ဖိတ်မခေါ်ဘဲရောက်နေခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ အိပ်ယာထဲက ဧည့်သည်

Coconut

အိပ်မက်ထဲမြွေလာရင် လဒ်ကောင်းတယ်၊ ငွေဝင်မယ် စသည်ဖြင့် ကောင်းသောအယူအဆတွေကို အမျိုးမျိုးကောက်ချက်ချတတ်ကြတယ်မဟုတ်ပါလား။ ဒါပေမဲ့ တကယ်တမ်း သင်အိပ်နေတုန်း မြွေလာရင်ရော သင်တို့ဘယ်လိုတုန့်ပြန်ကြမလဲ။ မြွေတကာမြွေထဲမှာမှ အဆိပ်အရှိဆုံးသော မြွေဟောက်ဆိုရင်တော့ အယူအဆတွေ ကောက်ချက်ချနိုင်ပါဦးမလား။

ဒီလိုမျိုး မြွေအိပ်မက်တွေကို အာရှနိုင်ငံတော်တော်များများမှာ ကောင်းသောနမိတ်အဖြစ် ယူဆတတ်ကြပါတယ်။ အာရှနိုင်ငံတွေထဲ ထိုင်းနိုင်ငံလည်း မပါမဖြစ်ပါပဲ။ နိုဝင်ဘာလ (၇) ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဆာရာဘူရီဒေသမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့ဆီကို ညဖက်ကြီး အရေးတကြီးဖုန်းဝင်လာပါတယ်။

ကယ်ဆယ်ဖို့ဖုန်းခေါ်ခဲ့တဲ့ အိမ်ကိုရောက်တဲ့အခါမှာတော့ အိမ်ထဲကလူတွေရဲ့ ရုတ်ရုတ်သဲသဲအခြေအနေက ဆီးကြိုလို့နေပါတယ်။ သစ်သားနှစ်ထပ်အိမ်ဖြစ်ပြီး ဖုန်းခေါ်ဆိုသူကတော့ အသက် (၂၂) နှစ်အရွယ် Suthamat Sangsai ဆိုသူ အမျိုးသမီးငယ်ပါ။ အရေးပေါ်အကြောင်းကတော့ အိမ်ထဲမှာ လူကိုသေစေနိုင်လောက်တဲ့ အဆိပ်ရှိသတ္တဝါတစ်ကောင်ရောက်နေတဲ့အတွက် ကြောက်လန့်တကြား ဖုန်းခေါ်လိုက်တာပဲဖြစ်ပါတယ်။

Coconut

Suthamat ပြောပုံအရတော့ သူမအိပ်ယာမဝင်ခင် အိမ်မှာမွေးထားတဲ့ခွေးဟာ အိမ်ပြင်ကနေအိမ်ထဲကို ဦးတည်ကာ ဆိုးဆိုးရွားရွားဟောင်နေတာကို စတင်သတိထားမိခဲ့သော်လည်း ပုံမှန်ပဲထင်ကာ ဂရုမမူမိခဲ့ပါဘူး။ ဒါနဲ့ အိပ်ယာထဲဝင်လှဲကာ ထုံးစံအတိုင်း ဖုန်းသုံးရင်းနေနေရာကနေ ခုဏကခွေးကပဲ သူမအခန်းထဲကြည့်ကာ ထပ်ဟောင်နေတာကြောင့်ရယ်၊ အိပ်ယာခင်းအောက်က တွန်သံလိုလိုအသံကြောင့်ရယ်ကြောင့် အိပ်ယာခင်းကိုဖယ်ကြည့်လိုက်တဲ့အခါမှာတော့ ထိန့်လန့်ဖွယ်ရာမြင်ကွင်းကိုမြင်တွေ့ခဲ့ရပါတယ်။

READ
ပန်းပွင့်အကြီးကြီးတွေပါတဲ့ ၀တ်စုံနဲ့ လှမြဲတိုင်း လှနေတဲ့ လေဒီကစ်တီစပန်ဆာ

မည်းနက်နေပြီး တစ်ပေနီးနီးရှည်လျားတဲ့ အဆိပ်ပြင်းပြင်းမြွေဟောက်ကို Suthamat ရဲ့အိပ်ယာထဲခွေနေခဲ့တာပါ။ အိမ်သားတွေကို ချက်ချင်းသွားပြောပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့ မြွေဖမ်းစည်းရေးအဖွဲ့တို့ကို ချိတ်ဆက်ကာ အရေးပေါ်ဖုန်းခေါ်ဆိုခဲ့ရတာပါ။

ခွေနေတဲ့မြွေဟောက်ကို ဖမ်းဆီးဖို့အတွက် အချိန် (၁၀) မိနစ်ကျော်ယူခဲ့ရပါတယ်။ ကံကောင်းလွန်းတဲ့ Suthamat ကတော့ ခွေးလေးရဲ့သတိပေးမှုကြောင့် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိခဲ့ပါဘူး။

မြွေဖမ်းဆီးရေးအဖွဲ့ရဲ့သတိပေးပြောကြားချက်အရဆိုရင်တော့ ဆောင်းဝင်လာပြီဖြစ်တဲ့အတွက် တွားသွားသတ္တဝါတွေနဲ့ ကြွက်တွေဟာ အအေးဒဏ်ကိုရှောင်ကြဉ်ပြီး နွေးထွေးဖို့အတွက် လူနေအိမ်တွေထဲသို့ဝင်ကာ ခိုလှုံတတ်ကြတာကြောင့် ပြည်သူများအနေနဲ့ သတိထားသင့်တဲ့ ရာသီရောက်ဖြစ်လို့နေပါပြီ။

Source: Coconut

Penny

SHARE