ကော်ဖီထက် ပိုပြီးအိပ်မပျော်ဖြစ်စေတဲ့အရာနှစ်ခုကို တက္ကသိုလ်သုတေသီတွေ ရှာတွေ့ခဲ့ကြ

PublicDomainPictures/Pixabay

ကော်ဖီကြိုက်ပေမယ့် အိပ်မပျော်မှာဆိုးလို့ အိပ်ခါနီးကော်ဖီမသောက်ရဲသူတွေ ရှိကြလားမသိဘူး။ တကယ်တော့ အိပ်ခါနီးကော်ဖီသောက်ခြင်းဟာ အိပ်မပျော်ခြင်းကို ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူးတဲ့။ ဖလော်ရီဒါ အတ္တလန္တိတ်တက္ကသိုလ်၊ ဟားဗတ်၊ အီမော်ရီနဲ့ မစ္စစ္စပီဆေးဝါးစင်တာတို့မှ ရှာတွေ့ခဲ့တယ်လို့ Daily Mail မှာ ဖတ်ခဲ့ရတာပါ။

eliasfalla/Pixabay

ဒီအချက်ကိုသိရဖို့အတွက်ကိုတော့ အာဖရီကန်-အမေရိကန်လူမျိုးပေါင်း ၇၈၅ ယောက်ကို ၁၄ နှစ်အကြာ စစ်တမ်းကောက်လေ့လာထားခဲ့တာဖြစ်ပါတယ်။ ဘယ်သူက အိပ်မပျော်တဲ့ရောဂါရှိနေလဲ၊ ဘယ်သူကတော့ အမြဲတမ်းလိုလိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်လဲ စတာတွေအပြင် သူတို့ရဲ့နေထိုင်စားသောက်ပုံတွေကိုပါ လေ့လာထားခဲ့ကြတာဖြစ်ပါတယ်။ ဆေးလိပ်သောက်လား၊ အရက်သောက်လား၊ အဝလွန်နေလား၊ ဘယ်လိုရောဂါတွေရှိနေလဲ စတောတွေအထိပေါ့။

Alexas_Fotos/Pixabay
Daria-Yakovleva/Pixabay

လေ့လာချက်ကနေ သိလိုက်ရတာကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်နဲ့ အရက်မှာပါတဲ့ အယ်လိုဟောဓာတ်လောက်တောင် အိပ်မပျော်စေတာမျိုးတွေ မဖြစ်စေခဲ့ပါဘူးတဲ့။ ညနေပိုင်း vape သောက်တဲ့သူတွေ သို့မဟုတ် ဆေးလိပ်သောက်တဲ့သူတွေဟာ ဆေးလိပ်မသောက်ဘဲ အိပ်ခါနီးကော်ဖီသောက်သူတွေထက် ၄၃ မိနစ်လောက် ပိုနောက်ကျပြီးမှ အိပ်ပျော်လေ့ရှိပါတယ်တဲ့။ အရက်နဲ့ဆိုရင်တော့ မအိပ်ခင် ၄ နာရီအတွင်း အရက်ကို လွန်လွန်ကျူးကျူးသောက်မိပါကာ အိပ်မပျော်ခြင်းဖြစ်စေဖို့ အားပေးပါတယ်ဆိုတာလည်း သိခဲ့ရပါတယ်။

READ
အများသုံးအိမ်သာထဲက ရောဂါပိုးကူးစက်နိုင်ခြေကို ပိုများစေတဲ့ အမူအကျင့်များ

ဆိုလိုတာ ကော်ဖီမှာပါတဲ့ကဖင်းဓာတ်ဟာ အိပ်မပျော်ခြင်းကို ဖြစ်စေတယ်ဆိုပေမယ့် နီကိုတင်းနဲ့ အယ်ကိုဟောောလက်တော့ မဆိုးသေးဘူးလို့ အနှစ်ချုပ်ရမှာပါပဲ။

Penny

SHARE