လူသုံးအများဆုံးဖြစ်နေတဲ့ စားအုန်းဆီနေရာကို အစားထိုးလာနိုင်ဖွယ်ရှိတဲ့ ကော်ဖီ

စကော့တလန်လူမျိုး စွန့်ဦးတီထွင်သူနှစ်ယောက်ဟာ စားအုန်းဆီနေရာမှာ ကော်ဖီအနယ်အနှစ်တွေကနေရတဲ့ ဆီတွေနဲ့ အစားထိုးဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။ ၄င်းတို့နှစ်ယောက်ဟာ စကော့ကနေဒီနဲ့ ဖားဂက်စ်မိုးရ်ဆိုသူတို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကော်ဖီကရတဲ့ အနယ်အနှစ်တွေကနေ ဆီထုတ်နိုင်မယ့် နည်းလမ်းကို တီထွင်ဖို့ စဉ်းစားနေကြပါတယ်။ စားအုန်းဆီကို အိမ်သုံးပစ္စည်း ထုတ်ကုန်အများစုမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကတော့ စားအုန်းဆီအသုံးပြုမှုတွေများလာတာကြောင့် အခုအခါမှာ အာရှတိုက်မှာရှိတဲ့ မိုးသစ်တောတွေဟာ ပျက်စီးနေပြီလို့ ငြီးတွားနေကြပါပြီ။

bbc

ဒါကြောင့် ထုတ်လုပ်သူတွေကတော့ စားအုန်းဆီအစားထိုးအသုံးပြုနိုင်တဲ့ ကုန်တစ်မျိုးကို ဖန်တီးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီထဲမှာမှ မစ္စတာကနေဒီနဲ့ မစ္စတာမိုးရ်တို့ဟာ ကော်ဖီဆိုင်မှာ အလုပ်လုပ်ရင်း တက္ကသိုလ်မှာ စီးပွားရေးပညာလေ့လာနေရာကနေ ကော်ဖီကို စားအုန်းဆီနေရာမှာ အစားထိုးသုံးနိုင်ဖို့ စိတ်ကူးပေါ်လာခဲ့တာ ဖြစ်ပါတယ်။

bbc

မစ္စတာမိုးရ်က ဘီဘီစီရေဒီယိုပရိုဂရမ်မှာ အခုလိုပြောပြခဲ့ပါတယ်။ “ကော်ဖီကထွက်တဲ့ အနည်အနှစ် (၆၀) ရာခိုင်နှုန်းလောက်ဟာ ကော်ဖီစေ့အမှုန့်အနှစ်တွေပါ။ စကော့တလန်မှာဆိုရင် စွန့်ပစ်ထားတဲ့ ကော်ဖီအနည်အနှစ်တွေဟာ တစ်နှစ်ကို တန်ချိန်(၄) သောင်းလောက် ထွက်ပါတယ်။ အင်္ဂလန်မှာဆိုရင်တော့ သန်းတစ်ဝက်နီးပါးလောက် ရှိပါတယ်။ ကော်ဖီအနည်အနှစ်တွေက အလေးချိန်လည်း စီးပါတယ်..”

READ
ကျုံ့နိုင်ဆန့်နိုင်ပြီး ငလျင်ဒဏ်ခံနိုင်တဲ့ ကွန်ကရစ်ဘိလပ်မြေအမျိုးအစားကို စမ်းသပ်အောင်မြင်

“… ကော်ဖီထဲမှာရှိတဲ့ အဆီတွေကို နေရာတော်တော်များများမှာ အသုံးပြုကြပါတယ်။ အလှအပနဲ့ ဆေးဘက်ဆိုင်ရာမှာ၊ အစားအသောက်မှာနဲ့ အိမ်သုံးပစ္စည်း အမျိုးမျိုးမှာပါ။ ဒါကြောင့် စားသုံးဆီနေရာမှာလည်း အစားထိုးအသုံးပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ အဓိကကတော့ ဆီကို ကော်ဖီအနယ်တွေကနေ ပြန်ထုတ်ပြီး သန့်စင်တဲ့ဆီဖြစ်ဖို့ကို ကျွန်တော်တို့တွေ လုပ်ဆောင်နေပါတယ်…”

bbc

မစ္စတာမိုးရ်က “..ကျွန်တော်တို့အနေနဲ့ စိတ်အလှုပ်ရှားဆုံးအပိုင်းက ကော်ဖီထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ စားအုန်းဆီမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အတူတူဖြစ်နေတာကြောင့်ပါ။ တကယ်လို့ ကော်ဖီကနေ ဆီထုတ်တာ အောင်အောင်မြင်မြင်ဖြစ်သွားခဲ့ရင် လက်ရှိ စားအုန်းဆီတွေသုံးနေတဲ့ လုပ်ငန်းတွေအတွက်လည်း ရေရှည်မှာ အဆင်ပြေသွားတာပေါ့..” လို့ ထပ်မံပြောပြခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ စွန့်ဦးတီထွင်လုပ်ငန်းရှင်နှစ်ဦးဟာ အခုလုပ်နေတဲ့ ကော်ဖီဆီ စမ်းသပ်ချက် အောင်မြင်သွားခဲ့ရင် ကော်ဖီပေါပေါများများ သောက်သုံးရာ ကမ္ဘာ့နေရာအနှံ့အပြားမှာလည်း ဆီထုတ်လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

READ
လွှတစ်ခုတည်းကို သုံးပြီး ရုပ်လုံးကြွ ပန်းပုတွေကို ဖန်တီးနေတဲ့ ဆရာတစ်ပါး

လင်းလင်း (ShweMom)

Ref: bbc

SHARE