ကမ္ဘာပေါ်မှာ ရာဇ၀တ်မှု အပေါဆုံး အများဆုံး မြို့ (၁၀)မြို့

Image:wikicommon

ကမ္ဘာ ပေါ်မှာ ခရီးသွားလို့ အ ကောင်းဆုံး လုံခြုံ စိတ် ချ ရ ဆုံး မြို့ တွေ ဆိုပြီး သတ်မှတ်ခံထားရတဲ့ မြို့ တွေ လည်း အများကြီး ရှိ ပါတယ်။အဲ့ဒီလိုပဲ ရာဇ၀တ်မှု အပေါဆုံး မြို့ တွေ ဆိုပြီး သတ်မှတ် ခံထား ရတဲ့ မြို့ တွေအေ ကြာင်း ကိုတော့ appealslawgroup မှာ ဖော်ပြ ထား ပါတယ်။

(၁၀)ဗင်နီဇွဲလားနိုင်ငံ Ciudad Bolivar

Image:wikicommon

Ciudad Bolivar က တော့ ရာဇ၀တ်မှု အများဆုံး မြို့ တွေထဲက တစ်မြို့ ပါ။နိုင်ငံ ရေး အုပ်ချုပ်မှု ပုံစံ တွေနဲ့ ရေကြီးမှု သ ဘာဝ ဘေး ကြောင့် ဓါးပြ မှု တွေ ၊လုယက်မှုတွေ များတဲ့ မြို့ တစ်မြို့ပါ။

(၉)ဘရာဇီးနိုင်ငံ Fortaleza

Image:wikicommon

ဘရာဇီးရဲ့ ကမ်း ရိုးတန်း ဘက်မှာ တည်ရှိတာပါ။အဓိက ဂိုဏ်း အချင်းချင်းပြဿနာ တွေ ပို များတာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် စပြီး ရာဇ၀တ်မှု တွေ ပို များလာတာပါ။ (၂၀၁၇)မှာဆိုရင် ထောင်ထဲ အထိ မှာပါ ရာဇ၀တ်မှုတွေ ဖြစ်ခဲ့ကာ ထောင်သား ရာနဲ့ ချီ ပြီး သေဆုံးမှု တွေ ရှိခဲ့ပါတယ်။

(၈)ဘရာဇီး နိုင်ငံ က Natal

Image:wikicommon

ဒီမြို့မှာဆိုရင် ကြယ်ငါးပွင့် အဆင့်ရှိတဲ့ အနားယူ အပန်း ဖြေ စရာ နေရာ တွေ အများကြီးရှိပါတယ်။အရင် က တော့ ဘရာဇီးရဲ့ ဘေးကင်း လုံခြုံမှု အရှိဆုံး မြို့ တစ်မြို့ အ ဖြစ် သတ်မှတ်ခံခဲ့ရဖူး ပေမယ့် မူးယစ် လောဘ သား တွေ ကြောင့် မြို့ရဲ့ Image ကျ ခဲ့ရတာပါ။လူသတ်မှု နှုန်း တွေ က တဖြည်း ဖြည်း မြင့်တက်လာခဲ့ပါတယ်။

(၇)မက္ကဆီကို Irapuato မြို့

Image:pixabay/mike_ramirez_mx

ကမ္ဘာ့ အန္တရာယ် အများဆုံး မြို့ တွေ ထဲက တစ်မြို့ပါ။လူတစ်သိန်းမှာ လူသတ်မှု (၈၁)ခု လောက် ဖြစ် နေတာပါ။ ရာဇ၀တ်မှု တွေ ကြောင့် လူ သေဆုံး မှု အများဆုံး နိုင်ငံ တွေထဲက တစ်နိုင်ငံပါ။

(၆)မက္ကဆီကို Ciudad Juarez မြို့

Image:wikicommon

(၂၀၁၇)တုန်းက လူဦးရေ 1,448,859 မှာ လူသတ်မှု (၈၁၄)မှု ဖြစ်ခဲ့တာပါ။ (၂၀၁၁)နဲ့ (၂၀၁၅)တို့ မှာ လူသတ်မှုနှုန်း နည်းပေမယ့် (၂၀၁၆)မှာ ပြန် မြင့်တက် လာခဲ့ပါတယ်။ကမ္ဘာ့ အန္တရာယ် အများဆုံး မြို့ ရဲ့ ထိပ် တန်း စာရင်းမှာ ပါဝင်တတ်တဲ့ မြို့ပါ။လုတာ၊ခိုးတာ၊ကားပြန် ပေး ဆွဲတာ..ရာဇ၀တ်မှု ပေါင်းစုံ တဲ့ မြို့ပါ။မက္ကဆီကို ရဲ့ လူသတ်မြို့ လို့ တောင် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးပါတယ်။

