အတွင်းခံတစ်ထည်က အစပြုပြီး တစ်နိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေဖြစ်နေတဲ့ အိုင်ယာလန်

Twitter

အိုင်ယာလန်နိုင်ငံမှာ အမျိုးသမီးအတွင်းခံတွေ ကိုင်မြှောက်ကာ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပလျက်ရှိပါတယ်။ Twitter ပေါ်မှာလည်း #ThisIsNotConsent (ဒါဟာလက်ခံတယ်လို့ပြောတာမဟုတ်ဘူး) ဆိုတဲ့ keyword နဲ့အတူ အမျိုးသမီးအတွင်းခံတွေကို ဓာတ်ပုံရိုက်တင်ထားတဲ့ tweet တွေ အများအပြားရှိနေပါတယ်။

ဒီလအစောပိုင်းကမှ ဖြစ်ပွားခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့်ပါ။ အဓမ္မပြုကျင့်သူ အသက် (၂၇) နှစ်အရွယ်အမျိုးသားကို တရားရုံးမှ အပြစ်မရှိကြောင်း သတ်မှတ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဆန္ဒထုတ်ဖော်မှုကို အလုံးအရင်း ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုဆန္ဒထုတ်ဖော်ခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ အဓမ္မပြုကျင့်သူအမျိုးသားရဲ့ ရှေ့နေဟာ ပြစ်မှုကျူးလွန်စဉ် နစ်နာသူမိန်းကလေး ဝတ်ဆင်ထားခဲ့တဲ့ အမျိုးသမီးအတွင်းခံဘောင်းဘီကို တရားရုံးရှေ့မှာ ထုတ်ပြခဲ့ခြင်းကြောင့်ပါ။ ထုတ်ပြရုံသာမဟုတ်ဘဲ အတွင်းခံဘောင်းဘီကို လူအများရှေ့ကိုင်မြှောက်ပြကာ အတွင်းခံဘောင်းဘီဟာ တင်မလုံတဲ့အပြင် အရှေ့ပိုင်းမှာ ပန်းဇာတွေတပ်ထားတာကြောင့် တစ်ဖက်အမျိုးသားကို လက်ခံတယ်ဆိုတဲ့သဘောမျိုးပြကာ ဆွဲဆောင်မြူစွယ်ပုံရကြောင်း တရားရုံးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

Twitter

ဒီအချက်ကြောင့် ဆယ်ကျော်သက်မိန်းကလေးအား အဓမ္မပြုကျင့်သူအမျိုးသားဟာ အမှုမှကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့ပါတယ်။ တရားရေးရင်ဆိုင်နေစဉ်အဖြစ်အပျက်များ အပြင်သို့ပေါက်ကြားသွားချိန်မှာတော့ အိုင်ယာလန်မှာရှိတဲ့ ပြည်သူများဟာာ မကျေမနပ်ဖြစ်ကာ Susan Dilllon ဆိုသူ အမျိုးသမီးမှစ၍ ဆန္ဒထုတ်ဖော်မှုကို Twitter ကနေစတင်ခဲ့ပါတယ်။

 

 

 

Tiwtter

သူမရဲ့တင်မလုံဘဲ ပန်းပွင့်ဇာတွေပါတဲ့ အတွင်းခံဘောင်းဘီကို ဓာတ်ပုံရိုက်ပြကာ သူမရဲ့ Follower တွေကိုလည်း keyword နဲ့အတူ လိုက်ကာဆန္ဒထုတ်ဖော်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့အဝတ်အစားဟာ အဓမ္မပြုကျင့်ခြင်းကို လက်ခံတယ်ဆိုပြီး ပြသနေတာမဟုတ်ပါဘူး။ အဓမ္မပြုကျင့်သူတွေကသာ အကြောင်းပြတာဖြစ်ကြောင်း Twitter မှာ ဆက်တိုက်ဆိုသလို tweet တွေတက်လာပါတယ်။

READ
သမိုင်းဝင်အထိမ်းအမှတ် ရေပန်းမှာ မဖွယ်မရာပိုစ့်တွေနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ ဖော်ရိန်နာတွေ

Twitter ကမှတစ်ဆင့် လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ဖို့အတွက် ဖြစ်လာစေခဲ့ပါတယ်။ လက်တွေ့ဆန္ဒထုတ်ဖော်တဲ့အခါမှာတော့ အမျိုးသမီးများသာမကဘဲ အမျိုးသားများကပါ ပါဝင်ကာ အင်အားဖြည့်ပေးခဲ့ကြပါတယ်။

