ပစ္စည်းတွေကို ပန်းကန်းဆေးရေမြှုပ်နဲ့ အလွယ်တကူ သန့်ရှင်းနည်း ၊ အသုံးပြုနည်းများ

ရေမြှုပ်က အိမ်တွင်းမီးဖိုချောင်အတွက် တော်တော် အသုံးဝင်ပါတယ်။ ပစ္စည်းတွေကို ရေမြှုပ်နဲ့ အသုံးကျကျ ၊ လွယ်လွယ်ကူကူ သန့်ရှင်းနိုင်သလို ဒီလိုနေရာမှာ ရေမြှုပ်ကို ဒီလိုလုပ်ပြီးလည်း သန့်ရှင်းပေးလို့ရပါတယ်။

(၁) မီးခံသံဘောင်တွေကို သန့်ရှင်းမယ်ဆိုရင် 

  • ပန်းကန်ဆေးရာမှာသုံးတဲ့ အစိမ်းဖက်ပါ ရေမြှုပ်ကို ဓား နဲ့ အတုံးလေးတွေကို ပိုင်းပေးပါ။
  • ပိုင်းလိုက်တဲ့အခါ မှာတော့ ပြတ်ထွက်သွားအောင် ပိုင်းစရာမလိုပါဘူး။
  • ပုံပါပြထားတဲ့အတိုင်း လေးထောင့်အပိုင်းလေးပိုင်းပြီးပြီးဆိုရင်တော့ မီးတူးနေတဲ့ မီးခံသံဘောင်ကြားတွေကို အလွယ်တကူ သန့်ရှင်းပေးလိုက်လို့ရပါပြီ။

(၂) လက်သည်းဖျက်ရာမှာ သုံးမယ်ဆိုရင် 

  • မီးဖိုချောင်သုံး ၊ ပန်းကန်ဆေး ရေမြှုပ်ကို တစ်ဝက်ခေါက်ပြီး Glass Jar ထဲကို ထည့်ပေးပါ။ Jar နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် မရမက ထည့်ပေးပါ။
  • ရေမြှုပ်ကို ထည့်ပြီးပြီဆိုရင်တော့ ဒီ Jar ထဲကို လက်သည်းဖျက်ဆေး တစ်ပုလင်းလောင်းချပေးပါ။ ရေမြှုပ်တစ်ခုလုံးမှာ လက်သည်းဖျက်ဆေးတွေ စိုသွားပြီးဆိုရင် ရပါပြီ။
  • ဒါဆိုရင် သင့်လက်သည်းနီဆိုးထားရင် လက်ချောင်းတစ်ချောင်းချင်းစီ ဒီရေမြှုပ်ထဲ နှစ်နှစ်ပြီး ဖျက်ပေးလို့ရပပါပြီ။
  • တစ်ခါလုပ်ပြီးတိုင်း အဖုံးပြန်ပိတ်ပေးဖို့မမေ့ပါနဲ့။
READ
မိဘတွေက သားသားမီးမီးလေးတွေကို သင်ထားပေးသင့်တဲ့အချက် (၇)ချက်

(၃) ခုံအောက်မှာ ခုစရာအဖြစ်သုံးမယ်ဆိုရင် 

  • ကြမ်းပြင်ပေါ်မှာရှိနေတဲ့ ခုံတွေနဲ့ ကြမ်းပြင်ကို ပွတ်တိုက်မိရင် ကြမ်းပွန်းသွားတတ်ပါတယ်။
  • ရေမြှုပ်(တစ်ခု) ကို အတုံးလေးတွေကို ရှည်ရှည်တုံးပေးပါ။
  • ခုံအောက်မှာ အတုံးတုံးထားတဲ့ ရေမြှုပ်ကို  super glue နဲ့ ကပ်ပေးထားပါ။
  • ဒီလို ကပ်ပေးလိုက်တာက ကြမ်းပြင် ကို အနာသက်သာစေပါတယ်။

Hannwe Soe (Shwemom)
SHARE