အလည်လွန်ခဲ့တဲ့ဇနီးဖြစ်သူကြောင့် ရွှံ့ထဲမှာအချိန်အတော်ကြာ သောင်တင်ခဲ့တဲ့ ဇနီးမောင်နှံ

Twitter/GNP

ခင်ပွန်းဖြစ်သူအမျိုးသားဟာ ရွှံ့ထဲမှာ မိနစ်(၄၀)လောက်သောင်တင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူကိုပြစ်တင်ဝေ ဖန်ခဲ့ပါတယ်။

Brian နဲ့ Jean Garret လို့ခေါ်တဲ့ ဇနီးမောင်နှံဟာ သူတို့ခွေးတွေကိုခေါ်ပြီး Lincolnshire ကောင်တီ Humber-ston ရွာလေးမှာရှိတဲ့ Humberston Fitties ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။ အဲ့လိုလမ်းလျှောက်နေ ရင်းနဲ့ ဇနီးဖြစ်သူ Jean ဟာ ကမ်းခြေနဲ့အလှမ်းဝေးတဲ့ ပင်လယ်ဘက်ကိုဦးတည်ပြီး သွားခဲ့ပါတယ်။

Jeanရဲ့ မှားယွင်းတဲ့ လမ်းကြောင်းရွေးချယ်မှုကြာင့် သူမတို့ ဇနီးမောင်နှံနဲ့ ခွေး(၂)ကောင်ဟာ မိနစ်(၄၀)လောက် ရွှံ့ထဲမှာ သောင်တင်ပြီး ဘယ်မှမသွားနိုင် ဖြစ်ခဲ့ပါတယ်။

Twitter/GNP

ရွှံ့တွေထဲကနေ အဆိုပါစုံတွဲအပြင် သူတို့ရဲ့ခွေးနှစ်ကောင်ကိုပါ ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့တာရဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ ကယ်ဆယ်ခဲ့ချိန်က ခွေးလေးတွေဟာ အရမ်းကိုကြောက်လန့်နေ ကြတဲ့အတွက် သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ တဆတ်ဆတ်တုန်နေခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေ ကပြောပြခဲ့ပါတယ်။

ကျွန်တော်တို့ကို အချိန်မီလာရောက်ခဲ့ဆယ်ခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်တယ်လို့ ကယ်ဆယ်မှုတွေလုပ်ဆောင်  ပေးခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို Brian ကပြောခဲ့ပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း Humber Mouth ရွက်လှေကလပ်အနီးမှာရှိတဲ့ ပင်လယ်ဘက်မှအော်ခေါ်သံတွေ ကြားရတာကြောင့် အခင်းဖြစ်ပွားရာနေရာကို သွားကြည့်တဲ့အချိန်မှာ လူ(၂)ဦးရွှံ့ထဲမှာနစ်နေတာ ကိုတွေ့ပြီး ကယ်ဆယ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ရွှံ့တွေထဲမှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး နစ်နေတဲ့အပြင် သူတို့ဘေးမှာလည်း ခွေးလေးတွေကို တွေ့ရှိခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ အခင်းဖြစ်ရပ်တွေ့ကို တွေ့ချိန်မှာ ခွေးလေးတွေကတော့ ရွှံ့ထဲမှာ နစ်မနေခဲ့ပဲ ဇနီးမောင်နှံနှစ်ယောက်ကတော့ ရွှံ့ထဲနစ်နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးကတော့ ပင်လယ်ရဲ့အဝေး ပေ(၃၀)အကွာလောက်မှာရှိနေခဲ့တဲ့အတွက် ခက်ခဲတဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်ပြီး ကယ်တင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမားတွေ ကပြောပါတယ်။

Thae Su

SHARE