။ ရွာကလေးဟာ ဇူလိုင်လကစတင်ပြီး အိမ်(၉) လုံးကို (၁) ဒေါ်လာတည်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ အီတာလျံစကားပြောရာ ဒေသဖြစ်ပြီး လက်ရှိမှာ လူနေအိမ်ခြေတွေ သိပ်မရှိပါဘူး။ ရွာလေးဟာ အီတလီနိုင်ငံမြို့တော် မီလန်ရဲ့အနောက်မြောက်ဘက် မိုင်(၇၀) အကွာမှာ တည်ရှိပါတယ်။ ရွာလေးမှာ ရောင်းချပေးတဲ့ အိမ်တွေဟာ ပျက်စီးနေတဲ့ ကျောက်တုံးအိမ်တွေဖြစ်ပါတယ်။ ဈေးချိုချိုနဲ့ အိမ်ဝယ်ပြီးတာနဲ့ ၄င်းအိမ်တွေကို ကိုယ့်စားရိတ်နဲ့ကိုယ် ပြန်လည်ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။

READ
တိရစ္ဆာန်နဲ့ ထူးထူးခြားခြားလက်ထပ်ထားသူများအကြောင်း

Locana

Instagram/visitmountain

Locana ဟာ အီတလီက မြို့နယ်လေးတစ်ခု ဖြစ်ပါတယ်။ သူကတော့ မိသားစုတွေအနေနဲ့ ကလေးတွေပါ ခေါ်လာပြီး မြို့နယ်ထဲ လာအခြေချရင် ဒေါ်လာ (၁၀,၂၀၀) ထောက်ပံ့ပေးမယ်ဆိုပြီး ကြေညာထားပါတယ်။ Locana ဟာ အီတလီအနောက်မြောက်ပိုင်း တူရင်းမြို့က နေရာလေးသာ ဖြစ်ပါတယ်။ Locana ရဲ့ ဘေးပတ်လည်မှာတော့ တောင်တန်းတွေရှိတာကြောင့် စကီစီး၊ တောင်တက်နဲ့ စက်ဘီးစီးလို အားကစားတွေကို လုပ်နိုင်ပါတယ်။ ယနေ့မှာတော့ လူဦးရေ (၁,၅၀၀) ပဲ ရှိပါတယ်။

Arranmore

Shutterstock/Lukassek

Arranmore ဟာ အိုင်ယာလန်က ပန်းချီကားဆန်ဆန် လှပတဲ့ ကျွန်းလေး ဖြစ်ပါတယ်။ ကျွန်းကလေးဟာ အမေရိကန်နဲ့ သြစတေးလျက လူတွေကို ကျွန်းဆီလာအခြေချဖို့ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ ကျွန်းကလေးကို Árainn Mhór လို့လည်း ခေါ်ကြပါတယ်။ ကျွန်းကလေးရဲ့ အဓိကစီးပွားရေးတွေက ငါးဖမ်းခြင်းနဲ့ လယ်ယာလုပ်ငန်းဖြစ်ပါတယ်။ ကျွန်းနေလူငယ်အများစုက ဒီအလုပ်တွေကို စိတ်မ၀င်စားပဲ မြို့ပြကြီးတွေဆီ ထွက်ခွာသွားတာကြောင့် ကျွန်းလေးမှာ လူနည်းလာရတာပါ။ လက်ရှိမှာ လူဦးရေ (၄၆၉) ယောက်ပဲ ရှိပါတယ်။

Hamilton

Shutterstock/BullpenAl

အမေရိကန်ပြည်နယ် အိုဟိုင်းယိုးမှ Hamilton မြို့လေးဟာလည်း မြို့ပေါ်လာအခြေချနေထိုင်မယ့်သူတွေကို ပရိုဂရမ်တစ်ခု ရေးဆွဲပြီး ခေါ်ယူနေပါတယ်။ ၄င်းပရိုဂရမ်ကတော့ Talent Attraction Program Scholarship ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ (၇) နှစ်အတွင်း ဘွဲ့ရထားသူတွေပဲ လျှောက်ထားလို့ရပါတယ်။ တကယ်လို့ ရွေးချယ်ခံရရင်တော့ ထိုသူဟာ Hamilton မြို့မှာပဲ အလုပ်လုပ်ရမှာ ဖြစ်ပြီး မြို့ရဲ့ အသင်းအဖွဲ့တွေ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီလုပ်ကိုင်ပေးရမှာပါ။ အရွေးချယ်ခံရသူကို မြို့ကနေ တစ်လကို ဒေါ်လာ(၃၀၀) နဲ့ လ(၃၀) စာ ထောက်ပံ့ကြေး ပေးဦးမယ်လို့လည်း သိရပါတယ်။

READ
မိဘ(သို့)တစ်စုံတစ်ယောက်ရဲ့အရှိန်အဝါနဲ့ ဘဝင်မြင့်တတ်သူတွေရဲ့ အမူအကျင့် (၅) မျိုး

Sambuca

Shutterstock/Simone Padovani

အီတလီမြို့လေးတစ်မြို့ဖြစ်တဲ့ Sambuca ဟာ ဆစ်စစလီကျွန်းပေါ်မှာ ရှိပါတယ်။ မြို့လေးကတော့ ဒေသထဲဆောက်လုပ်ထားတဲ့ အိမ်တွေကို (၁) ဒေါ်လာတည်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အိမ်တွေကတော့ စတုရန်းမီတာ(၄၀) ကနေ (၁၅၀) ထိ အစားစားရှိပါတယ်။ ဒါပေမယ့် အိမ်လေးကို ၀ယ်ပြီးတဲ့အခါကျရင်တော့ ကိုယ့်စရိတ်နဲ့ကိုယ် အိမ်ပြင်တာတွေ လုပ်ရမှာပါ။ (၃) နှစ်အတွင်းမှာ ၀ယ်ယူထားတဲ့ အိမ်ကို အနည်းဆုံး ဒေါ်လာ (၁၇,၂၀၀) သုံးပြီး ပြင်ဆင်ပေးဖို့ အာမခံရမှာပါ။ လက်ရှိအချိန်တော့ အိမ်(၁၀) လုံးရောင်းထွက်သွားပြီလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE