Beyonce ဆီက ရတဲ့ လက်ဆောင်ကြောင့် အရမ်း ပျော်နေတဲ့ CL

Image:IG/Beyonce& Cl

CL  ကတော့ ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော် ၊တေးရေး၊ရက်ပ် ပါ တစ် ယောက်ပါ။ဆိုးလ် မှာ မွေးဖွားပြီး ဂျပန်နဲ့ ပြင်သစ်မှာ ကြီးပြင်းလာခဲ့သူပါ။YG နဲ့ လက်မတွဲ ခင်က JYP Entertainment နဲ့ လက်တွဲ ခဲ့ဖူးပါတယ်။(၂၀၀၉)မှာတော့ 2NE1 အဖွဲ့ရဲ့ အဖွဲ့ ၀င် အဖြစ်နဲ့ ပွဲဦး ထွက်ခဲ့ပါတယ်။(၂၀၁၆)မှာတော့ အဖွဲ့ ဖျက်သိမ်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းက စပြီး တစ်ကိုယ်တော် လှုပ်ရှားမှုတွေ ကို လုပ်လာတာ ဒီနေ့ အထိပါ။YG နဲ့ စာချုပ် ကတော့ (၂၀၁၉) နိုဝင်ဘာကမှ ကုန်ဆုံးခဲ့တာပါ။CL  ကတော့ ကမ္ဘာကျော် အဆိုတော် Beyoncé ရဲ့ ကြော်ငြာဗီဒီယို  တစ်ခု မှာ ပါဝင် ပေးခဲ့ပါတယ်။

Image:IG/Beyonce & Cl
Image:IG/Cl

CL  နဲ့ Beyone  ကတော့ Adidas  နဲ့ Ivy Park  ရဲ့ ကြော်ငြာ ဗီဒီယိုမှာ ပါဝင် ပေးခဲ့ပါတယ်။ဗီဒီယိုကိုတော့ Beyoncé ရဲ့ Youtube အကောင့်မှာ တင်ထားပါတယ်။Caption မှာတော့  “Adidas x IVY PARK,”  ဆိုပြီး တင်ထားပါတယ်။CL က တော့ သူမရဲ့ IG မှာ Beyoncé   ဆီက ရတဲ့ လက်ဆောင်ကို တင်ထားပါတယ်။ဗီဒီယို မှာ ပါဝင် ပေးလို့  ကျေးဇူးတင်တဲ့ အနေနဲ့ ပို့ လိုက်တဲ့ လက်ဆောင် လို့ ယူဆရပါတယ်။

READ
Instagram မှာ Follower အများဆုံး Miss Universe (၈) ယောက်
Image:IG/Beyonce

 

View this post on Instagram

 

A post shared by CL (@chaelincl) on

Cl ကတော့ သူမရဲ့ IG Story မှာ တင်ထားတာပါ။လက် ဆောင် အဖြစ်နဲ့  Beyonce ရဲ့  Ivy Park x Adidas အတွက် clothing collection collaboration ရဲ့ Selected Item ကို ရခဲ့တာပါ။CL က  Beyonce  ကို “unnie” (ကိုရီးယားလို အမ) လို့  ခေါ်ပြီး IG မှာ ရေးထားတာပါ။

Image:IG/Cl

Source:Cl’s IG & allkpop.

SHARE