အလုပ်မှာ တော်ချင်ရင် အမြဲလေ့ကျင့်ဖို့လိုကြောင်း ဖော်ပြနေတဲ့ အနုပညာလက်ရာလေးများ

ကိုယ်တကယ်အလုပ်ကြိုးစားလုပ်ခဲ့လို့ အရင်တုန်းက လက်ရည်နဲ့ အခုလက်ရည်ကို ပြန်နှိုင်းယှဉ်ကြည့်တဲ့အချိန် အများကြီးတိုးတက်လာတာကို တွေ့မြင်ရတဲ့အခါမှာ ကျေနပ်ပီတိဖြစ်ရပါတယ်။ ဒီထဲမှာ ဇိုဇိုဆိုသူ အနုပညာရှင်တစ်ယောက်လည်း အပါအ၀င်ပါ။ ဇိုဇိုဟာ Strawberrypuffcake အမည်နဲ့ အင်စတာဂရမ် အကောင့်တစ်ခုဖွင့်ထားပါတယ်။

ဇိုဇိုဟာ သူမအရင်တုန်းက ဖန်တီးထားတဲ့ ရွံ့ရုပ်ကလေးတွေကို အသစ်ပြန်လည်ဖန်တီးကြည့်ဖို့ စိတ်ကူးရလာခဲ့ပါတယ်။ အခုဆိုရင်တော့  ဇိုဇိုဟာ အရင်တုန်းက ဖန်တီးထားတဲ့ အရုပ်ကလေးတွေကို သူမအသစ်ဖန်တီးထားတဲ့ အရုပ်လေးတွေနဲ့ ယှဉ်ပြီး ပရိသတ်တွေကို ချပြခဲ့ပါတယ်။ စာဖတ်သူတွေအနေနဲ့ နှစ်အနည်းငယ်အတောအတွင်းမှာပဲ သူမရဲ့ လက်ရည်ဟာ ထူးထူးခြားခြား တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇိုဇိုက “လူတွေဟာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်ပါတယ်။ အရေးကြီးတာက ဆက်ပြီး ကိုယ့်အလုပ်မှာ ထူးချွန်လာအောင် လေ့ကျင့်နေဖို့ပါပဲ။” လို့ပြောပြခဲ့ပါတယ်။

READ
မိမိမှာ ၀န်ကြီးချုပ်ဖြစ်သော်လည်း ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူလိုစိတ် ရှိနေသောအခါ ....
Boredpanda
Boredpanda
Boredpanda
Boredpanda
Boredpanda
Boredpanda
Boredpanda
Boredpanda
Boredpanda

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE