ဒုက္ခိတအယောင်ဆောင်ပြီး လူတွေကို တစ်ပတ်ရိုက်နေတဲ့ ဘန်ကောက်က ခွေးလေး

youtube/Not Only Do We

နေမကောင်းချင်ယောင်ဆောင်တာ၊ ဒဏ်ရာရချင်ယောင်ဆောင်တာတွေက ပုံမှန်ဆို ရယ်ဖို့ကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဘန်ကောက်က ခွေးလေးတစ်ကောင်ကတော့ သူ့ကိုယ်သူ ဒုက္ခိတဟန်ဆောင်ကာ လူတွေဆီက ချစ်ခင်နှစ်သက်မှုကို ရယူနေကြောင်း elitereaders သတင်းဌာနကနေ တွေ့ရပါတယ်။

ခွေးလေးရဲ့ ဗီဒီိယိုဖိုင်ကတော့ အွန်လိုင်းပေါ်မှာ တော်တော်လေးပြန့်နေတဲ့အပြင် လူတွေကလည်း သူ့ကိုလည်လွန်းလို့ဆိုပြီး ၀ိုင်းချစ်နေကြပါတယ်။ ဗီဒီယိုထဲမှာတော့ စစချင်း နောက်ခြေနှစ်ချောင်းကို တရွတ်ဆွဲပြီး သွားနေတဲ့ ခွေးလေးတစ်ကောင်ကို မြင်ရမှာပါ။ ဒါပေမယ့် သူ့ကို ကြည့်ပြီး သနားစရာကောင်းလိုက်တာ၊ နောက်ခြေနှစ်ဖက်မသန်ရှာဘူးလို့ တွေးလိုက်မိရင်တော့ သူဆင်တဲ့ဂွင်ထဲ ၀င်သွားမှာ အသေအချာပါပဲ။

youtube/Not Only Do We

ဘာကြောင့်လဲဆိုတော့ ဒီခွေးက လူတွေ သူ့ကို ဂရုမစိုက် စိုက်အောင် တမင်လုပ်နေတာပါ။ သူက သနားစရာမျက်နှာပေးနဲ့ နောက်ခြေတွေ တရွတ်ဆွဲလမ်းလျှောက်၊ လူတွေက သူ့ကို မြင်တော့ သနား၊ ပြီးတော့ ခွေးလေးဘာများဖြစ်တာပါလိမ့်၊ ကြည့်ရအောင် အစာကျွေးရအောင်ဆိုပြီး အနားကပ်လာတဲ့အချိန်ကျမှ သူက ခုနက တရွတ်ဆွဲနေတဲ့ နောက်ခြေနှစ်ချောင်းနဲ့ မတ်တပ်ပြန်ရပ်ပြီး အမြီးလေးနန့်လို့ လူနားလာကပ်တာ ဖြစ်ပါတယ်။

READ
အစာစားရင်း အိပ်ပျော်သွားကြတဲ့ ချစ်စရာခွေးလေးများ

ဘန်ကောက်မြို့နေ ဒေသခံတော်တော်များများက သူ့အကြောင်းသိပြီးလို့ ရိုးနေပါပြီ။ ဒါပေမယ့် မသိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ လူစိမ်းတွေကတော့ သူနဲ့တွေ့ရင် ခံလိုက်ရတာ များပါတယ်။ အဲ့ဒီခွေးလေးနာမည်ကတော့ ဂဲလို့ သိရပါတယ်။ ဒေသခံတွေကတော့ ဂဲဟာ အခုလို ဥာဏ်များပြီး အစာတောင်းတတ်တာကလွဲရင် လိမ္မာပါတယ်လို့လည်း ဒေသခံတွေက ဆိုကြပါသေးတယ်။

Dog Fakes An Injury

This sneaky dog fakes an injury to get attention.

Posted by Not Only Do We on Tuesday, August 27, 2019

လင်းလင်း (ShweMom)

SHARE