လေ့လာခန့်မှန်းမှုတွေအရ အနာဂတ်မှာ ရအောက်နစ်မြုပ်သွားနိုင်တဲ့ မြို့ကြီး ( ၁၁)မြို့

Shutterstock/Esteban De Armas

ကမ္ဘာကြီးအပူချိန် မြင့်တက်လာတာကြောင့် ပင်လယ်ရေမျက်နှာပြင်တွေပါ မြင့်တက်လာရပါတယ်။ ခုနောက်ပိုင်းမှာ မြေအောက်ရေကို အလွန်အကြူး သုံးစွဲလာတာကြောင့်လည်း ဒီလိုပြဿနာတွေဖြစ်လာရတာပါ။ အကျိုးဆက်အနေနဲ့ မြို့တွေကို ရေလွှမ်းမိုးမှုပြဿနာဖြစ်ပေါ်လာပြီး လူသားတွေေ သကြေပျက်စီးကြရတဲ့အထိပါပဲ။

ပညာရှင်တွေ ခန့်မှန်းလိုက်မှုအရ အနာဂတ်မှာ ရေလွှမ်းမိုးမှုကြောင့် ပျောက်ဆုံးသွားနိုင်တဲ့ မြို့ ၁၁ မြို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁. Jakarta, Indonesia

Shutterstock/amadeustx

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ဟာ မြေအောက်ရေ အလွန်အမင်း သုံးစွဲတာကြောင့် တစ်နှစ်ကို ၆.၇ လက်မလောက် ရေနစ်မြုပ်လာပြီး ၂၀၅၀ လောက်မှာ ရေအောက်ကို လုံးဝနစ်မြုပ်သွားနိုင်ပါတယ်။

၂. Lagos, Nigeria

Africa ရဲ့ အကြီးဆုံး နိုင်ဂျီးရီးယားနိုင်ငံ လားဂို့စ်မြို့ဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေများမြင့်တက်လာပြီး ကမ်းရိုးတန်းတွေကို တိုက်စားတဲ့အတွက် ရေလွှမ်းမိုးမှု ပြဿနာ ခြိမ်းခြောက်တာကို ခံစားနေရပါတယ်။

၃. Houston, Texas

Shutterstock/Kamil Zelezik

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတင်မြို့မှာလည်း မြေအောက်ရေ သုံးစွဲတာများတဲ့အတွက်ကြောင့် တစ်နှစ်ကို ၂လက်မလောက် ရေလွှမ်းမိုးမှုမြင့်တက်နေပါတယ်။

၎. Dhaka, Bangladesh

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ကတော့ ရာသီဥတုကို ထိခိုက်စေတဲ့ စွန့်ပစ်ပစ္စည်းများစွာ ထွက်ရှိတာတွေကြောင့် ရေလွှမ်းမိုးမှုနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းဟာ ၂၀၅၀ မှာ ပင်လယ်ရေအောက် နစ်မြုပ်သွားနိုင်ပါတယ်။

READ
ထိပ်ပြောင်တဲ့သူတွေက ပိုစမတ်ကျပြီး ပိုအောင်မြင်ကြတယ်လို့ စစ်တမ်းတွေအရ တွေ့ရှိ

၅. Venice, Italy

အီတလီနိုင်ငံ ဗင်းနစ်မြို့ဟာ နှစ်တိုင်း တစ်နှစ်ကို ၀.၀၈ လက်မ နှုန်းနဲ့ ရေလွှမ်းမိုးမှုကို ခံနေရပါတယ်။ ဒါကြောင့် အီတလီက ၂၀၀၃ ခုနှစ်မှာ စတင်ပြီး ရေကာ အတားအဆီးတွေကို ဆောက်လုပ်ခဲ့ပါတယ်။ ဒါကို ၂၀၁၁ မှာ ပြီးမယ် ခန့်မှန်းထားခဲ့ပေမယ့် ၂၀၂၂ မှသာ ပြီးဖို့ရှိနေပါတယ်။

၆. Virginia Beach, Virginia

ဗာဂျီးနီးယားနိုင်ငံ ဗာဂျီးနီးယားကမ်းခြေဟာ အရှေ့ကမ်းရိုးတန်း ပေါ်တွင်တည်ရှိပြီး ပင်လယ်ရေမြင့်တက်မှုဟာ အရှိန်အဟုန်နဲ့ တိုးလို့လာနေပါတယ်။ The National Oceanic and Atmospheric Administration က ၂၁၀၀ ခုနှစ်မှာ ဗာဂျီးနီးယားကမ်းခြေဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့ ၁၂ ပေထိ ရေလွှမ်းမိုးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

၇. Bangkok, Thailand

Shutterstock/SOUTHERNTraveler

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ တစ်နှစ်ကို ၁ စင်တီမီတာ အထက်ရေမြင့်တက်နေပြီးတော့ ၂၀၃၀ မှာ ပင်လယ်ရေမျက်နှာပြင်အောက်ရောက်သွားနိုင်တယ်လို့ The Guardian မှ ဆိုထားပါတယ်။

READ
လူမသိသူမသိနဲ့ သေဆုံးသွားခဲ့တဲ့ ပန်းချီပါရမီရှင် ဗင်းဆင့်ဗန်ဂိုး

၈. New Orleans, Louisiana

လူဝီစီရားနားနိုင်ငံ နယူးအော်လန်မြို့ဟာ တစ်နှစ်ကို ၂ လက်မ အထိရေနစ်မြုပ်နေပြီး ၂၁၀၀ ခုနှစ်မှာ ရေအောက်ရောက်သွားနိုင်တယ်လို့  NASA ရဲ့ ၂၀၁၆ ခုနှစ်တုန်းက လေ့လာမှုတွေအရ သိရှိရပါတယ်။

၉. Rotterdam, The Netherlands

နယ်သာလန်နိုင်ငံ ရော်တာဒန်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း ပင်လယ်ရေအောက် ရောက်ရှိသွားနိုင်ကြောင်း The New York Times ကပြောထားပါတယ်။

၁၀. Alexandria, Egypt

Shutterstock/krechet

အီဂျစ်နိုင်ငံ အလက်ဇန်းဒွီးယား မြို့ဟာ ပင်လယ်ရေ ဆက်လက်မြင့်တက်နေပါက နစ်မြုပ်ပျောက်ကွယ်သွားနိုင်ပြီး ၂၁၀၀ မှာ မြေထဲပင်လယ်ဒေသဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့ ၂ပေ အောက်ရောက်သွားနိုင်ပါတယ်။

၁၁. Miami, Florida

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ဟာ ကမ္ဘာပေါ်ရှိ အခြားမြို့တွေထက် ပင်လယ်ရေမြင့်တက်မှု ပိုမို မြန်ဆန်ပြီး ရေလွှမ်းမိုးမှု ခံရဖို့အများဆုံး ဖြစ်နိုင်ချေရှိနေပါတယ်။ ဒါကိုကြိုတင်ကာကွယ်ဖို့ ဆိုရင်တော့ မြို့ကို ယခုထက်ပိုပြီး မြှင့်တင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

ကမ္ဘာကြီး ပိုမိုကျန်းမာလာအောင် လူသားတွေအားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရမှာဖြစ်ပြီး ဒါမှ သဘာဝဘေးအန္တရာယ် တွေဖြစ်မလာအောင် ဟန့်တားနိုင်မှာဖြစ်ပါတယ်။

Lwin Min

SHARE