ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ အပြောင်းအလဲတွေ အများကြီးလုပ်နေတဲ့ မြို့ကြီးများ

အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်တာ မြန်လေလေ၊ သဘာဝတရားရဲ့ အခြေအနေ၊ လေထုညစ်ညမ်းမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြောင်းတွေကို လူတွေ ပိုပြီး စဉ်းစားရလေလေပါပဲ။ သိပ္ပံပညာရှင်တွေကတော့ သန့်စင်မှုမရှိတဲ့ လေအရည်အသွေးဟာ ဆေးလိပ်သောက်တာထက် လူကို ပိုပြီးထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အချို့ မြို့ကြီးပြကြီးတွေမှာ ကမ္ဘာမြေရဲ့ ပေါက်ပြဲနေတဲ့နေရာတွေကို ပြန်လည်ဖာထေးနိုင်ဖို့ နည်းလမ်းသစ်တွေကို အသုံးပြုလာကြပါတယ်။

နော်ဝေ

© WOJTEK SZWEJ / Eastnews

အော်စလိုမှာဆိုရင် ကားပါကင်နေရာတွေကို စက်ဘီးလမ်းကြောင်းတွေအဖြစ် ပြောင်းလဲလိုက်ပါပြီ။ (၂၀၁၉) ခုနှစ်ကစလို့ အော်စလိုမြို့ဟာ မြို့တွင်း ကားစီးရေအများအပြား သွားလာတာကို လျှော့ချတဲ့အနေနဲ့ ကားပါကင်နေရာပေါင်း (၇၀၀) ကို ဖယ်ရှားခဲ့ပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား

© Depositphotos

ဗြူနိုအေးရိစ်က အာဏာပိုင်တွေဟာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးစီးသမားတွေ အန္တရာယ်ကင်းစေဖို့ ကားလမ်းပေါ်မှာ ပန်းပင်တွေ စိုက်ပျိုးထားပါတယ်။ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်ရဲ့ မြို့လယ်မှာဆိုရင် အရင်တုန်းက ကားတွေနဲ့ ယာဉ်ကြောတွေက ပိတ်ကြပ်ညှပ်နေခဲ့တာပါ။ အခုဆိုရင်တော့ ထိုနေရာတွေမှာ အများသုံးဘတ်စ်ကားကြီးတွေက နေရာယူလာနေပါပြီ။ ယာဉ်သွားလမ်းနေရာတွေကို လူသွားစင်္ကြန်တွေအဖြစ် ပြောင်းလဲခဲ့ပြီး လမ်းညွှန်ဆိုင်းဘုတ်ကြီးတွေကိုပါ စနစ်တကျပြောင်းလဲတပ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

READ
ပျောက်ဆုံးလုနီးနေပြီဖြစ်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်ဂွင်းအသိုက်အမြုံကြီး

အင်္ဂလန်

instagram

လမ်းသွားလမ်းလာတွေအတွက်  လန်ဒန်မှာ လမ်းလျှောက်စင်္ကြန်တွေ ပိုဖန်တီးပေးလျက် ရှိနေပါပြီ။ (၂၀၀၃) ခုနှစ်မှာ လန်ဒန်အစိုးရဟာ ကျောင်းသွားရုံးတက် လူသွားလူလာများတဲ့ rush hour အချိန်အတွင်း မြို့လယ်ကောင် စင်တာထဲ ၀င်မယ်ဆိုရင် ငွေကြေးကောက်ခံဖို့ သတ်မှတ်ထားပါတယ်။ (၂၀၁၉) ခုနှစ်မှာတော့ ဆယ်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းသစ်တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ကားတွေကလာတဲ့ ဆူညံသံတွေကို သုာအဆင့်ထိရောက်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အဓိကမြို့ထဲသွားတဲ့ လမ်းတွေအတွက် စက်ဘီးသွားလမ်းတွေပါ ဖာက်လုပ်ခဲ့ပါတယ်။

တောင်ကိုရီးယား

© Depositphotos

ဆိုးလ်မြို့ဟာ (၂၀၂၀) ခုနှစ်မှာ အရည်အသွေးနိမ့်တဲ့ကားတွေကို ဖယ်ရှားဖို့ ပြင်ဆင်နေပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ ဆိုးလ်ဟာ အဝေးပြေးကားလမ်းမကြီးတစ်ခုလုံးကို လမ်းလျှောက်စင်္ကြန် နေရာအဖြစ် သတ်မှတ်ပေးခဲ့ပြီး အခုဆိုရင်တော့ ၄င်းနေရာကို လူပေါင်း(၁၀) သန်းကျော် အသုံးပြုနေပြီဖြစ်ပါတယ်။ ထိုနေရာမှာ ပိုမိုဖွံ့ဖြိုးလာတဲ့အပြင် စီးပွားရေးအရလည်း (၄၂) ရာခိုင်နှုန်းတက်လာကြောင်း သိရပါတယ်။

READ
သီရိလင်္ကာတွင် ပလက်စတစ်အမှိုက်တွေကို စားခဲ့သည့် ဆင်(၆)ကောင်သေဆုံး

တရုတ်

© Depositphotos

ဘေကျင်းမြို့မှာဆိုရင် ကားတွေဟာ ရက်သတ္တပတ်တစ်ပတ်တာမှာ သတ်မှတ်ထားတဲ့ ရက်တွေမှာပဲ ကားတွေကို မောင်းနှင်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့ လိုင်စင်ပုလိပ်ပြားနံပတ်နဲ့သာ ကားမောင်းခွင့်ရတာ ဖြစ်ပါတယ်။ တချို့ခရိုင်အသစ်တွေမှာဆိုရင်တော့ အစိုးရဟာ အီလက်ထရစ်ကားတွေကလွဲလို့ ကိုယ်ပိုင်ကားတွေကို မောင်းနှင်သွားလာခွင့်ပိတ်ပင်ထားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE