National Dog Show ပြိုင်ပွဲမှာတော့ Scottish Deerhound ခွေးအမျိုးအစား ခွေးလေး Claire က Top Prize ဆု ကို ရရှိသွားခဲ့ပါတယ်။ ဒီနှစ်က တော့ ကိုဗစ် ကပ် ရောဂါ လည်း ရှိတာ ကြောင့် အရင် နှစ်က လောက်တော့ ပြိုင်ပွဲဝင် ခွေး မများပဲ နည်း ခဲ့ပါတယ်။အရင် ပုံမှန်ဆိုရင် ခွေး အကောင် နှစ်ထောင် လောက် ၀င် ရောက်ယှဉ်ပြိုင် ပေမယ့် ဒီနှစ်မှာတော့ အကောင် (၆၀၀)လောက်ပဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ခွေး ပြိုင်ပွဲက တော့ နှစ်စဉ် ကျင်းပ နေကြဖြစ်ပြီး Philadelphia မြို့ မှာရှိတဲ့ Kennel Club က နေ ကြီးမှူးကျင်းပတာပါ။ ပြိုင်ပွဲကိုတော့ ပုံမှန်အားဖြင့် နိုဝင်ဘာ ၁၄ က နေ ၁၅ အထိ နှစ်ရက် ကျော်ကြာ ကျင်းပ တာ ဖြစ်ပြီး ကျေးဇူးတော်နေ့ ရောက်ရင် NBC ကနေ ထုတ်လွှင့်ပြသ တာပါ။ ဒီအကြောင်းကိုတော့ CNN မှာ ဖော်ပြထား ပါတယ်။
Congratulations “Best in Show” at The National Dog Show to the Scottish deerhound, “Claire”-registered name is GCH Foxcliffe Claire Randall Fraser!!! @Writer_DG @Outlander_STARZ @caitrionambalfe pic.twitter.com/PAhFOrJZXb
— Elizabeth Smith (@Dumspirospero67) November 26, 2020
Claire က တော့ ဒီနှစ်ခွေးပြိုင်ပွဲမှာ Best in Show အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ခွေး အကောင် ၆၀၀ ထဲမှာ မှ ပြိုင်ပွဲရဲ့ အမြင့်ဆုံး ဆု ကို ရခဲ့တာပါ။ပြိုင်ပွဲဝင် အရေ အတွက်က ဒီနှစ်မှာ ကိုဗစ်ကြောင့် နည်းပါးရတယ်ဆို ပေမယ့် လည်း Claire က တော့ ဒီဆု နဲ့ တကယ့်ကို ထိုက်တန်တဲ့ ခွေးလေးပါ။ Claire အပေါ် ဒိုင်တွေ ရဲ့ အမြင်ကို မေးတဲ့ အခါ မှာတော့ လုံးဝပြီး ပြည့်စုံတယ်၊တက်ကြွတယ်၊အရမ်း မိုက် တယ်၊လမ်းလျှောက်ဟန် အနေ အထားလည်း ကောင်းတယ် ဆိုပြီး မှတ် ချက် ပေးခဲ့ ကြပါတယ်။ Claire က တော့ Hound group က နေ ထွက်ပေါ် ခဲ့တာပါ။တခြားပြိုင်ဖက် ခွေး တွေကို ကျော်တက်လာခဲ့သူပါ။
🚨 SPOILER ALERT! 🚨
The #NationalDogShow has crowned its 2020 winner! Best in Show goes to Claire, a Scottish Deerhound. Leave a round of 👏 for this perfect pooch! pic.twitter.com/mWTYZ1YJm3
— NBC Entertainment (@nbc) November 26, 2020
View this post on Instagram
Kennel Club က နေကြီးမှူးကျင်းပတဲ့ ဒီခွေးပြိုင်ပွဲကိုတော့ NBC မှာ ၂၀၀၂ ခုနှစ်က စတင် ထုတ်လွှင့် ပြသ ခဲ့တာပါ။အခု ဆိုရင် တော့ ပြသ လာတဲ့ သက်တမ်းက နှစ် (၂၀)နီးပါးလောက် ရှိနေပါပြီ။ The Kennel Club of Philadelphia ကိုတော့ ၁၈၇၉ ခုနှစ်က စတင် ထူ ထောင် ခဲ့တာ ဖြစ်ပြီး ခွေးပြိုင်ပွဲကိုတော့ ၁၉၃၃ တည်းက နှစ်စဉ် ကျင်းပလာခဲ့တာပါ။ကိုဗစ် ကာလ ဖြစ်နေတာကြောင့် ဒီနှစ် ခွေး ပြိုင်ပွဲ ကလည်း တခြား ပွဲတွေလိုပဲ အားပေးတဲ့ ပရိသတ် မပါပဲ ကျင်းပ ခဲ့ ရတာပါ။ Masks တွေ မဖြစ် မနေ တပ်ဆင်ပြီး social distancing စည်းကမ်း တင်းကျပ် မှုတွေ နဲ့ ကျင်းပ ခဲ့ ရတာပါ။ဒီနှစ် Show မှာတော့ ခွေးအမျိုးအစား သစ် သုံးမျိုး Barbet, Belgian Laekenois ၊ Dogo Argentino တို့ ကိုလည်း မိတ်ဆက် ပေးခဲ့ပါတယ်။
#SHWEMOM