မွေးရာပါ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကလေး/လူကြီးများ အခမဲ့ခွဲစိတ်မှု ခံယူနိုင်မယ့် အစီအစဉ်

Image:KBZ BANK's fb

KBZ BANK ရဲ့ Fb စာမျက်နှာပေါ်မှာတော့  မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး/လူကြီးများ အတွက် အခမဲ့ ခွဲ စိတ်ကုသမှု ခံယူနိုင်မယ့် အစီအစဉ်လေးတစ်ခုကို ကြေညာထားပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှကြီးမှူး၍ ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM) နှင့် Smile Asia Medical Mission တို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးများအတွက် အခမဲ့ ခွဲစိပ်သကုမှုအစီအစဉ်တစ်ခု ကို ပြုလုပ်သွားမှာပါ။အခမဲ့ ခွဲစိပ်သကုမှုအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန် ကုန်မြို့ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့် မေးရိုးဌာနတွင် ကျင်းပပြုလုပ်သွားမှာပါ။ပြည်နယ်နဲ့ တိုင်း အသီးသီးက ဘယ်သူမဆို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။လူဦးရေ အကန့်အသတ်ရှိတာကြောင့် ဖုန်းနံပါတ် ( ၀၉- ၄၂၇ ၅၆ ၂၀၀၃ နှင့် ၀၉-၄၂၇ ၅၆ ၂၀၀၄ ) များသို့ အမြန်ဆုံးဆက်သွယ်စာရင်းပေးသွင်းကြဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံ ကတော့ …

Image:KBZ BANK’s fb

“အပြုံးလေးတွေလှပဖို့ စာရင်းအမြန်သွင်းကြစို့

READ
(၆)နှစ်သမီးလေးနဲ့ အိမ်မွေးခွေးနှစ်ကောင်ကို သတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ဖခင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှကြီးမှူး၍ ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM) နှင့် Smile Asia Medical Mission တို့ ပူးပေါင်း၍ သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးများအတွက် အခမဲ့ ခွဲစိပ်သကုမှုအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့် မေးရိုးဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံနေရာအနှံ့အပြား ပြည်နယ်နဲ့ တိုင်းအသီးသီးက မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး/ လူကြီးများအား ခွဲစိပ်ရန်အတွက် စာရင်းများအား လက်ခံပေးလျက် ရှိနေပြီး၊ လူဦးရေ အကန့်အသတ်ရှိတာကြောင့် ဖုန်းနံပါတ် ( ၀၉- ၄၂၇ ၅၆ ၂၀၀၃ နှင့် ၀၉-၄၂၇ ၅၆ ၂၀၀၄ ) များသို့ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းကြဖို့ တိုက်တွန်းပါရစေ။

ထပ်မံသတိပြုရန်မှာ – Comment များမှ စာရင်းပေးသွင်းမှုကို လက်ခံဖြေကြားသွားမှာ မဟုတ်ဘဲ ဖုန်းဆက် စာရင်းပေးသွင်းမှုများကိုသာ လက်ခံသွားမှာ ဖြစ်ပါသည်။

READ
ဒိုမီနိုပီဇာဆိုင်မှာ ဗြောင်ကျကျချစ်တင်းနှောတဲ့စုံတွဲ၊ ထောင်ကျမည့်အရေး ရင်ဆိုင်နေရ

မိမိအနီးတ၀ိုက်မှာ အလားတူဝေဒနာကို ခံစားနေရသော ဝေဒနာရှင်ကလေးများရှိခဲ့လျှင် သတင်းကောင်း ပါးပေးပြီး ကုသိုလ်ယူလိုက်ကြပါစို့။

လောကကြီးကို အပြုံးပန်းလေးများနဲ့ အလှဆင်ကြပါစို့…………”

Image:KBZ BANK’s fb

Source :KBZ BANK

SHARE