ကျောက်ကမ်းပါးတွေပေါ်က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အပန်းဖြေစခန်းများ

ချောက်ကမ်းပါးတွေပေါ်မှာ တည်ဆောက်ထားတဲ့ အပန်းဖြေစခန်းတွေမှာ ထူးခြားချက်တွေရှိပါတယ်။ ပြတင်းပေါက်တစ်ခုဘေးမှာ ထိုင်နေရင်း ကိုယ့်ဝန်းကျင်ဘေးပတ်ပတ်လည်မှာရှိတဲ့ တစ်ကမ္ဘာလုံးရဲ့ မြင်ကွင်းကို ခြုံပြီး ကြည့်ရှုခွင့်ရတာဟာ စိတ်အပန်းပြေစရာပါ။ အောက်ဘက်မှာတော့ အသဲယားဖွယ်လည်းဖြစ်၊ စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ ကမ္ဘာတစ်ဝှမ်းက ကျောက်ကမ်းပါးတွေပေါ်မှာ တည်ဆောက်ထားတဲ့ အပန်းဖြေစခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

The Pole House, Australia

elitereaders
elitereaders

ဒီအိမ်ကတော့ အမြင့်ကြောက်တတ်သူတွေအတွက် မဟုတ်ပါဘူး။ သြစတေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ဖဲရ်ဟေးဗန်းကမ်းခြေဒေသမှာရှိတဲ့ pole house ဟာ အိမ်ထဲလာနေသူတွေကို လေထဲ မျောပါနေသလို ခံစားရစေမှာ ဖြစ်ပါတယ်။ (၁၉၇၈) ခုနှစ်မှာ အဦးဆုံး သစ်သားနဲ့ဆောက်လုပ်ထားပြီး ပင်လယ်လေကြောင့် ပျက်စီးလုနီးနီး ဖြစ်ခဲ့ပါတယ်။ (၂၀၀၃) ခုနှစ်မှာတော့ ၄င်းအဆောက်အဦးကို ဖျက်သိမ်းပြီး မူလအိမ်ဒီဇိုင်းအတိုင်း ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။

Holman House, Australia

elitereaders
elitereaders

အခုတွေ့မြင်ရတဲ့ အိမ်ကလည်း သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်က ဒိုဗဟိုက်ကမ်းခြေဒေသမှာ တည်ရှိပါတယ်။ အိမ်ကို Durbach Block Jaggers ဆိုသူက ဒီဇိုင်းရေးဆွဲပြီး ဆစ်ဒနီရဲ့ အထင်ကရ အဆောက်အဦးတွေထဲမှာ တစ်ခုအပါအ၀င်ပါ။

READ
သဘာဝတရားရဲ့ ထူးခြားတဲ့ ၀ိသေသတွေကို လက်ဆောင်ရထားတဲ့ အံ့ဖွယ်ကမ်းခြေများ

Mystique Hotel, Greece

elitereaders
elitereaders

ကျောက်ကမ်းပါးပေါ်မှာ ခဲရာခဲဆစ် ဆောက်လုပ်ထားတဲ့ အပန်းဖြေစခန်းတွေနဲ့ ပတ်သက်လာရင် ဂရိနိုင်ငံက ဆန်တိုရီနီကျွန်းကိုလည်း မမေ့ထားသင့်ပါဘူး။ ဒီဟိုတယ်ဟာ Aegean ပင်လယ်ကို မေးတင်ဆောက်လုပ်ထားတာကြောင့် ဖန်လို ကြည်လင်နေတဲ့ ဂရိရေပြင်ရဲ့ အလှအပကို ဟိုတယ်ကနေ တစ်ဝကြီး ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

Refuge des Cosmiques, France

elitereaders
elitereaders

ခုတွေ့မြင်ရတဲ့ အဆောက်အဦးကတော့ မြေပြင်ကနေ မီတာ(၃,၆၁၃) အမြင့် ကျောက်ဆောင်ကြီးပေါ်မှာ ဆောက်လုပ်ထားတာပါ။ နွေရာသီမှာ ဧည့်သည်(၁၄၈) ဦးတည်းခိုနိုင်ပြီး ဆောင်းရာသီမှာတော့ (၁၀) ဦးသာ တည်းခိုနိုင်ပါတယ်။

Ascher Guesthouse, Switzerland

elitereaders
elitereaders

(၁၉)ရာစုမှာ တည်ဆောက်ထားတဲ့ ဆွစ်လူမျိုးတွေရဲ့ လက်ရာ ဖြစ်ပါတယ်။ တည်းခိုဆောင်က နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အကောင်းကြီးမဟုတ်ပေမယ့် ထူးခြားချက်က သစ်တောကြီးတွေ၊ တောင်တန်းကြီးတွေရဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်တက်ဝါသနာပါသူတွေအတွက် တောင်တက်လို့ရမယ့် ဧရိယာလည်း ထားထားပါတယ်။

READ
သွားချင်စရာနေရာတွေပြည့်နှက်နေတဲ့ Lonely Planet ခရီးသွားမှတ်တမ်းစာအုပ်

လင်းလင်း (ShweMom)

Ref: elitereaders

 

SHARE