(၅)မက္ကဆီကို Ciudad Victoria မြို့

Image:wikicommon

နောက်ထပ်မြို့ က တော့ Ciudad Victoria ပါ။လူတစ်သိန်းမှာ လူသတ်မှု (၈၆) ခု လောက် ဖြစ် နေတာပါ။ ဓါးပြမှု၊အနုကြမ်း စီးမှု တွေ လည်း မကြာခဏ ဖြစ်တတ်ပါတယ်။မူးယစ်ကုန်သွယ်မှု တွေ ကြောင့် ဒီိလို ကိစ္စ တွေ ဖြစ် နေရတာပါ။အုပ်စုလိုက် ဒုစရိုက် အဖွဲ့ တွေ လည်း အများကြီး ရှိပါတယ်။(၂၀၁၇)တုန်းက ဆိုရင် ထောင်ထဲမှာ ပစ်ခတ်မှု ဖြစ်ကာ လူ (၇) ယောက် သေဆုံးရတဲ့ အထိ အ ခြေအ နေ ဆိုးခဲ့ဖူးပါတယ်။ရဲတွေ၊စစ်သားတွေ၊ ဒုစရိုက် သမားတွေ ခိုက် ရန်ဖြစ် ပွား တဲ့ မြို့ ပါ။

(၄)မက္ကဆီကို Tijuana Tijuana

Image:wikicommon

နယ်စပ် စီးပွားရေး မြို့ တစ်မြို့ပါ။လူဦးရေ သန်း (၅၀) ကျော် လောက် ဖြတ်သန်း သွားလာနေတဲ့ မြို့ပါ။(၂၀၁၈) တုန်းက ဆိုရင် လူဦး ရေ တစ်သိန်းမှာ (၁၃၈) ယောက် လောက် လူသတ်မှု ဖြစ်ခဲ့တာပါ။မက္ကဆီကိုမှာ ရှိတဲ့ အေ မရိကန် သံရုံးက တောင် သူတို့ နိုင်ငံ သား တွေ အတွက် အန္တရာယ်များတဲ့ မြို့ အဖြစ် သတ်မှတ်ထုတ် ပြန် ထားတဲ့ မြို့ပါ။

(၃)မက္ကဆီကို Acapulco မြို့

Image:wikicommon

လူသတ်မှု ဘယ်လောက်ထိ များလဲဆိုရင်တော့ လူဦးရေ တစ်သိန်းနဲ့ နှိုင်း ယှဉ်ရင် လူသတ်မှု က (၁၁၃)ယောက် လောက် ဖြစ် နေတာပါ။(၂၀၁၇) တုန်းက လူဦးရေ (၈)သိန်းခွဲ ကျော် ရှိခဲ့ ချိန်မှာ လူသတ်မှု (၉၁၀) ဖြစ်ခဲ့ပါတယ်။မူးယစ် ဆေးဝါး က လူသတ်မှုတွေ ဖြစ် ပွားရတဲ့ အဓိက ပြဿနာ ပါ။

(၂)ဗင်နီဇွဲ လားနိုင်ငံ Caracas မြို့

Image:wikicommon

ဗင်နီဇွဲလားရဲ့ အန္တရာယ် အကြီးဆုံး မြို့ တစ်မြို့ပါ။လူတစ်သိန်းမှာ လူသတ်မှု (၁၁၁) ယောက် လောက် ဖြစ်နေတာပါ။(၁၉၉၀) နောက်ပိုင်းေ လာက်က စပြီး လူသတ်မှုတွေ တဟုန်ထိုး များ လာခဲ့တာပါ။(၂၀၁၇)မှာ လည်း ကမ္ဘာ့ အန္တရာယ်အများဆုံး မြို့ တွေ ထဲက တစ်မြို့ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။အ မေရိကန် နဲ့ ဗြိတိန် တို့ က တောင်မှ သူတို့နိုင်ငံ သားတွေ အတွက် ခရီးသွား သတိပေးချက် ထုတ်ပြန်ခဲ့ရတဲ့မြို့ပါ။ ပြန် ပေးဆွဲ၊လူသတ်၊ဓါးပြ တိုက်.. အစရှိတဲ့ ရာဇ၀တ်မှု ပေါင်းစုံ မကြာခဏ ဖြစ် တတ်တဲ့ မြို့ပါ။

(၁)မက္ကဆီကို Los Cabos မြို့

Image:wikicommon

Los Cabos က တော့ အန္တရာယ်အ ရှိဆုံး မြို့ အဖြစ် သတ်မှတ် ခံထားရတဲ့ မြို့ တွေ မှာ ပါဝင် ပါတယ်။အကြမ်းဖက် မြို့ ဆိုပြီး တော့ လည်း နာမည်ဆိုးနဲ့ ကျော်ကြား ပါတယ်။လူသတ်မှု အ ပေါ ဆုံး မြို့ ဖြစ်တာ ကြောင့် ခရီးသွားတွေ ရှောင်ကြပါတယ်။လူသတ်မှု နှုန်း က တော့ (၂၀၁၇)တုန်းက လူဦးရေ သုံးသိန်း ရှိခဲ့ချိန်တုန်းက လူသတ်မှု (၃၆၅)ခု လောက် ဖြစ်ခဲ့တာပါ။အဓိက က မူးယစ် ကုန် သွယ်မှု နဲ့ ပတ်သက်တဲ့ လူသတ်မှု တွေ ဖြစ်ပြီး ခရီးသွားတွေ ကို တမင် ပစ်မှတ်ထား သတ်တာ မျိုး တော့ မဟုတ်ပါဘူး။

#SHWEMOM

SHARE