Tiwtter
Tiwtter

“အတွင်းခံလှလှတွေဟာ အဓမ္မပြုကျင့်ခြင်းကိုမဖြစ်စေဘူး၊ စကပ်တိုတွေကလည်း အဓမ္မပြုကျင့်ခြင်းကိုမဖြစ်စေဘူး၊ အဓမ္မပြုကျင့်သူတွေသာ အဓမ္မပြုကျင့်ခြင်းကိုဖြစ်စေတယ်။”

Twitter
Twitter
Twitter

သာမန်ပြည်သူများသာမက အမျိုးသမီးအရေးလှုပ်ရှားသူနဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Ruth Coppinger ကလည်း အောက်လွှတ်တော် Dáil မှာ သူမရဲ့အတွင်းခံဘောင်းဘီကိုထုတ်ပြခဲ့ပါတယ်။ “ဒီအနေရာမှာ ကိုယ့်ရဲ့အတွင်းခံဘောင်းဘီကိုထုတ်ပြရတာ ရှက်စရာလို့မြင်ကြတယ်မဟုတ်လား” လို့မျက်နှာလွှဲသွားတဲ့ လူတွေနဲ့ ကင်မရာရှုထောင့်ပြောင်းလိုက်တဲ့ မီဒီယာတွေကိုမေးခဲ့ပါတယ်။ ဆက်ပြီး “ရှင်တို့သာအခုလိုဖြစ်နေကြတယ်ဆိုရင် တရားရုံးမှာ အဓမ္မအကျင့်ခံခဲ့ရသူမိန်းကလေးရဲ့အတွင်းခံကိုထုတ်ပြတာဟာဘယ်လောက်တောင် မလုပ်သင့်တဲလုပ်ရပ်လဲ” ဆိုပြီး ပြောခဲ့ပါတယ်။

Irish Parliament
Twitter

အိုင်ယာလန်မှာ အဓမ္မပြုကျင့်မှုကြောင့် လူထုဆန္ဒထုတ်ဖော်ပွဲတွေဖြစ်တာ ဒီနှစ်အတွင်းမှာတင် (၂) ကြိမ်တိတိရှိနေပါတယ်။ ပထမတစ်ခေါက်ကတော့ #IBelieveHer ဆိုတဲ့ Keyword နဲ့အတူ ၂၀၁၆ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့အဓမ္မပြုကျင့်မှုအပေါ် မတရားစွာ လူကုန်ထံမိသားစုမှအမျိုးသားများ တရားခံနှစ်ယောက်အား ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း အမိန့်ချမှတ်လိုက်တုန်းကလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ထို့အပြင် ၂၀၁၇ ခုနှစ်တုန်းကလည်း #MeToo ဆိုတဲ့ keyword နဲ့အတူတူ ယုံကြည်လေးစားရတဲ့အမျိုးသားတွေဆီက မသိမသာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ခံစားခဲ့ရသူအမျိုးသမီးများမှ ကိုယ်တွေ့ဖြစ်ရပ်များကိုထုတ်ဖော်ပြောဆိုခဲ့ကြပါသေးတယ်။

READ
ကလေးနှစ်ယောက်နဲ့ အိမ်မွေးခွေးကိုသတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်တဲ့မိခင်

အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုတွေနဲ့ အဓမ္မပြုကျင့်ခံရမှုတွေကို တရားဥပဒေနဲ့အညီ မှန်ကန်စွာအမိန့်မချမှတ်ခဲ့တဲ့အတွက် အိုင်ယာလန်ဥပဒေကိုလှောင်ပြောင်သယော်မှုများလည်းဖြစ်ပေါ်နေပါတယ်။ “အိုင်ယာလန်မှာ အဓမ္မကျင့်ပြီး ထောင်ထဲကလွတ်နိုင်မယ့် လျှောက်လလဲချက်များကတော့ အရက်သောက်ထားလို့၊ လုပ်ပြီးမှတကယ်စိတ်မကောင်းပါဘူးပြော၊ လှန်ကြည့်မှမြင်နိုင်မယ့်အကျီင်္အောက်ကအတွင်းခံတွေအကြောင့်၊ အသက်ကြီးနေပြီမို့တောင်းပန်၊ နောက်ခံတောင့်တဲ့မိသားစုကနေပေါက်ဖွားလာသူတွေဆို လွတ်ပါတယ်” တဲ့။

Twitter

Ref: CNN,BBC,BuzzFeed News, Twitter

Penny

 

SHARE