သေဆုံးChapecoense အသင်းသားများကို မိခင်ဘောလုံးကွင်းမှာ လူထုသဂြိုဟ်ပွဲကျင်းပ

ကိုလံဘီယာလေယာဉ်ပျက်ကျမှုမှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ဘရားဇီးအခြေစိုက် Chapecoense Real အသင်းရဲ့ သေဆုံးသွားတဲ့ နည်းပြများ၊ ကစားသမားများနဲ့၊ အသင်းဝန်ထမ်းတို့ရဲ့ ရုပ်ကလာပ်တွေကို Chapecoense Real အိမ်ကွင်းအဖြစ် ဧည့်ခံကစားတဲ့ ဘရားဇီးနိုင်ငံ Chapecó, Santa Catarina မှာတည်ရှိတဲ့ Arena Condá ဘောလုံးကွင်းကို ပို့ဆောင်ကာ စည်းကာသိုက်မြိုက်လှတဲ့ ဈာပနပွဲကို ကျင်းပခဲ့ပါတယ်။

အခင်းဖြစ်ပြီး ဆယ်ရက်အကြာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဈာပနအခမ်းအနားကို အသင်းအားပေးသူ ပရိသတ် တစ်သိန်း
ကျော် တက်ရောက်ကာ ၀မ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။ Conda Arena လေဆိပ်မှ ကစားကွင်းကို သယ်ဆောင်ရာလမ်းတစ်လျှောက်မှာလည်း ပရိသတ်သောင်းချီ စုဝေးကာ သေဆုံးသွားသူတွေကို ချီးမြှောက်ခဲ့ကြပါတယ်။ လေဆိပ်မှ ဘောလုံးကွင်းသို့ တပ်မတော်အဖွဲ့ဝင်တွေ ရာချီက ၀န်းရံသယ်ဆောင်ပို့ပေးခဲ့ပါတယ်။

READ
ဘဏ်အလုပ်ကို စွန့်လွှတ်ပြီး ကလေးဆံပင်ညှပ်ဆိုင် ဖွင့်ခဲ့တဲ့ အမျိုးသား

အဆိုပါ အခမ်းအနားကို ဖီဖာဥက္ကဋ္ဌ Gianni Infantino နဲ့ ဘရားဇီးဘောလုံးအဖွဲ့ချုပ် အကြီးအကဲ Marco Polo Del Nero လည်း တက်ရောက်ခဲ့ပါတယ်။ ၀မ်းနည်းပူဆွေးနေတဲ့ ပရိသတ်ကြီးဟာ အသင်းအလံအုပ်ထားတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းခေါင်းတလားတွေ တစ်ခုချင်းသယ်ဆောင်သွားတာကို မက်တပ်ရပ်ပြီး တလေးတစား နှုတ်ဆက်ခဲ့ကြပါ
တယ်။

ဈာပနပွဲကို တက်ရောက်ခဲ့ကြတဲ့ ပရိသတ်တစ်သိန်းကျော်ဟာ မြို့နေ့လူဦးရေရဲ့ ထက်ဝက်ဖြစ်ပါတယ်။ ရာသီဥတုကလည်း ငိုချင်ရက် လက်တို့ ရာသီဥတုဖြစ်ခဲ့ပါတယ်။ မိုးတစိမ့်စိမ့်ကြားမှာ ပရိသတ်ကြီးရဲ့ ၀မ်းနည်းစိတ်ကို ပိုကြီးအောင်
ဖန်တီးပေးခဲ့ပြီး၊ အားလုံးသော ပရိသတ်တွေဟာ နောက်ဆုံးနှုတ်ဆက်ခြင်းအနေနဲ့ မိုးရေတွေနဲ့ ရောယှက်သွားတဲ့ မျက်
ရည်တွေဟာ … ချောင်းတစ်ခုရဲ့ ရေအလျှဉ်ကဲ့သို့ စီးဆင်းသွားခဲ့ပါတယ်။ သွားလေသူတို့ကား … သွားကြပေပြီတည်း။

နတ်စည်တော် (Shwemom)

READ
မူးယစ်သားကောင်ဖြစ်သွားခဲ့တဲ့ သားဖြစ်သူရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေခဲ့တဲ့ မိခင်

source : thesun.co.uk

SHARE