ချောမောတဲ့ ကောင်မလေးအဖြစ် ကြီးပြင်းခဲ့တဲ့ CJ7 ကလေးသရုပ်ဆောင် Xu Jiao

IG/josie.for.u

လက်ရှိလူငယ်ဘဝ ဖြတ်သန်းနေတဲ့သူတွေရဲ့ ငယ်ဘဝမှာ ဒီဇာတ်လမ်းကလည်း တစ်ခု အပါအဝင် ဖြစ်နေပါတယ်။ ငယ်ဘဝမှာ အရမ်း နာမည်ကျော်ခဲ့တဲ့ ဇာတ်ကားတစ်ခုကတော့ CJ7 ပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ အဖော်အဖြစ် အရာတစ်ခုကို ရတဲ့အချိန်မှာ ပျော်စရာလေးတွေ ဖြစ်လာတာကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။

စတီဗင်ချောင်နဲ့ကလေးသရုပ်ဆောင်ကို အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်ပြီး စတီဗင်ချောင် ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ လမ်းမှားပြီး ရောက်လာတဲ့ ဂြိုလ်သားလေးနဲ့ အဆင်မပြေမှုတွေနဲ့ ဆင်းရဲမွဲတေနေတဲ့ သူတို့ကြားမှာ သံယောဇဉ်တွေ တဖြည်းဖြည်း ရှိသွားပုံကို ပြသထားတဲ့ သိပ္ပံဟာသဇာတ်လမ်းလေး တစ်ခု ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်ကတော့ ရုပ်ရှင်ထဲမှာ စတီဗင်ချောင်ရဲ့ သားဖြစ်သူ နေရာကနေ သရုပ်ဆောင်ခဲ့ပေမယ့် တကယ်တမ်း သူကတော့ မိန်းကလေး တစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ ခပ်ချောချော သရုပ်ဆောင်အမျိုးသမီး ဖြစ်နေပါတယ်။ CJ7 က သူမရဲ့ ပထမဆုံး အနုပညာလောကရဲ့ ပွဲဦးထွက် ရုပ်ရှင် ဖြစ်ပြီး ဆုပါ ရရှိစေခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ နှစ်ခြိုက်မှုကို ရရှိခဲ့ပြီး သူ့လိုမျိုး ဂြိုလ်သားလေးနဲ့ တွေ့နိုင်ဖို့ စိတ်ကူးယဉ် မျှော်လင့်နေတဲ့ ကလေးတွေတောင် ရှိစေခဲ့ပါသေးတယ်။

READ
ခိုးကူးတွေရပ်ပါတော့ ဆိုတဲ့ ဇေရဲထက်

ဒီရုပ်ရှင် ရိုက်ကူးပြီးတဲ့နောက် ၂၀၀၉ မှာ ဆိုရင်လည်း မူလန်ရုပ်ရှင် ရိုက်ကူးရာမှာ မူလန်ရဲ့ ငယ်ဘဝအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူမက အခုဆို (၂၂) နှစ်ပြည့်ပြီးသူ တစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲမှာ ဖြတ်သန်းနေတဲ့ ချစ်စရာကောင်းပြီး ချောမောတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ ဒီကောင်လေးက ဒီလို ခပ်ချောချော ကောင်မလေး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲနော်။ အားလုံး ငယ်ဘဝကို အလွမ်းပြေနိုင်ကြပါစေ။

READ
အခုတလော ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင်သူလေး

Kham

SHARE