ဘရာဇီးသမ္မတရဲ့G20 ခရီးစဉ်အတွင်း ကိုကင်း ဂရမ်(၄၀)နီးပါးဖမ်းဆီးရမိခဲ့

www.brazil.gov.br

ဘရာဇီးနိုင်ငံရဲ့သမ္မတဖြစ်သူ ဂျဲဘိုလ်ဆိုနာရိုဟာ နိုင်ငံတွင်းမှာ မူးယစ်ဆေးလုံးဝကင်းစင်ရမယ်ဆိုပြီး နိုင်ငံသားတွေကို ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဂျဲဘိုလ်ဆိုနာရိုဟာ တစ်နိုင်ငံလုံးအတိုင်းအတာကို အသာထားဦး၊ သူ့ရဲ့အစိုးရစစ်အမှုထမ်းတွေထဲမှာတောင် မူးယစ်ဆေးကို အမြစ်ပြတ်အောင်လုပ်ဖို့ အရင်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျဲဘိုလ်ဆိုနာရိုရဲ့ လေတပ်အရာရှိတစ်ယောက်ဟာ ဂျပန်မှာကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲအသွားမှာ ကိုကင်း(၃၉) ဂရမ်ပိုင်ဆိုင်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

www.brazil.gov.br

အဖမ်းခံရသူဟာ အသက်(၃၈) နှစ်အရွယ် လေတပ်အရာရှိ ဆာဂျင်ဆီလ်ဗာ ရိုဒရီဂေးဆိုသူ ဖြစ်ပါတယ်။ ဆာဂျင်ဆီလ်ဗာဟာ စပိန်နိုင်ငံ စဗီးလ်မြို့မှာ လမ်းခရီးတစ်ထောက်နားစဉ်အတွင်း ခရီးဆောင်အိတ်ထဲမှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆာဂျင်ဆီလ်ဗာကို စဗီးလ်မြို့မှာ ထိန်းသိမ်းထားပြီး တရားစီရင်မှုစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ ဆီလ်ဗာဟာ ဂျပန်နိုင်ငံသွား ခရီးစဉ်မှာ သမ္မတရဲ့ရှေ့ပြေးလေယာဉ်တစ်စီးထဲပါလာပြီး အစည်းအဝေးမှာ သမ္မတရဲ့ ကိုယ်ရံတော်အဖြစ် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

READ
K-pop ဆန်ဆန် သီချင်းဗီဒီယိုကြောင့် လတ်တလော လူပြောများနေတဲ့ ကြော်ငြာတစ်ခု

ဂျဲဘိုလ်ဆိုနာရိုကတော့ ဆာဂျင်ဆီလ်ဗာရဲ့ အဖြစ်နဲ့ပတ်သက်ပြီး နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးကို အကြောင်းကြားထားကြောင်း ဆိုပါတယ်။ ဒါ့အပြင် စပိန်ရဲတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးမှုအဆင့်တိုင်းမှာ ပါဝင်ပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

www.brazil.gov.br

ဘရာဇီးနိုင်ငံရဲ့ သမ္မတကတော့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ နိုင်ငံအကျိုးဆောင်ဖို့ ကိုယ့်ကျင့်တရားနဲ့ စာရိတ္တပိုင်းဆိုင်ရာမှာ အမြင့်ဆုံးဆောင်ရွက်နိုင်မယ့် အမျိုးသမီး၊ အမျိုးသားပေါင်း (၃) သိန်းကို လေ့ကျင့်သင်ကြားပေးထားကြောင်းဆိုပါတယ်။ ဒီထဲကမှ ဥပဒေချိုးဖောက်လို့ရှိရင် ဥပဒေအရ ဆောင်ရွက်သွားဖို့ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။ သမ္မတ ဂျဲဘိုလ်ဆိုနာရိုဟာ လက်ယာသမားတစ်ဦး ဖြစ်ပါတယ်။ မူးယစ်ဆေးမှောင်ခိုကူးတာကို အပြီးတိုက်ဖျက်ပေးမယ်ဆိုတဲ့ ကတိတွေအပါအ၀င် တောင်အမေရိကမှာ ဖြစ်ပွားနေတဲ့ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ပေးမယ့်အကြောင်း မဲဆွယ်ခဲ့ပြီး  ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ ဘရာဇီးနိုင်ငံမှာ အာဏာရလာတာ ဖြစ်ကြောင်း independent သတင်းဌာနအရ သိရပါတယ်။

READ
လိင်ပြောင်းပြီးနောက်မှ ကိုယ်မေတ္တာရှိနေသူရဲ့အချစ်ကိုရခဲ့တဲ့ လိင်ပြောင်းအမျိုးသမီး

လင်းလင်း (ShweMom)

SHARE