စင်္ကာပူလေယာဉ်မယ်ဝတ်စုံတွေ နောက်ကွယ်က စိတ်ဝင်စားဖွယ် လျို့ဝှက်ချက်များ

စင်္ကာပူလေကြောင်းလိုင်းက လေယာဉ်မယ်တွေဟာ Sarong kebaya လို့ ခေါ်တဲ့ ရိုးရာပါတိတ်တစ်မျိုးကို ယူနီဖောင်းအနေနဲ့ ၀တ်ဆင်ကြပါတယ်။ ၀တ်စုံတွေဟာ ယဉ်ကျေးလှပပြီး လုံခြုံမှုပေးနိုင်ရုံတင်မကပဲ ၀တ်စုံတွေနောက်ကွယ်မှာတော့ သာမန်လူတွေသိပ်မသိကြသေးတဲ့ ထူးခြားချက်တွေလည်း ရှိနေတာကို asiaone သတင်းဌာနမှာ တွေ့မြင်ရပါတယ်။

စင်္ကာပူလေကြောင်းလိုင်းက ယူနီဖောင်းတွေကို ပီရဲဘောလ်မိန်းဆိုသူက (၁၉၇၂) ခုနှစ်မှာ ဒီဇိုင်းထွင်ထားခဲ့တာ ဖြစ်ပါတယ်။ ယူနီဖောင်းစတီထွင်ကတည်းက ဒီပုံစံအတိုင်းပဲဖြစ်ကာ လေကြောင်းလိုင်းတွေကြားမှာတော့ အထင်အရအဖြစ်ဆုံး ၀တ်စုံလည်း ဖြစ်ပါတယ်။

instagram/sasakuw

ယူနီဖောင်းမှာ အရောင်တစ်ရောင်ထက် ပိုပြီး ပါဝင်ပါတယ်။ အပြာရောင်ယူနီဖောင်းတွေဟာ လေယာဉ်မယ်တွေအတွက်ဖြစ်ပြီး အစိမ်းရောင်ကတော့ စီနီယာလေယာဉ်မယ်တွေအတွက်၊ အနီရောင်ကတော့ လေယာဉ်မယ်အကြီးအကဲခေါင်းဆောင်တွေအတွက်နဲ့ ခရမ်းရောင်ကတော့ လေယာဉ်တွင်းကြီးကြပ်ရေးမှုးတွေအတွက် ဖြစ်ပါတယ်။

လေယာဉ်မယ်တွေဟာ ယူနီဖောင်းအရောင်ပေါ်မူတည်ပြီး မိတ်ကပ်အရောင်ကိုလည်း လိုက်ဖက်စွာ ပြင်ဆင်ခြယ်သရပါတယ်။ မျက်လုံးအရောင်ကိုလည်း ညွှန်ကြားထားတဲ့အတိုင်း အပြာကနေ အညိုအလိုက် အရောင်အစပ်အမျိုးမျိုးနဲ့ ခြယ်သရပါတယ်။ Sarong kebaya ယူနီဖောင်းတွေဟာ လှပရုံတင်မကပဲ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်လည်း စီမံချုပ်လုပ်ထားပါတယ်။ အရေးပေါ်အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာဖို့ကလည်း အရေးကြီးတာကြောင့် ယူနီဖောင်းလုံချည်ရဲ့ အရှေ့မှာဆိုရင် ပိတ်စရဲ့ ဒေါင့်နှစ်ခုကို ခွဲချုပ်ထားပါသေးတယ်။

READ
မိန်းကလေးတစ်ယောက်ရဲ့ ဘယ်အရာတွေကို ယောက်ျားလေးတွေအရင်ဆုံးသတိထားမိကြလဲ
instagram/xuanling85

ယူနီဖောင်းတွေအားလုံးမှာ စံသတ်မှတ်ထားတဲ့ အချိုးအစားဆိုတာ မရှိပါဘူး။ တစ်ယောက်ချင်းစီကို ကိုယ်ခန္ဓာအချိုးအစား သေချာတိုင်းတာပြီးမှ ချုပ်လုပ်တာ ဖြစ်ပါတယ်။ လေယာဉ်မယ်တွေဟာ မိတ်ကပ်၊ ဆံပင်အပြင်အဆင်အပါအ၀င် နားဆွဲ၊ နာရီ၊ လက်ကောက်နဲ့ လက်စွပ်စတာတွေမှာလည်း သူတို့သတ်မှတ်ထားတဲ့ အရောင်နဲ့ အရွယ်အစားအတိုင်းပဲ ၀တ်ဆင်ရပါတယ်။

လေကြောင်းလိုင်းအများစုက ယူနီိဖောင်းဝတ်စုံတွေကို မူကွဲအမျိုးမျိုးနဲ့ ၀တ်ဆင်လေ့ရှိပါတယ်။ အမျိုးသမီးလေယာဉ်မယ်ဆိုရင် စကတ်သို့မဟုတ် ဘောင်းဘီကို နှစ်သက်ရာ ၀တ်ဆင်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် စင်ကာပူလေကြောင်းလိုင်းက အမျိုးသမီးလေယာဉ်ဝန်ထမ်းအားလုံးကတော့ ခုလို Sarong kebaya တစ်မျိုးတည်းကိုပဲ ၀တ်ဆင်ရပါတယ်။

instagram/zhen_neo

ယူနီဖောင်းရဲ့ လည်ပင်းလိုင်းကတော့ ပိတ်စအဖြောင့်ကို စိတ်ရှည်လက်ရှည်နဲ့ အတိအကျတိုင်းထွာပြီးမှ လှပတဲ့လည်ပင်းလိုင်းပေါ်အောင် ချုပ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ရာသီဥတုအေးတဲ့ နိုင်ငံတွေကို သွားရမယ်ဆိုရင်တော့ လေယာဉ်မယ်တွေဟာ လည်စီးပုဝါ၊ လက်အိတ်နဲ့ အနွေးထည်ကုတ်အင်္ကျီတွေကို နွေးထွေးအောင် ၀တ်ဆင်ကြပါတယ်။ အဲဒီလည်စီးပုဝါနဲ့ အနွေးထည်ကုတ်အင်္ကျီတွေမှာဆိုရင်လည်း Sarong kebaya ပါတိတ်အဆင်တွေကိုပဲ ရိုက်နှိပ်ထားပါတယ်။ ဒါ့အပြင် လေယာဉ်မယ်တွေဟာ ဖိနပ်ကို တစ်ရံထက်ပိုပြီးလည်း လေယာဉ်ပေါ်မှာ ယူဆောင်လာရကြောင်း သိရပါတယ်။

READ
အဆင်ပြေချောမွေ့တဲ့နေ့တစ်နေ့ပိုင်ဆိုင်ဖို့ သင့်လက်ကိုင်အိတ်ထဲဆောင်ထားသင့်တဲ့အရာများ

လင်းလင်း (ShweMom)

SHARE